မွန် ကရင် တနင်္သာရီမှာ လေပြင်း၍ နေရာကွက် မိုးကြီးနိုင်

မွန် ကရင် တနင်္သာရီမှာ လေပြင်း၍ နေရာကွက် မိုးကြီးနိုင်

အောက်တိုဘာ ၇

လေဖိအားနည်းရပ်ဝန်း ဖြတ်ကျော်မည့် မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်၍ နေရာကွက်မိုးကြီးနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောသည်။

ယင်းပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ရွာရန်ရွာနှုန်း ၈၀ဖြစ်ကြောင်း မိုးဇလက အောက်တိုဘာလ ၇ ရက် ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။

မိုးဝေသနှင့် ဇလဗေသညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက" လေဖိအားနည်းရပ်ဝန်းအနေနနဲ့ ဖြတ်မှာဖြစ်တဲ့အတွက် လေပြင်းတာတွေရှိပါမယ်။ တောင်ကုန်းတောင်တန်း ဒေသတွေမှာ နေထိုင်တဲ့သူ တွေအနေနဲ့ မြေပြိုမှုအန္တရယ် တွေရှိနိုင်ပါတယ်။ မွန်၊ ကရင်၊ တနင်္သာရီမှာ နေရာကွက် မိုးကြီးတာတွေ ဒေသအလိုက်မိုးကြီးတာတွေ ဖြစ်နိုင်တယ်။ မြစ်နားချောင်းနား နီးတဲ့နေရာမှာ ရုတ်တရက် ရေကြီးတာတွေဖြစ်ပေါ်နိုင် တာကိုဂရုပြုရပါ့မယ်"ဟု ပြောသည်။

တောင်တရုတ်ပင်လယ် အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် အပူပိုင်းမုန်တိုင်း ငယ်သည် အောက်တိုဘာလ ၇ ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကို ဖြတ်ပြီး ၈ ရက်နေ့မှာ  ကမ္ဘောဒီးယားနိုင်ငံကို ဖြတ်လိမ့်မည်။ ထို့နောက် မုန်တိုင်းငယ်အဖြစ်မှ အားပျော့သွား ပြီး ထိုင်းပင်လယ်ကွေ့မှာ လေဖိအား နည်းရပ်ဝန်းအဖြစ် ဆက်ရှိနေ မည်ဖြစ်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ထိုင်းပင်လယ်ကွေ့မှသည် ထိုင်းနိုင် ငံနှင် မြန်မာနိုင်ငံတောင်ပိုင်းကို အောက်တိုဘာလ ၈ ရက် ညပိုင်းမှာ ဖြတ်ကျော်မှာ ဖြစ်သည်။

အောက်တိုဘာလ ၉ ရက်တွင် ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းက ဆက်လက်အားကောင်းမည်ဖြစ်ကာ မုန်တိုင်းငယ်အဖြစ် အရှေ့မြောက်ကို ဆက်လက်ရွေ့ရှားကာ အိန္ဒိယ နိုင်ငံအတွင်းဖြတ်ကျော်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required