ကာဗာနီ 'ဂိုးတွေ အများကြီး'သွင်းမှာဖြစ်ပေမယ့် ယူနိုက်တက်တို့ ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူခဲ့သင့်တယ်လို့ ဘာဘာတော့ဗ် ပြော

ကာဗာနီ 'ဂိုးတွေ အများကြီး'သွင်းမှာဖြစ်ပေမယ့် ယူနိုက်တက်တို့ ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူခဲ့သင့်တယ်လို့ ဘာဘာတော့ဗ် ပြော

အီဒင်ဆန် ကာဗာနီအနေနဲ့ "ဂိုးတွေ အများကြီး"သွင်းယူလိမ့်မည်ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်တို့ဟာ ဗဟိုနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူမှု မလုပ်ခဲ့တာကြောင့် အမှားတစ်ခုပြုလုပ်ခဲ့တယ်လို့ ဒီမီတာ ဘာဘာတော့ဗ်အရ သိရပါတယ်။ 

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ပိတ်ရက် နောက်ဆုံး လေးမိနစ်တွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ကာဗာနီ၊ ပေါ်တိုကနေ ယူရို ၁၇ သန်းနဲ့ အဲ့လက်စ် တဲလက်စ်တို့ကို အိုးထရက်ဖို့ဒ်ဆီ အရ ခေါ်ယူခဲ့ပါတယ်။

နောက်ထပ် ခေါ်ယူမှုတွေကတော့ ယူရို ၁၀ သန်းနဲ့ ဥရုဂွေးလူငယ်ကစားသမား ပယ်လီစထရီ၊ ဇန်နဝါရီမှာ သရဲနီတို့ဆီ ရောက်ရှိလာမယ့် အတ္တလတန်တာ တောင်ပံကစားသမား အာမက် ထရာအိုရေးတို့ပဲဖြစ်ပါတယ်။ 

နော်ဝေသားနည်းပြက စက်တင်ဘာ ၂၆ ရက်က ဘရိုက်တန်ကို ၃-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် သူ့ရဲ့ ခံစစ်ဗဟိုဟာ ပြည့်မီတဲ့ အရည်အသွေးရှိတယ်လို့ အခိုင်အမာ ဆိုခဲ့ပေမယ့်လည်း ယူနိုက်တက်တို့ဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို တုန်လှုပ်ဖွယ်ရာရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ စပါးကို ၆-၁ ဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ဟယ်ရီ မက်ဂွိုင်းယားနဲ့ အဲရစ် ဘိုင်လီတို့နှစ်ဦးစလုံးဟာ မမှားသင့်တဲ့ အအမှားတွေကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး သရဲနီတို့လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ မှာ ထိုးကျသွားပါတယ်။ 

ယူနိုက်တက်ဟာ တစ်ဦးတည်းသော နောက်ခံကစားသမားသစ်အဖြစ် တဲလစ်ကို ခေါ်ယူခဲ့တယ်ဆိုပေမယ့် တစ်ချိန်တည်းမှာ ခရစ် စမော်လင်းကို ယူရို ၁၅ သန်းနဲ့ ရိုမားအသင်းဆီ လက်လွှတ်ပေးလိုက်ရပါတယ်။ 

ဘာဘာတော့ဗ်ကတော့ စမောလင်းဟာ ဆိုးလ်ရှားအတွက် အသုံးအတည့်တဲ့ ကစားသမားအဖြစ် ရှိနေသေးတယ်လို့ ယူဆနေပြီး ကာဗာနီဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို လမ်းကြောင်းသစ်ကို ထပ်ဖြည့်ပေးလိမ့်မယ်လို့ သူက ယုံကြည်နေပေမယ့် နောက်တန်းမှာ သွေးသစ်လောင်းမှုအချို့ မပြုလုပ်တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို သူက မေးခွန်းထုတ်ခဲ့ပါတယ်။

"ယူနိုက်တက်ပရိသတ်တွေအကြား စိတ်ပျက်စရာတွေဟာ မကြာသေးတဲ့ ရက်သတ္တပတ်တွေကထက် ပိုပြီး စိတ်ပျက်စရာဖြစ်ပါလိမ့်မယ်။"လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်က Betfair ကို ပြောကြားခဲ့ပါတယ်။ "သူတို့က ကာဗာနီနဲ့ တဲလက်စ်တို့ကို ခေါ်ယူခဲ့တယ်ဆိုတာ ကျနော် တွေ့ပါတယ်။ ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို မခေါ်ယူဘဲ အခုဆိုရင် အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းခဲ့ပါပြီ။" 

"သူတို့ဟာ ခံစစ်လူတစ်ယောက် လိုအပ်တယ်လို့ ကျနော် ယူဆတာကို ပြီးခဲ့တဲ့ အပတ်တုန်းက ကျနော် ပြောခဲ့ဖူးတယ်။ ဒါက အိုလီက သူမှာရှိပြီသား နောက်တန်းကစားသမားတွေကို ယုံကြည်တယ်လို့ ပြသနေတာပါ။ ဒါပေမယ့် သူတို့ဟာ တစ်ယောက်ယောက်ကို ခေါ်ယူခဲ့သင့်တယ်လို့ ကျနော် ခံစားနေတာပါ။"

"ရိုးမားအသင်းမှာ အကောင်းဆုံးအချိန်တွေရှိနေတဲ့ ခရစ် စမောလင်းကိုတောင် တကယ်ပဲ ထိန်းသိမ်းထားသင့်တယ်မလားဆိုတာ ကျနော် တွေးမိတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်ကို အငှားချထားတဲ့အခါ မကြာခဏဆိုသလို လက်လွှတ်လိုက်ရတာမျိုးရှိပါတယ်။ 

"ကျနော်ဟာ ကာဗာနီရဲ့ ပရိသတ်ကြီးပါ။ ဒါပေမယ့်လည်း သူဟာ ဂိုးတွေ အများကြီးနဲ့ အတွေ့အကြုံအများကြီး ယူဆောင်ပေးမှာပါ။ ဒါက တစ်ခုတည်းသော အကျိုးကျေးဇူးပါပဲ။ ယူနိုတက်အနေနဲ့  သူ့ကို အစောတလျင် မခေါ်ခဲ့တာလဲလို့ မျှတတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ အခြားတစ်ခုခုကို လုပ်ဆောင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူဟာ တကယ်ပဲကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ခဲ့ပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly