အာမေးနီးယား-အဇာဘိုင်ဂျန် စစ်မက်ပဋိပက္ခဆိုတာ ဘာလဲ

အာမေးနီးယား-အဇာဘိုင်ဂျန် စစ်မက်ပဋိပက္ခဆိုတာ ဘာလဲ

အောက်တိုဘာ ၇

ဥရောပအရှေ့ပိုင်း အစွန်အဖျားရှိ နာဂေါနိုကာရာဘက်ခ် ဒေသတွင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ကြား တိုက်ပွဲက ကာလရှည်ကြာမသင့်မမြတ်ဖြစ်ပွားမှုမှသည် သွေးမြေကျအကြမ်းဖက်ဆူပွက်မှုများကို ဖြစ်နေစေခဲ့သည်။
 
စက်တင်ဘာ ၂၇ ရက်နေ့ကစခဲ့သည် တိုက်ပွဲများက စစ်မာန်ထနေသောနှစ်ဘက်လုံးတွင် ရာနှင့်ချီသောသေဆုံးမှုများဖြစ်ပေါ်ခဲ့ရာ ၁၉၉၄ ခုနှစ်နောက်ပိုင်း အကြီးဆုံးသော တိုက်ပွဲများဖြစ်သည်။

နာဂေါနိုကာရာဘက်ခ် အစိုးရမင်းများအပြောအရ တိုက်ပွဲများကြောင့် စစ်သား ၂၂၀ သေဆုံးပြီး အရပ်သား အနည်းဆုံး ၂၁ ယောက်သေဆုံးသည်ဟုဆိုသည်။ အဇာဘိုင်ဂျန်အာဏာပိုင်တို့ဘက်နာဂေါနိုကာရာဘက်ခ်တွင်တော့ စစ်ဘက်သေဆုံးမှုကိုမထုတ်ပြန်သေးဘဲ အရပ်သား ၂၇ ဦးသေဆုံးသည်ဟုဆိုသည်။

 ဆိုဗီယက်ပြည်နယ်ဟောင်းနှစ်ခုဖြစ်ပြီး နိုင်ငံတကာက အဇာဘိုင်ဂျန်ပိုင်ဒေသဟု အသိအမှတ်ပြုထားသည့် နာဂေါနိုကာရာဘက်ခ်တွင် အာမေးနီးယန်းတို့က အုပ်ချုပ်ကြသည်။ ထိုဒေသအတွက် ဆယ်စုနှစ် သုံးစုကြာခန့် မသင့်မမြတ်ဖြစ်နေကြသည်။ သို့သော် ယခုဖြစ်လာသည့် ပဋိပကကတော့ စစ်အေးတိုက်ပွဲတစ်ခုထက်ပိုနေသည်။  

 တောင်ကော့ကေးဆက်သည် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ဗျူဟာမြောက် နေရာရထားသလို  နှစ်ဘက်လုံးကလည်း အင်အားကြီးနိုင်ငံများ၏ ကျောထောက်နောက်ခံမှုရရှိနေသည့်အတွက် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် ကြားက စစ်ပွဲသည် ဒေသတွင်းဆိုင်ရာကိုကျော်လွန်ကာ ထပ်ဖန်တလဲလဲကျော့လာနိုင်သည့်အနေအထားဖြစ်သည်။

နာဂေါနိုကာရာဘက်ခ် ၏ နောက်ဆုံးမြင့်တက်လာသော ပဋိပက္ခနှင့်ပတ်ကသ်ပြီး သိသင့်သောအရာများ
 
ဘာဖြစ်ခဲ့တာလဲ
 
 စက်တင်ဘာ၂၇ရက်နေ့က အဇာဘိုင်ဂျန်မှ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ဖြင့်ပတ်ခတ်မှုများဖြင့် နာဂေါနိုကာရာဘက်ခ်ကို တိုက်ခိုက်ခဲ့သည်ဟု အာမေးနီးယားကပြောချိန်တွင်  ဘာကူး (အဇာဘိုင်ဂျန်မြို့တော်) ကမူ “စစ်ရေးအရ ရန်စလာမှုအတွက် တန်ပြန်ထိုးစစ်ဆင်ခြင်းသာဖြစ်ကြောင်း” ဆိုသည်။ စစ်ပွဲကြောင့် အသေအပျောက်များသာသဖြင့် အာမေးနီးယားတွင် ညမထွက်ရအမိန့်နှင့် စစ်သားစုဆောင်းမှုများပြဌာန်း လုပ်ဆောင်လာ ခဲ့သည်။ အဇာဘိုင်ဂျန်ကလည်း ဒေသအချို့တွင် စစ်ကာလအခြေအနေကို ကြေငြာခဲ့သည်။

အသေအပျောက်နှုန်းများလည်း တက်လာခဲ့သည်။ အောက်တိုဘာ ၂ရက်နေ့တွင် အာမေးနီယားသည် စစ်သား ၁၅၈ဦးခန့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပြီး တိုက်ပွဲဒုတိယနေ့တွင် အာမေးနီးယားပြည်သူ ၅၅၀ခန့် သေဆုံးခဲ့ ရကြောင်း အဇာဘိုင်ဂျန်ကဆိုသော်လည်း အာမေးနီးယားဘက်က ငြင်းဆိုထားခဲ့သည်။ ထိုအချိန်တွင် အဇာဘိုင်ဂျန်နိုင်ငံသား ၂၀၀ခန့် သေဆုံးသည်ဟု အာမေးနီးယားကဖော်ပြထားသော်လည်း ဘာကူးကမူ စစ်တပ်၏ ထိခိုက်သေဆုံးမှုများကို ဖော်ပြထားခြင်းမရှိပေ။ အရပ်သားများသေဆုံးခြင်းအတွက် နှစ်ဖက်အပြန်အလှန်စွပ်စွဲနေကြပြီး အာမေးနီးယား၌ အရပ်သား ၁၃ ဦး အဇာဘိုင်ဂျန်၌ အရပ်သား ၁၉ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီ က ဖော်ပြသည်။

၁၉၉၄ ခုနှစ် အပစ်အခက်ရပ်စဲရေးသဘောတူညီချက်ကို အဆိုးဝါးဆုံး ချိုးဖောက်မှုဟုဆိုရမည့် ၂၀၁၆ ခုနှစ် လေးရက်တာ စစ်ပွဲကြောင့် လူ၂၀၀ကျော်ခန့် သေဆုံးခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့်အမြင်နဲ့ကြည့်ရင်ဘယ်လိုရှိလဲ

နာဂေါနိုကာရာဘက်ခ်တိုက်ပွဲသည် ဆီးရီးယားနှင့် လစ်ဗျားအရေးတွင် ဆန့်ကျင်ဘက်နိုင်ငံ တစ်ဖက်စီထောက်ခံလျက်ရှိသည့် ရရှားနှင့် NATO အဖွဲ့ဝင် တူရကီကဲ့သို့သော ပိုမိုအင်အားကြီးနိုင်ငံများကို ပါဝင်လာအောင် ဆွဲဆောင်နိုင်ခြေရှိသည်။
 
တူရကီယဉ်ကျေးမှုအမွေအနှစ်များကြောင့် အန်ကာရာနှင့် ဘာကူးတွင်  ယဉ်ကျေးမှုချင်းဆက်စပ်နေပြီး တူရကီနိုင်ငံသည် အဇာဘိုင်ဂျန်၏ အမြဲတမ်းထောက်ခံအားပေးသူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နာဂေါနိုကာရာ ဘက်ခ် ပဋိပက္ခအပြင် ၁၉၁၅ အာမေးနီးယားလူမျိုးတုန်းသတ်ဖြတ်မှုကို အသိအမှတ်ပြုရန် အန်ကာရာ က ငြင်းဆန်ခဲ့မှုကြောင့် တူရကီနှင့် အာမေးနီးယားကြားတွင် သမိုင်းတစ်လျောက် တင်းမာမှုများရှိခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အာမေးနီးယားနှင့်ထိစပ်လျက်ရှိသော နယ်စပ်ကို ပိတ်ပစ်ရန် တူရကီက စတင်ခဲ့ပြီး ထိုအချိန်ကတည်းကပင် ပိတ်ထားပြီဖြစ်သည်။ ထိုနှစ်နိုင်ငံကြားတွင် သံတမန်ဆက်ဆံရေး မရှိပေ။

 ရရှားကတော့ ဤဒေသတွင် ပိုအခရာကျသောအခန်းကဏ္ဍကပါဝင်သည်။ အာမေးနီးယားကော အဇာဘိုင်ဂျန်နှင့်ပါ စီးပွားရေးဆက်ဆံမှုနီးနီးကပ်ကပ်ရှိနေပြီး နှစ်နိုင်ငံလုံးကို လက်နက်ရောင်းသည်။ သို့သော်လည်း အာမေးနီးယားနှင့်ဆက်ဆံရေးကတော့ ပိုနက်ရှိုင်းသည်။ အာမေးနီးယားက မော်စကိုဦးဆောင်သည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရရှားစစ်အခြေစိုက်စခန်းကိုလက်ခံထားသည်။  
 
ဒါ့အပြင် ထိုဒေသသည် ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်။ နာဂေါနိုကာရာဘက်ခ် နှင့်နီးကပ်စွာရှိနေသော အဇာဘိုင်ဂျန်-တူရကီ ပိုက်လိုင်းများသည် ဥရောပသမ္မဂ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်မှုအတွက်အရေးကြီးသည်။
 
အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့က ဘာကြောင့် နာဂေါနိုကာရာဘက်ခ် အတွက် တိုက်ခိုက်နေကြတာလဲ?

ခရစ်ယာန်အများစုဖြစ်သော အာမေးနီးယားနှင့် မူစလင်အများစုဖြစ်သော အဇာဘိုင်ဂျန်သည် ရာစုနှစ်များစွာကတည်းက ပွတ်တိုက်မှုများရှိနေခဲ့သော်လည်း ခေတ်သစ်ပဋိပက္ခတွင်တော့ ဘာသာရေးကအဓိကမဟုတ်တော့ပါ။ အပြစ်တင်မှုမြောက်များစွာကတော့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂျိုးဇက်စတာလင်ကိုဦးတည်နေကြသည်။ ၁၉၂၀ အစောပိုင်းနှစ်များတွင် တပ်နီတော်သည် ကော့ကေးဆပ်ကို သိမ်းပိုက်ပြီးနောက် ဆိုဗီယက်ခေါင်းဆာင် ဟောင်းသည် အာမေးနီးယားအများစုနေသော နာဂေါနိုကာရာဘက်ခ် (အာမေးနီးယားများက အာတ်ဆတ်ခ် Artsakh ဟုခေါ်သည်) ဒေသကို အဇာဘိုင်ဂျန်လက်အောက်သို့ ထည့်သွင်းခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း ကြီးကြီးမားမားအရေးမဟုတ်ခဲ့သော်လည်း နှစ်ဦးနှစ်ဘက်စလုံး ကျေနပ်ခဲ့ခြင်းမရှိပါ။

သို့သော် ၁၉၈၀နှောင်းပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု စတင်ပြိုကွဲချိန်တွင် နှစ်ဖက်စလုံးရှိ အင်အားကြီး အမျိုးသားရေးအင်အားစုများက နာဂေါနိုကာရာဘက်ခ်ကို ယမ်းအိုးအဖြစ်စတင် ပြောင်းလဲလာခဲ့သည်။ ထိုဒေသရှိ အာမေးနီးယန်းလူမျိုးများက ၁၉၉၁ တွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ နယ်နိမိတ်ကျူးလွန်သည်ဟု ယုံကြည်သော အဇာဘိုင်ဂျန်များနှင့် အာမေးနီးယားနိုင်ငံ ထောက်ပံ့မှုရရှိထားသော နာဂေါနိုကာရာဘက်ခ်ရှိ အာမေးနီး ယန်းများကြား စစ်ပွဲပေါ်ပေါက်လာခဲ့သည်။ ၁၉၉၄ တွင် အာမေးနီးယန်းများသည် အဇာဘိုင်ဂျန်စစ်တပ်ကို ထိုဒေသနှင့် အနားပတ်ဝန်းကျင်များမှ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ ရာထောင်ချီသေ လူတို့သည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
 
ယခုအချိန်တွင် ကုလသမ္မဂသည် နာဂေါနိုကာရာဘက်ခ်ကို အဇာဘိုင်ဂျန်ပိုင်အဖြစ် အသိအမှတ်ပြုထားဆဲဖြစ်ပြီး ထိုဒေသကို မည်သည့်နိုင်ငံကမှ တရားဝင်သိမ်းပိုက်ထားခြင်းမရှိသော်လည်း ဒေသတွင်းကို ငွေကြေးနှင့် စစ်အင်အားထောက်ပံ့ပေးလျက်ရှိသော အာမေးနီးယားအပါအဝင် မည်သည့်နိုင်ငံကမှ ထိုဒေသကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်မပြုပေ။ ထိုအချိန်မှစ၍ နှစ်နိုင်ငံသည် မြေမြုပ်မိုင်းများ လက်ဖြောင့်တပ်သားများဖြင့် သတ်မှတ်ထားသော နယ်စည်း အသီးသီးတွင် နေရာယူစောင့်ကြည့်နေကြသည်။
 
အခုမှ အခြေအနေတွေက ဘာကြောင့် ပိုပြင်းထန်လာတာလဲ

 
ကာလတာရှည် အုပ်ချုပ်ခဲ့သော ခေါင်းဆောင် Serzh Sargsyan ကို ဖြုတ်ချခဲ့သော အမေးနီးယား၏ ၂၀၁၈ ကတ္တီပါတော်လှန်ရေးသည် အချိန်ကြာမြင့်စွာရပ်တန့်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြန်လည်စတင်နိုင် မည်ဟု အနည်းငယ် မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း လူထုဆန္ဒပြပွဲများအပြီးတွင် အာဏာရလာသော အတိုက်အခံနိုင်ငံရေးသမား အာမေးနီးယား ဝန်ကြီးချုပ် Nikol Pashinyan သည် သူ၏ရှေ့ကသွားခဲ့သူများ၏ အယူအဆ အပြောအဆိုများနှင့်သာ အဆုံးသတ်ခဲ့သည်။
 
ယခုနွေဦးရာသီတွင် ပြုလုပ်ခဲ့သည့် ကိုယ့်ဘာသာအစိုးရဟုသတ်မှတ်ထားသော အာမေးနီးယားအစိုးရ၏ ရွေးကောက်ပွဲသည် အဇာဘိုင်ဂျန်ကို ဆန့်ကျင်ရန်စသကဲ့သို့ ရှုမြင်ရပြီး နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများကို ခံခဲ့ရ သည်။ အကြောင်းပြချက်မသေမချာဖြစ်နေသော်လည်း တိုက်ပွဲများကြား လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသောကြောင့် ယခုနှစ် ဇူလိုင်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ တိုက်ပွဲများကြောင့် ထောင်ချီသော အဇာဘိုင် ဂျန်နိုင်ငံသားများသည် အာမေးနီးယားနှင့် စစ်မက်ဖြစ်ပွားရန် လှုံ့ဆော်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တူရကီနိုင်ငံသည် ဘာကူး အပေါ် ထောက်ခံမှုကို တိုးမြှင့်လာခဲ့သည်။

 အခုအချိန်ထိ နိုင်ငံတကာမှ တုံ့ပြန်မှုက ဘယ်လိုအခြေအနေရှိသလဲ

 ဥရောပသမ္မဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်က “ရန်လိုမှုများ ချက်ချင်းရပ်တန့်ရန်” အမေရိကန်ပြည်နယ်ဌာနှင့် ကုလသမ္မဂနည်းတူ တိုက်တွန်းခဲ့သည်။ တူရကီသမ္မတ အာဒိုဂန်က မူ အာမေးနီး ယားသည် ဒေသအတွင်း “ငြိမ်းချမ်းရေးအတွက် အကြီးဆုံး ခြိမ်းခြောက်မှု” ဟု ဖော်ပြခဲ့ပြီး အဇာဘိုင်ဂျန်ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သည်။ရရှားကမူ အရေးကိစ္စကို သတိကြီးစွာ ချဉ်းကပ်ခဲ့ပြီး  ရရှားသမ္မတ ဗလာဒီ မာပူတင်က “စစ်ရေးလုပ်ဆောင်မှုများကို ရပ်တန့်ရန်” အရေးကြီးကြောင်း အာမေးနီးယားသမ္မတ ပတ်ရှင်ယန်ကို ဖုန်းဖြင့်ပြောကြားခဲ့သည်။

 အာမေးနီးယား၏ မိတ်ဖက်ဖြစ်သော အီရန်သည် ကြားခံဝင်ရောက်ဖြန်ဖြေပေးလိုကြောင်း ဆိုခဲ့ပြီး တီဟီရန်သည် “နှစ်ဦးနှစ်ဖက်ကြားပြောဆိုဆွေးနွေးခြင်းကို ကူညီရန် အစွမ်းကုန် ကူညီမည်ဖြစ်ကြောင်း” ဆိုခဲ့သည်။
 
ယခင်ကကော ဖြန်ဖြေရန် ကြိုးစားအားထုတ်မှု ရှိခဲ့သလား

 ၁၉၉၄ ခုနှစ် နာဂေါနိုကာရာဘက်ခ် အပစ်အခက်ရပ်စဲရေးအပြီး ပဋိပက္ခရပ်စဲရေးအတွက် Minsk Process ဟုခေါ်သော နိုင်ငံတကာငြိမ်းချမ်းရေးပမာဏကြိုးပမ်းမှုအဖွဲ့သည် ရာစုနှစ်၏ လေးပုံတစ်ပုံခန့်ကြာ ကြိုးပမ်းခဲ့ သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရသည်။

ပြင်သစ်၊ ရရှားနှင့် အမေရိကန်နိုင်ငံများက ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဥရောပရှိ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့လက်အောက်တွင်ရှိသော Minsk အဖွဲ့သည် စစ်မက်ရေးရာ ပဋိပက္ခများကို တားဆီးရန်နှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်ဆောင်ရွက်ခဲ့သည်။
 
သို့သော်သည် နှစ်ပေါင်းများစွာ သံတမန်ရေးအစည်းအဝေးများနှင့် ထိုဒေသသာမက အာမေးနီးယားနှင့် အဇာဘိုင်ဂျန်မြို့တော်သို့သွားခဲ့သော လုပ်ငန်းဆောင်တာမစ်ရှင်များသည် အချည်းနှီးဖြစ်ခဲ့ရသည်။

 နှစ်နိုင်ငံခေါင်းဆောင်များ 2019 မတ်လတွင် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံကာ ၂၀၂၀ဖေဖော်ဝါရီလတွင် မြူးနစ်လုံခြုံရေးညီလာခံတွင် လူထုစကားစစ်ထိုးပွဲများ ပြုလုပ်ခဲ့ပြီးနောက် မျှော်လင့်ချက်ရောင်ခြည်အနည်း ငယ်သန်းလာခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ခေါင်းဆောင်များသည် အခန်းတစ်ခုအတွင်း အတူရှိရန်ကိုပင် ငြင်းဆိုခဲ့ကြသဖြင့် တွေ့ဆုံမှုသည် အောင်ပွဲလိုဖြစ်ခဲ့သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်(စ်) ကပ်ရော ဂါသည် နှစ်အစောပိုင်းက အားထုတ်ခဲ့သော သံတမန်ရေးကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။အောက်တိုဘာ ၁ရက်နေ့တွင် Minsk အဖွဲ့သည် အပစ်အခက်ရပ်စဲရေးကို တောင်းဆိုခဲ့ပြီး တူရကီက သဘောတူညီ ခဲ့သည်။
 
ဘာတွေဆက်ဖြစ်မည်လဲ
တိုက်ပွဲက မည်မျှကြာမည်၊ သို့မဟုတ် အင်မတန်ကြီးမားသော စစ်ပွဲအဖြစ်ပြောင်းလဲသွားမည်လား စသည်တို့ကို ပြောရန်ကား စောသေးသည်။ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ဇူလိုင်လတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ အကယ်၍ အင်အားကြီးနိုင်ငံတစ်ခုခု ဝင်ရောက်လာခဲ့လျင် အခြေအနေများသည် သိသိသာသာ ပြောင်းလဲသွားနိုင်သည်။ တူရကီနိုင်ငံပင်လျင် ၎င်း၏ တရားဝင်ပါဝင် ပြောဆိုမှုကို ကန့်သတ်လိုက်ပြီဖြစ်သည်။ သို့သော်လည်း အန်ကာရာသည် အဇာဘိုင်ဂျန်သို့ ဆီးရီးယားစစ်သားများစေလွှတ်ခဲ့ပြီးနှင့် လေယာဉ်တစ်စင်းအား ပစ်ချခဲ့သည်ဟု အာမေးနီးယားက စွပ်စွဲထားကာ တူရကီနှင့် အဇာဘိုင်ဂျန်တို့သည် ထိုစွပ်စွဲချက်များကို ငြင်းဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly