ရွေးကော်ပွဲနိုင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အတွက် စိန်ခေါ်မှုများ

ရွေးကော်ပွဲနိုင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အတွက် စိန်ခေါ်မှုများ

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၅ နှစ်တာ ရုန်းကန်ခဲ့ရသည့် ဒီမိုကရေစီခရီးကြမ်းတွင် အောင်ပွဲဆင်နိုင်ခဲ့ပြီဖြစ်သည် အချိန်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ် နှစ်ပေါင်းများစွာ ကျခံခဲ့ပြီး ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့မှုများသည် ယခုအခါတွင် လက်တွေ့ အကောင်အထည် ဖေါ်နိုင်တော့မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရလင့်ကစား မြန်မာနိုင်ငံတွင် ဗျူရိုကရေစီ ကြိုးနီစနစ်ဖြင့် ကြီးစိုးထားဆဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် စစ်တပ်နှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများက ရှိထားသည်။

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမည့် ပြဿနာများတွင် ရိုဟင်ဂျာဆိုသူများ အရေးအခင်းကား အခက်ခဲဆုံးပြဿာနာဖြစ်ပေမည်။ ရိုဟင်ဂျာဆိုသူများ ကိစ္စရပ်တွင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံတွင်း အခြားသော နိုင်ငံရေးကိစ္စရပ်များကလည်း စိန်ခေါ်မှုများအဖြစ်ရှိသည်။ အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံတစ်နိုင်ငံအနေဖြင့် နယ်မြေမတည်ငြိမ်မှုများလည်း ရှိထားသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရင်ဆိုင်တိုက်ပွဲများ ရှိနေဆဲ နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

အိမ်နီးချင်း နယ်နမိတ်ထိစပ်သည့် အပိုင်းကို ကြည့်မည်ဆိုလျှင်လည်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့က မြန်မာနိုင်ငံကို နယ်စပ်ထိစပ်လျက်ရှိသည့် နိုင်ငံများဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံစလုံးက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်မှုကို ဂုဏ်ပြုစကားဆိုပြီးဖြစ်သော်လည်း အိမ်နီးချင်း ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆိုမှု ယခုအထိ မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly