ရွေးကောက်ပွဲကို အများယုံကြည်ဖွယ် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ခဲ့ဟု ကော်မရှင်ပြော

ရွေးကောက်ပွဲကို အများယုံကြည်ဖွယ် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ခဲ့ဟု ကော်မရှင်ပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ။ ။ ရွေးကောက်ပွဲကိုမျှော်မှန်းထားသည့်အတိုင်း အများယုံကြည်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင် ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၁၄ရက် ညနေက သတင်းစာ ရှင်းလင်းပွဲတွင် အဖွ့ဲဝင်ဦးမြင့်နိုင်က ပြောသည်။

ဦးမြင့်နိုင်က မည်မျှပွင့်လင်းမြင်သာမှုရှိသလဲဆိုသည်ကို ယခုရွေးကောက်ပွဲအနိုင်ရလာဒ် ထုတ်ပြန်နိုင်မှုကို သာဓကထား၍ ကြည့်ပြီး သိနိုင်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မည်သူမျှ ဖိအားပေးဆောင်ရွက်စေတာမျိုး မရှိကြောင်း နှင့် ဥပဒေ၊ နည်းဥပဒေပြဌာန်းများနှင့်အညီ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောသည်။

“ပြင်ပချီးကျူးသည်ဖြစ်စေ၊ ထောက်ပြသည်ဖြစ်စေ၊ ဘယ်လိုမှ ကျွန်တော်တို့ကတော့ ကိုယ်ရဲ့လုပ်ဆောင်ချက်ကို ကျွန်တော်တို့ဘာသာသိတယ်၊ ကျွန်တော်တို့ တစ်ဖွဲ့လုံးသိတယ်၊ အားလုံး၊ အကုန်လုံး ဝီရိယ စိုက်ပြီးလုပ်ခဲ့တယ်၊ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း အောင်အောင်မြင်မြင်ဖြစ်ခဲ့တယ်" ဟု ဦးမြင့်နိုင်က ဆိုသည်။                                                     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ၎င်းတို့ တာဝန်ယူဆောင်ရွက်ခဲ့သည့် တိုင်းနှင့်ပြည်နယ်များမှ ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့သည့် အခက်အခဲများကိုလည်း နောက်ရွေးကောက်ပွဲများတွင် မည်သို့ ဆောင်သင့်သည်ဆိုသည့် အကြံပြုချက်များကိုလည်း သုံးသပ်ဆောင်ရွက်သွားဖို့ရှိကြောင်း အဖွဲ့ဝင် ဦးမြင့်နိုင်က ရှင်းလင်းပြောကြားသည်။

ထို့ပြင်UEC မှ ယခုရွေကောက်ပွဲမှတစ်ဆင့် နောင်ရွေးကောက်ပွဲများ၌ မဲအဆန္ဒစာရင်းများနှင့်ပတ်သက်၍ လွယ်ကူစေအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် မဲရုံတစ်ရုံ၌ လူသုံးရာမှ သုံးထောင်မဲပေးနိုင်ရန် သတ်မှတ်ခြင်းကိုလည်း  လျော့ချကာ ပြန်လည် သုံးသပ်ခဲ့ကြောင်းလည်း ဦးမြင့်နိုင်က ရှင်းလင်းပြောကြားခဲ့သည်။

နောင်ရွေကော်ပွဲတွင် မဲရေတွက်ရာတွင်လည်း ယခုထက်ပိုမိုကောင်းမွန်အောင် သုံးသပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကိုလည်း အခြားဆန္ဒမဲလက်မှတ်များနှင့် အတူထားသင့်၊ မထားသင့်နှင့် ယင်းလက်မှတ်များကို သိမ်းဆည်းထားသည့် နေရာတွင်လည်း ပို၍ မည်သို့ဆောင်ရွက်ရမည်ကို သုံးသပ်သွားမည်ဟု ရှင်းလင်းခဲ့သည်။

မြန်မာ့ရွေးကောက်ကို လာရောက်လေ့လာခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကေ်ာမရှင် ကော်မရှင်နာ Arief Budiman က ၎င်းအနေ့ဖြင့် မြန်မာ့ရွေးကောက်ပွဲကို ထူးဆန်းစွာ တွေ့မြင်ရသည်မှာ မဲရုံတစ်ရုံ၌ လူသုံးထောင်ခန့်အထိ မဲပေးနိုသည့် အချက်က်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။        

“ကျွန်တော် ထူးထူးခြားခြား အံ့အားသင့်မိတာက မြန်မာနိုင်ငံက မဲရုံတစ်ရုံမှာ မဲပေးနိုင်တဲ့လူက သုံထောင်ခန့်ရှိတယ် သိရတော့ အရမ်းအံ့အားသင့်ပါတယ်" ဟု Arief Budiman က ဆိုသည်။    

အမေရိကန်နိုင်ငံကလည်း တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့သည် မြန်မာ့ရွေးကောက်ပွဲအတွက် ချီးကျူးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags