မြိတ် Quarantine စင်တာ၌ တာဝန် ထမ်းဆောင်နေသူ မီးသတ် ၁ ဦး ရုတ်တရက် သေဆုံး

မြိတ် Quarantine စင်တာ၌ တာဝန် ထမ်းဆောင်နေသူ မီးသတ် ၁ ဦး ရုတ်တရက် သေဆုံး

မြိတ်၊ အောက်တိုဘာ (၃)

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ မြိတ်တက္ကသိုလ်အတွင်း ပုလဲရွှေရည် အဆောင်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ သံသယရှိသူများ ထားရှိသည့် Quarantine စတင်တာ၌ စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒေသ အရံ မီးသတ် တပ်ကြပ်ကြီးတစ်ဦး အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် သေဆုံးခဲ့ပြီး ကိုဗစ်ရောဂါကြောင့် မဟုတ်ကြောင်း သိရသည်။

မြိတ်မြို့နယ်၊ ကန်ဖျားနယ်မြေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က “သူက သူ့ကျန်းမာရေး အခံကြောင့် သေဆုံးတာ ဖြစ်တယ်။ ကိုဗစ်ကြောင့် သေတာ မဟုတ်ပါဘူး” ဟု ပြောသည်။

အရံ မီးသတ် တပ်ကြပ်ကြီး ဦးမြတ်ပိုင်ဝင်း (ခ) ဘိုဘို သည် ကန်ဖျားနယ်မြေအတွင်း နေထိုင်သူ တစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် ကိုယ်လက်ကိုက်ခဲ ဖောရောင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ အရံ မီးသတ် တပ်ကြီး ဦးမြတ်ပိုင်ဝင်း အသက် (၄၄) နှစ်ကို အောက်တိုဘာလ ၃ ရက်နေ့တွင်ပင် ကလွင်သုသာန်၌ နာရေး ပို့ဆောင်ခဲ့သည်။

၎င်း သေဆုံးမှုနှင့် ပတ်သက်ပြီး Quarantine Center တွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်၍ ကိုဗစ်ပိုး ရှိ၊ မရှိ Swab နမူနာကို စစ်ဆေးရာ အဖြေမှာ Negative အဖြေ ထွက်ရှိကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးထံက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly