90Hz Display, 5000 mAh Massive Battery နှင့် 18W Quick Charge တို့ပါဝင်လာသည့် realme C17 စမတ်ဖုန်းသစ်

90Hz Display, 5000 mAh Massive Battery နှင့် 18W Quick Charge တို့ပါဝင်လာသည့် realme C17 စမတ်ဖုန်းသစ်

90Hz Display, 5000 mAh Massive Battery နှင့် 18W Quick Charge တို့ပါဝင်လာသည့် realme C17 စမတ်ဖုန်းသစ်ကို လာမည့် အောက်တိုဘာလ ၆ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့်မိတ်ဆက်ပေးသွားရန်ရှိ
လူငယ်စမတ်ဖုန်းသုံးစွဲသူများကို အဓိကဦးတည်ကာ လူငယ်အကြိုက်စမတ်ဖုန်းကောင်းများကို ဖန်တီးထုတ်လုပ်ပေးလျက်ရှိသည့် realme အနေဖြင့် “90Hz Display နှင့် ဘက်စုံအသုံးဝင်စမတ်ဖုန်းဘုရင်” ဟုခေါ်တွင် ထားသည့် realme C17 စမတ်ဖုန်းသစ်ကို လာမည့် အောက်တိုဘာလ ၆ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ယခု realme C17 စမတ်ဖုန်းတွင် မျက်နှာပြင်ထိတွေ့မြန်ဆန်မှုကိုပိုမိုကောင်းမွန်စေမည့် 90Hz Screen Refresh Rate ကိုအသုံးပြုထားသည့် 6.5-inch Display ကိုအသုံးပြုပေးထားပြီး ဓာတ်ပုံရိုက်ကူးမှုအပိုင်းအတွက် နောက်ဘက်ကင်မရာ ၄လုံးအထိပါဝင်သည့် Quad Camera စနစ်ကိုထည့်သွင်းပေးထားသည်။ ထို့အပြင် ရှေ့မျက်နှာပြင်ဒီဇိုင်းတွင်လည်း လူငယ်များအကြိုက်တွေ့ခေတ်စားလျက်ရှိသည့် Punch Hole Selfie Camera ကိုပါအသုံးပြုပေးထားခြင်းဖြစ်သည်။ realme အနေဖြင့် ယခု ၂ဝ၂ဝ ခုနှစ်အတွင်းမှာပင် ထူးခြားသည့် realme C series စမတ်ဖုန်းသစ်များကို မိတ်ဆက်ပေးလာခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် realme C11 နှင့် realme C12 စမတ်ဖုန်းများကိုပါ မိတ်ဆက်ပေးထားခဲ့ပြီဖြစ်ကာ လူငယ်များပိုမိုသဘောကျဝယ်ယူလျက်ရှိသည့် C series များအဖြစ် ရေပန်းစားနေခြင်းလည်းဖြစ်သည်။

အသစ်မိတ်ဆက်ပေးမည့် realme C17 တွင် ယခင် C series များထက်ပိုမိုကောင်းမွန်သည့် အားသာချက်များစွာကိုထည့်သွင်းပေးထားခဲ့ခြင်းဖြစ်ပြီး 90Hz Display မှာ အဆိုပါ အားသာချက်များထဲမှ တစ်ချက်လည်း ဖြစ်သလို C series ထုတ်ကုန်များတွင် ပထမဆုံးထည့်သွင်းပေးလိုက်သည့် Hardware အားသာချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။ ဖုန်းသုံးစွဲမှုအပိုင်းတွင် အားကြာရှည်ခံစေမည့် အားသာချက်ကိုပေးစွမ်းစေရန်အတွက် အားအမြန်သွင်းစနစ် 18W Quick Charge စနစ်ထောက်ပံ့ပေးထားသည့် 5000mAh battery ကိုပါအသုံးပြုပေးထားမည်ဖြစ်သည်။ Overall အသုံးပြုမှုအပိုင်းတွင် လူငယ်များအကြိုက် ဘက်စုံအသုံးဝင်စေမည့် စမတ်ဖုန်း တစ်လုံးအဖြစ်ထိတွေ့ရစေမည်ဖြစ်ပြီး ထူးခြားသည့် ဈေးနှုန်ဖြင့်လည်း မိတ်ဆက်ပေးလာမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် RAM+ROM set-up အပိုင်းတွင်လည်း မြန်မာပြည်မိုဘိုင်းဈေးကွက်ရှိလူငယ်သုံးစွဲသူများ ပိုမိုတောင်းဆိုလာသည့် 6GB RAM နှင့် 128GB ROM version ကိုတင်သွင်းရောင်းချပေးသွားရန်ရှိကြောင်းလည်း သိရှိရသည်။ app များအသုံးပြုရာတွင် RAM management အပိုင်းပိုမိုအားကောင်းလာစေမည်ဖြစ်သလို အချက်အလက်သိုလှောင်မှုအပိုင်းတွင်လည်း 128GB ROM ကြောင့် စိတ်တိုင်းကျသိမ်းဆည်းနိုင်စေမည်ဖြစ်သည်။ realme C17 အသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်းပိုင်းကို အောက်တိုဘာလ ၆ရက်နေ့တွင် Live ထုတ်လွှင့်ပေးမည့် realme Myanmar (Facebook Page) မှတစ်ဆင့်စောင့်ကြည့်လေ့လာသွားနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly