UP ဓာတ်လှေကားကုမ္ပဏီ ညွှန်ကြားရေးမှူးပြောပြတဲ့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က အခက်အခဲများ

UP ဓာတ်လှေကားကုမ္ပဏီ ညွှန်ကြားရေးမှူးပြောပြတဲ့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က အခက်အခဲများ

UP က ၁၉၄၇ ကနေ ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းတွေမှာ စပြီးလုပ်ကိုင် ခဲ့တယ်ပေ့ါ။ လွတ်လပ်ရေးမရခင် တစ်နှစ်လောက်ကေ ပ့ါနော်။ ဆိုတော့ လက်ရှိအချိန်မှာကြတော့ UP အနေနဲ့က ဓါတ်လှေကား တပ်ဆင်တဲ့လုပ်ငန်းတွေကို ဦးစားပေး လုပ်ကိုင်လာတယ်လို့ သိရတယ်ခင်ဗျ။  အဲဒီဓါတ်လှေကား တပ်ဆင်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး။ UP ညွှန်ကြားရေးမှူး ဦးဇော်ပိုင်မြင့် အနေနဲ့  မြန်မာပြည်မှာ ဘယ်လို စီးပွားရေးတွေ လုပ်ကိုင်ထားသလဲ။

 

ကျွန်တော် ဓါတ်လှေကား ကုမ္ပဏီကတော့ ၂၀၁၀ မှာ ဓာတ်လှေကားတွေ စပြီးတော့ တင်သွင်း ပါတယ်။ မြန်မာပြည် စီးပွားရေး ဈေးကွက်မှာပေ့ါနော်။ အခုနောက်ပိုင်းကတော့ ကျွန်တော်တို့က ဒီဓါတ်လှေကားကို လူစီး ဓာတ်လှေကားအပြင် ကုန်တင် ဓါတ်လှေ ကားရော၊ အိမ်သုံး ဓါတ်လှေကားတွေပါ အခုနောက်ပိုင်းကို တင်သွင်းပါတယ်ခင်ဗျာ။ အထူးသဖြင့်တော့ အထပ်အမြင့်တွေ နောက်ပိုင်း ပိုဝင်လာတယ်ခင်ဗျာ။ အထပ်မြင့်တွေ ဝင်လာတော့ အထပ်မြင့်တွေကို အထပ်မြင့်လာလေ ကျွန်တော်တို့ ဓါတ်လှေကားရဲ့ စံနှုန်းက မြင့်လာလေခင်ဗျာ။ အဲဒီတော့ ကျွန်တော်တို့ အဲဒီအထပ်မြင့် တွေကိုပါ ကျွန်တော် ပိုင်ပိုင်နိုင်နိုင်နဲ့ စံနှုန်းမြင့်တဲ့ ဓါတ်လှေကားတွေ တင်သွင်း ပေးနေပါတယ်။

 

ရှေ့မှာပြောခဲ့သလိုပေ့ါ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေက ဒီဘက်ခေတ်မှာ တိုးတက်လာတဲ့ အတိုင်းအတာ ရှိတယ်။ ပြီးတော့ ဒီအပေါ်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေက စိတ်ဝင်စားလာတဲ့ အပိုင်းတွေ ရှိတယ်ပေ့ါ။ အဲဒီအပေါ်မှာပဲ အတန်အသင့် ဝင်ရောက် လုပ်ကိုင်တဲ့ အပိုင်းတွေရှိတယ်။ ဒါက UP လုပ်ငန်းအတွက် ဓါတ်လှေကားတွေ တည်ဆောက်တဲ့ နေရာမှာ Structure တွေ ပြင်ဆင်ပေးတဲ့နေရာမှာ တကယ်ကောင်းတဲ့ Demand လို့ပြောလို့ရလား။ ဘယ်လိုမျိုးထင်သာမြင်သာရှိတဲ့ ဈေးကွက် စီးပွားရေး အခွင့်အလမ်းတွေကို မြင်တွေ့ နေရလဲခင်ဗျာ။

ပြောလို့ရပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ အရင်တုန်းကပေါ့နော် ကျွန်တော် စစချင်း ဓါတ်လှေကား လုပ်တဲ့အချိန်ကဆိုရင် ဓါတ်လှေကား တပ်မယ်ဆိုရင် အကုန်လုံးပေ့ါ အဆောက်အဦး လုံးချင်းပြီးမှ ဓါတ်လှေကား ဝယ်ကြတာများတယ်။ အဲဒီတော့ ဆောက်လုပ်ရေး ပိုင်းကကော၊ ပိုင်ရှင်တွေအပိုင်းက ကော ဘာတွေ မြင်လာလဲဆိုတော့ အဆောက်အဦး ပြီးမှဝယ်ရင် ဓါတ်လှေကား တပ်ဆင်မှုမှာ နည်းနည်း အခက်အခဲတွေ တွေ့လာပါတယ်။ တွေ့လာတယ်ဆိုတော့ သူက ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အခု နောက်ပိုင်းဆိုရင် တည်ဆောက်ခွင့် စည်ပင် စာချုပ်တွေ ဘာတွေစပြီး ချုပ်တဲ့အချိန်က စပြီး ဒီဓါတ်လှေကား ခွင်တွေကို ကျွန်တော်တို့လည်း လာစစ်ဆေးခိုင်းပါတယ် ဝယ်ယူရေးမှာလည်း အဲလိုကြိုတင်ပြီးတော့ ကြိုတင်ပြင်ဆင်လာမှုတွေ ရှိပါတယ် ။ အဲဒီအတွက်ကိုကြတော့ ကျွန်တော် တပ်ဆင်မှုပိုင်းမှာလည်း အဆင်ပြေတယ်။ ဒီဆောက်လုပ်ရေး အပိုင်းကလည်း အံဝင်ခွင်ကျ ပိုရှိပါတယ်။

 

ဟုတ်ကဲ့ခင်ဗျာ UP ကဓါတ်လှေကား တပ်ဆင်တဲ့ လုပ်ငန်းကို ၂၀၁၀ ခုနှစ်မှာ စတင် လုပ်ကိုင်ခဲ့တာပေ့ါ။ ဆိုတော့ လက်ရှိ အခြေအနေကကျတော့ ဒီလုပ်ငန်း လုပ်ရတဲ့အပိုင်းမှာ အကိုတို့ တွက်ချက်မှုအပိုင်းက ဒီ ၂၀၁၅  နှစ်ကုန်ခါနီးကာလ အထိဆိုရင် ဘယ်နှစ်ရာခိုင်နှုန်း လောက် တိုးတက်လာတယ်လို့ မြင်သလဲ။

လုပ်ငန်းအနေနဲ့ကျတော့ ၇၅၊ ၈၀ ရာခိုင်နှုန်းအထိ တော်တော်များများ တိုးတက်လာ ပါတယ်။ ကျွန်တော် စစချင်း တုန်းကပေါ့နော် ကျွန်တော်ဓာတ်လှကား ကုမ္ပဏီကို စတဲ့ ၂၀၁၀ ကစပြီးတော့ပေါ့ တော်တော် များများကြီးကို ရောင်းလည်း ရောင်းလာရ ပါတယ်ခင်ဗျ။

ဟုတ်ကဲ့ ဒါဆိုရင် ရာခိုင်နှုန်း ၇၀ အထက်မှာ ရှိလာတာပေ့ါ။ ဒီလိုမျိုး Supply အဓိက လုပ်ကိုင်တာပေ့ါ။ ဒီ ဘယ်နိုင်ငံကနေပြီးတော့ အဓိက Supply ဓါတ်လှကားနဲ့ ပတ်သက်တဲ့ ဟာကို တင်သွင်းပြီးတော့ Structure တွေ တပ်ဆင်ပေးလဲခင်ဗျာ။

ကျွန်တော်တို့ ပထမဦးဆုံး ၂၀၁၀ ကုမ္ပဏီ စတုန်းကတော့ ကိုရီးယား ဓါတ်လှေကား Brand တွေကို တင်သွင်းပါတယ်။ အခု နောက်ပိုင်းတော့ ကျွန်တော်တို့က ဂျာမန်ဓါတ်လှေကား Brand ကို ကိုယ်စားလှယ် ရတယ်ဆိုတော့ ဒီမှာဂျာမန် ဓါတ်လှေကားကို အရည်အသွေး မြင့်တဲ့ ဓါတ်လှေကားတွေ ကျွန်တော် တင်သွင်းပေးနေပါတယ်။

ဟုတ်ကဲ့ UP ကနေပြီးတော့ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ ဒီ Structure ဓါတ်လှေကား တပ်ဆင်တဲ့ လုပ်ငန်းတွေမှာ လိုအပ်တဲ့ Supply ပေါ့နော်။ ပစ္စည်းတွေကို ပြည်ပနိုင်ငံ ကနေတစ်ဆင့် ဒီပြည်တွင်းမှာ တင်သွင်းပြီးတော့ အလုပ် လုပ်ကိုင် တယ်လို့ သိရပါတယ်ခင်ဗျ။ တစ်ခါ တစ်လေမှာတော့ ဒီလိုမျိုး ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒီအဆင့်မြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ မြင့်တက်လာတဲ့အချိန်မှာ ဒီဝယ်လိုအား မြင့်တက်တာပေ့ါနော်။ အဲဒီအပေါ်မှာကော အကိုတို့ Supplier တွေအနေနဲ့ အခက်အခဲတွေရှိလားဗျ။

တင်သွင်းရတဲ့ အပေါ်မှာတော့ တော်တော်များများတော့ အဆင်ပြေပါတယ်။ အခက်အခဲ တစ်ခုကတော့  ကျွန်တော်တို့ ဒီကနေပြီးတော့ အကောက်ခွန်ပိုင်း ဆိုင်ရာမှာတော့ အစိုးရက နည်းနည်း တင်းကျပ်ထားတဲ့အတွက် အဲဒီအကောက်ခွန်ပိုင်း ဆိုင်ရာမှာတော့ နည်းနည်း အခက်အခဲလေး တွေရှိပါတယ်။ စာရွက်စာတမ်း တွေမှာတော့ ပိုအခက်အခဲ လေးတွေ ရှိတာပေ့ါခင်ဗျာ။ ကျန်တဲ့ဟာကတော့ ဒီလောက်ကြီး အခက်အခဲမရှိပါဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ကလည်း  ဒီတပ်ဆင်မှုအပိုင်းမှာပါ ဒီဝယ်ယူတဲ့လူတွေ အဆင်ပြေအောင်လို့ ဆိုပြီးတော့ ဒီဆောက်လုပ်ရေးပိုင်းမှာ ကူညီပေးတဲ့အတွက် တော်တော် အဆင်ပြေပါတယ်။

ဟုတ်ကဲ့ ဒါဆိုရင် အဓိကတွေ့ရတဲ့ အခက်အခဲကကျတော့ ဒီအကောက်ခွန်ပိုင်းမှာ ဒီ on paper နဲ့ သွားရတာ အချိန်ကြာတာကို ပြောချင်တာလား။

အချိန်လည်းကြာပါတယ်ခင်ဗျာ။ အကောက်ခွန်တင်းကျပ်မှု တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ အဓိကကတော့ အချိန်ကြာတာပဲ ခေါ်ရမှာပေ့ါနော်။

ဟုတ်ကဲ့ အဲဒီတော့ အကိုတို့က ဒီပစ္စည်းတွေကို ဂျပန်နိုင်ငံက နေပြီးတော့ တင်သွင်းမယ်။ ဒါမှမဟုတ် လည်း ဂျာမန်ရဲ့ ဒီတစ်ခြား အိမ်နီးချင်း နိုင်ငံမှာရှိတဲ့ စက်ရုံတွေကနေလည်း အကိုတို့ တင်းသွင်းရ တာတွေလည်းရှိတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ဒီအကောက်ခွန်နဲ့ ပတ်သက်ပြီးတော့ ဒါပြဿနာတစ်ခု လို့ အကိုက မြင်တာပေ့ါနော်။

အဲဒီဟာက အဓိကပြဿနာပေ့ါနော်။ ကျန်တဲ့အပိုင်းကတော့ ဒီလောက်ကြီးများများစားစားမရှိပါဘူး။

ဒါဆိုအဲလိုမျိုးကြတော့ အကိုတို့က မြန်မာနိုင်ငံနဲ့ ဂျာမန်လိုနိုင်ငံမျိုး ပြီးတော့ ဂျာမန်ရဲ့ ရင်းနှီးမြုပ်နှံမှု ရှိတဲ့တစ်ခြား အာရှ ပစိဖိတ်လို နိုင်ငံမျိုးပေ့ါနော် ဆက်ဆံရတဲ့အချိန်မှာ ဒီလို အခက်အခဲတွေဟာ သူတို့ အတွက် ဒီရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်း လုပ်ကိုင်ဖို့အတွက်ကို သူတို့ရဲ့ ယုံကြည်စိတ်ချမှု အပေါ်မှာ စကားပြောစရာများ ဖြစ်မယ်လို့ ထင်လားခင်ဗျာ။ အဲဒီအတွက်ကို သူတို့ Complain တွေကော ရှိလား။

ဟုတ်ကဲ့ အဲဒီဟာကတော့ သူတို့အတွက်လည်း အခက်အခဲ ရှိပါတယ်။ အဲဒီတော့ ညှိညှိနှိုင်းနှိုင်းတော့ ကျွန်တော့်တို့ လုပ်ရတာပေ့ါနော်။ ကျွန်တော်တို့ ဒီဘက်က လုပ်ငန်းပိုင်း ဆိုင်ရာတွေ သူတို့ကိုနားလည် အောင်တော့ ရှင်းပြရတာပေ့ါ။ သူတို့ကတော့ ပုံမှန်ကျန်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံတဲ့ ပုံစံအတိုင်းကို သူတို့ကတော့ ဆက်ဆံတာပေ့ါနော်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ အခက်အခဲ ဒီမှာရှိတဲ့ ဥပဒေတွေနဲ့ ပေါ်လစီတွေနဲ့သူတို့ ပြန်ရှင်းပြရတာပေ့ါ။  

ဟုတ်ကဲ့။ Banking နဲ့ပတ်သက်ပြီးတော့ပေ့ါ ငွေပေးချေတဲ့နေရာမှာ ဆောင်ရွက်တဲ့ အပေါ်မှာကော ဘယ်လိုမျိုး အခက်အခဲတွေ ရှိလဲခင်ဗျာ။

Banking မှာလည်း ထိုနည်း၎င်းကောင်းပါပဲခင်ဗျာ။ များသောအားဖြင့်တော့ အခုတော့ ကျွန်တော်တို့ နည်းနည်းတော့ သက်သာသွားတာပေ့ါနော်။ အရင်တုန်းက Sanction တွေ ရှိပါတယ်ခင်ဗျာ။ တင်းကြပ်မှု တွေပေ့ါနော်။ နိုင်ငံကြီးတွေရဲ့ စီးပွားရေး တင်းကြပ်မှုတွေ ရှိတုန်းကတော့ တော်တော် အခက်အခဲ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့က အရင်တုန်းကဆို ကျွန်တော်တို့ကုမ္ပဏီက ယူရိုနဲ့ပြန်ပြီးတော့ ဒီဒေါ်လာကို ပြန်ပြီးတော့ လဲရတဲ့ ဈေးနှုန်းတွေဘာတွေလဲ ရှိတာပေ့ါနော်။ အဲဒီအတွက်ကို တစ်ခါ  တစ်လေကျရင် ကျွန်တော်တို့ ကုမ္ပဏီ ဒီမြန်မာပြည် ကုမ္ပဏီဘက်က နာတဲ့အပိုင်းတွေလဲ ရှိတယ်။ တစ်ခါတစ်လေကျရင်လဲ ဟိုဘက်အပိုင်းကို ငွေလွှဲတဲ့အခါမှာလည်း ဟိုဘက် အပိုင်းကနေပြီး ပိုက်ဆံတွေပေ့ါနော်။ ငွေလွှဲမှုပမာဏတွေ အပေါ် မူတည်ပြီးတော့ လျှော့နည်းမှုတွေလည်း ရှိပါတယ် ခင်ဗျ။

ဟုတ်ကဲ့ခင်ဗျာ အဲဒီတော့ကျွန်တော်တို့ရဲ့ လက်ရှိ မြန်မာပြည်တွင်းရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ စီးပွားရေးကကျတော့ အခုက သွင်းကုန်ပဲအဓိက အားထားနေရတာပေ့ါနော်။ အဲဒီတော့ သွင်းအားစု တွေကို ပြည်တွင်းမှာ တင်သွင်းလာတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ infrastructure တွေ တည်ဆောက်လာသလို စားသောက်ကုန်ပစ္စည်းတွေလည်း နိုင်ငံခြားဈေးကွက်ကို မှီတည်ပြီးတော့ပဲ တင်သွင်းရတယ်။ ဒီမှာသုံးစွဲနေရတယ်ပေ့ါ။

 

ဆိုတော့ အဲဒီအပေါ်မှာကျတော့ စောစောတုန်းက challenge ဖြစ်တဲ့ အကောက်ခွန်က စကားပြောလာနေရတဲ့ အခြေအနေမှာရှိတယ်။ ပြီးတော့ banking နဲ့ ပတ်သက်ပြီးတော့ ငွေပေးချေတဲ့နေရာမှာလည်း အခက်အခဲတွေရှိတယ်။ ပြောရရင်တော့ လုပ်ငန်းချောမွေ့ဖို့အတွက်ကို ကြန့်ကြာနေတဲ့ အပိုင်းတွေရှိတာပေ့ါနော်။ ဆိုတော့ အဲဒီအပေါ်မှာ  ဘယ်လိုသုံးသပ်ချင်လဲဗျ။

ဘယ်လို သုံးသပ်ချင်လဲဆိုတော့ ကျွန်တော်ကတော့ အခုလည်း ကျွန်တော့်ဘက်က လည်းနားလည်ပါတယ်။ ဒီအပိုင်းကလည်း အခုမှ ဥပဒေကြမ်းတွေပြန်ပြင်နေတာတွေ ရှိတယ်ဆိုတော့ ရှေ့လျှောက်တော့ အဆင်ပြေလာမယ်လို့ ထင်တာပဲ။ ဒါပေမဲ့ အစိုးရပိုင်း ကလည်း ကျွန်တော်တို့ လိုပေ့ါနော် ဒီလိုမျိုး အမှန်အကန်တကယ် တင်သွင်းနေတဲ့ ကုမ္ပဏီတွေကို support အပိုင်းတွေနဲ့ ဒီအကောက်ခွန်တို့ ဘာတို့မှာလည်း ကူညီပေး မယ်ဆိုရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်ခင်ဗျ။

အဲဒီတော့ ကျွန်တော်အရှေ့မှာပြောခဲ့တဲ့ အကောက်ခွန်ကိစ္စ Banking ကိစ္စ၊ စာရွက်စာတမ်းကိစ္စ တင်သွင်းတဲ့နေရာမှာ အခက်အခဲ ဖြစ်နေတယ်။ အဲဒါတွေအပြင် ဦးဇော်ပိုင်မြင့် အနေနဲ့ တစ်ခြား ဘယ်လိုစိန်ခေါ်စရာနဲ့ အခက်အခဲတွေ တွေ့နေရသေးလဲခင်ဗျာ။

အခြားတော့ ဒီလောက်ကြီးမရှိပါဘူးခင်ဗျ။ အဓိကကတော့ ကျွန်တော်တို့လည်း ကုမ္ပဏီစမယ် ဆိုကတည်းက အကုန်လုံးပေ့ါနော် ဒီဟို ရည်မှန်းချက်တွေ ရည်ရွယ် ချက်တွေ အကုန် Plan ချထား တယ်ဆိုတော့ ဒီလောက်ကြီးတော့ အခက်အခဲ မရှိလောက်ပါဘူး။

ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်နိဂုံးချုပ် အနေနဲ့ ဆွေးနွေးရမယ်ဆိုရင် UP ကနေပြီးတော့ နောက်ထပ် တိုးချဲ့ ဖို့ရှိတဲ့ လုင်ငန်းတွေများ ရှိလားဗျ။ ပြောပြပေးပါဦး။

ဟုတ်ကဲ့ အခုကတော့ ကျွန်တော်တို့ Constructional ပိုင်းကိုလည်း နည်းနည်းတော့ ကျွန်တော် ခြေလှမ်းတော့ စနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အခုဒီ ဓါတ်လှေကားနဲ့ Construction ဆိုတာ ခွဲထားလို့ရတဲ့ အပိုင်းမှ မဟုတ်တာ တွဲပြီးတော့ လုပ်ရတဲ့အပိုင်းဆိုတော့ အဲဒီမှာချည်းပဲ ကျွန်တော်တို့ပြန်ပြီးတော့ Investigate  လုပ်နေပါတယ် ပေ့ါနော်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဓါတ်လှေကား အပိုင်းမှာတော့ ကျွန်တော့သဘောပြောရရင်တော့ ရွေ့လျားတဲ့ ပစ္စည်းမှန်သမျှကို ကျွန်တော် တင်သွင်းပေးပါတယ်။ လူစီး ဓါတ်လှေကားတွေရှိတယ်၊ အိမ်သုံးဓါတ် လှေကားတွေရှိတယ်။

ကုန်တင်ဓါတ်လှေကားတွေရှိတယ်။ အခုနောက်ပိုင်းဆိုရင် ကျွန်တော်တို့ ဝင်လာမည့်ဟာက ဒီသင်္ဘောနဲ့ပေ့ါနော်။ ဒီလိုမျိုး ဓါတ်လှေကားတွေ ဘာတွေ အဲလိုမျိုးအပိုင်းတွေ ဘာတွေ ကျွန်တော်တို့ တင်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီးတော့ အခုအပိုင်းက ကျတော့ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ဒီသမိုင်း ဌာနကနေ ဒီဘယ်လိုခေါ်မလဲ အဆောက်အဦး အဟောင်းတွေမှာ ရန်ကုန်မြို့ အဆောက်အဦး အဟောင်းတွေမှာ ပြင်ဆင်တပ်ဆင်မယ့် ဓါတ်လှေကား တွေလဲရှိတယ်။ အဲဒီအပိုင်းကိုလည်း ကျွန်တော်တို့ Target သဘောထားပြီးတော့ ကူညီပေးနေ ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly