Jessse Braham ၏ သီချင်းစာသားကို တေလာဆွစ်(ဖ်) ခိုးထားကြောင်း စွပ်စွဲထားသည့် အမှှုကို တရားရုံးက ပယ်ချ

Jessse Braham ၏ သီချင်းစာသားကို တေလာဆွစ်(ဖ်) ခိုးထားကြောင်း စွပ်စွဲထားသည့် အမှှုကို တရားရုံးက ပယ်ချ

ပေါ့(ပ်)ဂီတကြယ်ပွင့် တေလာဆွစ်(ဖ်)သည် သူ့ နာမည်ကျော်သီချင်း “Shake It Off” ၏ စာသားများမှာ ခိုးယူထားသော စာသားများဖြစ်ကြောင်း ယခုလထဲတွင် အမေရိကန် R&B အဆိုတော် Jesse Braham ၏ တရားစွဲခြင်းကို ခံခဲ့ရသော်လည်း ယခုအခါတွင် ထိုအမှှုကို တရားရုံးက ပယ်ချ လိုက်ပြီ ဖြစ်သည်။

အမေရိကန် အဆိုတော် Jessse Braham က လျော်ကြေး ဒေါ်လာ ၄၂ သန်း ရလိုကြောင်း တရားစွဲခဲ့ခြင်း ဖြစ်သည်။ သူ၏ ၂၀၁၃ ခုနှစ်သီချင်း “Haters Gone Hate” ထဲမှ စာသားများကို တေလာဆွစ် (ဖ်)က ခိုးယူထားခြင်းဖြစ်ကြောင်း အဆိုတော် Jesse Braham က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

Braham ၏ စွပ်စွဲချက်မှာ ခိုင်လုံခြင်းမရှိကြောင်း အမေရိကန် တရားရုံးက ဆိုကာ အမှှုကို ပယ်ချလိုက်သည်။ အမျိုးသမီး တရားသူကြီး Gail Standish က ယခုအမှှုအတွက် အဆုံးအဖြတ်ပေးရာတွင် တေလာဆွစ်(ဖ်)၏ နာမည်ကျော် သီချင်းစာသားအချို့ကို အရွှန်းဖောက် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြင့် သူ၏ ဟာသဉာဏ်ကို ပြသခဲ့သည်။
Braham ၏ သီချင်းထဲတွင် ပါဝင်သော စာသားမှာ "haters gonna hate, players gonna play" ဖြစ်ပြီး တေလာဆွစ်(ဖ်)၏ သီချင်းထဲတွင် ပါဝင်သော စာသားမှာ “"cause the players gonna play, play, play, play, play / And the haters gonna hate, hate, hate, hate, hate" ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly