ပရိသတ် ၁၅,၀၀၀ ရှေ့မှာ ဘိုင်ယန်မြူးနစ်ရဲ့ ‘အိပ်မက်’ဖြစ်တဲ့ ယူအီးအက်ဖ်အေစူပါဖလားကို ရယူပေးတဲ့ မာတီနက်ဇ်

 ပရိသတ် ၁၅,၀၀၀ ရှေ့မှာ ဘိုင်ယန်မြူးနစ်ရဲ့ ‘အိပ်မက်’ဖြစ်တဲ့ ယူအီးအက်ဖ်အေစူပါဖလားကို ရယူပေးတဲ့ မာတီနက်ဇ်
Photos: EPA

ဝါရင့်ကွင်းလယ်လူ ဟာဗီ မာတီနက်ဇ်က ကြာသပတေးနေ့က ဘိုင်ယန်မြူးနစ်အတွက် ယူအီးအက်ဖ်အေစူပါဖလားသမိုင်းကို ထပ်မံရေးထိုးနိုင်ဖို့မှာ "အိပ်မက်တစ်ခု"ဖြစ်ခဲ့တယ်လို့ ဘူဒါပက်စ်မှာ ဆီဗီလားကို သူ့ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အချိန်ပိုမှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဝန်ခံပြောဆိုခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်ဟာ လွန်ခဲ့တဲ့ ၇ နှစ်အကြာက ပရာ့ဂ်မှာ ချယ်လ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ၂၀၁၃ စူပါဖလား ဆွတ်ခူးခဲ့ချိန်က ပွဲချိန် ၁၃၀ မိနစ်မှာ အရေးကြီး သရေဂိုးသွင်းယူပေးခဲ့တဲ့ မာတီနက်ဇ်ကပဲ Puskas Arena ကွင်းမှာ အချိန်ပို ၁၀၄ မိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်ချန်ပီယံအသင်းအတွက် ၂၀၂၀ မှာ ၄  လုံးမြောက်ဖလားကို ရယူပေးခဲ့ပါတယ်။ 

ဘူဒါပတ်စ်က စူပါဖလားပွဲစဉ်ကို ဘိုင်ယန်နဲ့ ဆီဗီလားပရိသတ် ၁၅,၁၈၀ ဦး လာရောက်ကြည့်ရှုခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ မတ်လက ဥရောပကို ပထမဆုံး ရိုတ်ခတ်ပြီးနောက်ပိုင်း ဒီကလပ်နှစ်သင်းစလုံးဟာ ပရိသတ်တွေ ရှေ့မှာ ပထမဆုံးအကြိမ် ကစားခဲ့ကြတာဖြစ်ပါတယ်။ 

စူပါဖလားပွဲစဉ်မှာ အဖွင့်ဂိုးကို ဆီဗီလာက စတင်ရခဲ့တာဖြစ်ပြီး ရာကီတစ်ကြောင့်ရတဲ့ ပင်နယ်တီကို အိုကမ်ပို့စ်က သွင်းယူခဲ့ပါတယ်။ ဘိုင်ယန်အတွက် အနိုင်ဂိုးကိုတော့ (၃၄၊ ၁၀၄)မိနစ်တွေမှာ ဂိုဟက်ဇ်ကာနဲ့ လူစားဝင်ကစားသမား မာတီနက်ဇ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်နည်းပြချုပ် ဟန်ဆီဖလစ်က "သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို တက်ကြွအောင် ဆွဲတင်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ကျနော့်ကစားသမားတွေက အနိုင်ရဖို့အတွက် နာကျင်မှုအတားအဆီးကို ဖြတ်ကျော်သွားခဲ့ပါတယ်။"လို့ သူ့ရဲ့အသင်းကို ချီူးကျူးခဲ့ပါတယ်။ 

ပွဲချိန် ၉၉ မိနစ်မှာ ဂိုဟက်ဇ်နေရာ ဝင်ကစားခဲ့တဲ့ မာတီနက်ဇ်ဟာ ပထမအသင်းမှာ နေရာပျောက်ဆုံးပြီးနောက် စပိန်ကို ပြန်ပြောင်းဖို့ ဆက်သွယ်မှုရှိခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းတိုက်ဂိုးက ဖေဖော်ဝါရီလက စတင်တဲ့ ဘိုင်ယန်ရဲ့ ၂၃ ပွဲဆက် နိုင်ပွဲကို ထိန်းသိမ်းပေးခဲ့ပါတယ်။ 

"ဘိုင်ယန်အကျင်္ီဝတ်ဆင်တဲ့အခါတိုင်း ကျနော်ဟာ အမြဲတမ်း ကျနော့်ရဲ့အကောင်းဆုံးကို ပေးဖို့ ကြိုးစားခဲ့ပြီး ဒီကနေ့မှာ ဒါကို နောက်တစ်ကြိမ် ပြသခဲ့ပါတယ်။"လို့ မာတီနက်ဇ်က Sky ကို ပြောခဲ့ပါတယ်။

"ကျနော် ဂိုးသွင်းပြီး အသင်းကို အမြဲတမ်း ကူညီချင်တာပါ။ အိပ်မက်တစ်ခု တကယ်ဖြစ်လာပါတယ်။ 

"၂၀၁၃ မှာလည်း ဂိုးသွင်းယူခဲ့အပြီး ဒီဖလားကို ဒုတိယအကြိမ် ကိုင်မြှောက်ခွင့်ရတဲ့အတွက် ကျနော် အရမ်းပျော်ပါတယ်။" 

ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကိုလည်း သိမ်းပိုက်ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်စူပါဖလားအတွက် ဗုဒ္ဓဟူးနေ့မှာ မြူးနစ်မှာ ဒေါ့မွန်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းတဲ့အခါ ယခုနှစ် ငါးလုံးမြောက် ဖလားကို ရယူသွားနိုင်ပါတယ်။

(AFP)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly