ရွေးကောက်ပွဲကော်မရှင်က အနိုင်ရအမတ်စာရင်းကို သတ်မှတ်ရက်အတိုင်း အပြီးကြေငြာပေးမည်

ရွေးကောက်ပွဲကော်မရှင်က အနိုင်ရအမတ်စာရင်းကို သတ်မှတ်ရက်အတိုင်း အပြီးကြေငြာပေးမည်

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ။ ။ လာမည့်နှစ်ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စား လှယ်များ၏ စာရင်းကို အပြီးကြေညာမည်နိုင်ရန် ရည်မှန်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၃ရက် ညနေက ပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲတွင် ပြောကြားသည်။

တိုင်းနှင့်ပြည်နယ်များမှ ရောက်ရှိလာသည့် အနိုင်ရလာဒ်များကို တရားဝင်ကြေညာနိုင်ရန် အမြန်စိစစ် နေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိလာသမျှကိုလည်း စိစစ်ပြီးသည်နှင့် ကြေညာပေးကြောင်း ဦးမြင့်နိုင်က ပြောသည်။

"မှန်းထားတဲ့ ရက်အတိုင်း ပြီးစီးလိမ့်မယ်လို့ ယူဆတယ်၊ ၁၄၊၁၅ဆိုပြီးသွားလိမ့်မယ်လို့ ကျွန်တော်ယူ ဆတယ်" ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များမှ ရွေးကောက်ပွဲ အနိုင်ရလာဒ်များ အများပြည်သူများသို့ စိစစ်ထုတ်ပြန်နိုင်ရန်အတွက် အဖွဲ့ဝင် ဦးမြင့်နိုင် ခေါင်းဆောင်သည့် ငါးဦးကော်မတီဖွဲ့၍ စိစစ်ပြီး အနိုင်ရလာဒ်များကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာလ(၉)ရက်နေ့မှ(၁၃)ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထား သည့် ရလာဒ် များအခြေအနေများအရ လွှတ်တော်အသီးသီးအားလုံးပေါင်း (၈၉) ရာခိုင်နှုန်း ကြေညာပြီးဖြစ်ကြောင်း နှင့် ကြေညာရန် (၁၁) ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ယနေ့ညနေ သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခုရွေးကောက်ပွဲ ရလာဒ်များ ကြေညာပြီးတွင်လည်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားလှယ်အသိအမှတ်ပြုလွှာများ ပေးအပ်သွားရန် စီစဉ်ပြီးဖြစ်ကြောင်းနှင့် လာမည့်(၄၅)ရက်အတွင်း ရွေးကောက်ပွဲဆိုင်ရာ အစီအရင်ခံစာကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags