တရုတ်အာကာသစခန်းနှင့်ပတ်သက်၍ နာဆာအကြီးအကဲမှ သတိပေး

တရုတ်အာကာသစခန်းနှင့်ပတ်သက်၍ နာဆာအကြီးအကဲမှ သတိပေး
Photo - AFP

စက်တင်ဘာ ၂၄ 

တရုတ်နိုင်ငံမှမဟာဗျုဟာအရအသာစီးမရနိုင်စေရန်နိုင်ငံတကာ အာကာသ စခန်း(International Space Station-ISS)ကိုပိတ်ခဲ့ပြီးနောက် ကမ္ဘာပတ်လမ်းကြောင်းတွင် ဂြိုဟ်တုတစ်ခုရှိနေစေရန်မှာ အမေရိကန်အတွက် အလွန်အရေးကြီးသည်ဟု နာဆာအကြီးအကဲ ဂျင်မ်ဘရိုင်ဒန်စတိန်းက စက်တင်ဘာ လ ၂၃ ရက်(ဗုဒ္ဓဟူးနေ့)တွင်ပြောကြားခဲ့သည်။ 

ISS ၏ပထမဆင့်ကို၁၉၉၈ ခုနှစ် တွင်စတင်ပစ်လွှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိလုပ်ငန်းများဆက်တိုက် လုပ်ဆောင်နေခဲ့သည်။ 

ISS တွင်အမေရိကန်၊ရုရှား၊ဂျပန်၊ဥရောပနှင့်ကနေဒါတို့ပူးပေါင်း၍အာကာသသိပ္ပံဓာတ်ခွဲခန်းကို တည်ထောင်ထားပြီး၂၀၃၀ ပြည့်နှစ်အထိလုပ်ငန်းများ ဆောင်ရွက်နိုင်လိမ့်မည်ဟုမျှော်လင့်ထားသည်။ 

“မိမိအလွန်တရာစိုးရိမ်ပူပန်သောကိစ္စတစ်ခုကိုပြောပြလိုကြောင်း၊ ISS သည် သက်တမ်းကုန်တော့မည့် အချိန်သို့ရောက်တော့မည်ဖြစ်ကြောင်း၊ အမေရိကန်၌ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းတွင်တည်ရှိနိုင်မည့် ဂြိုဟ်တု ရှိနေကြောင်း၊ နောက်ထပ်ဆက်လုပ်ရမည့်ကိစ္စများကိုပြင်ဆင်ထားရတော့မည်ဖြစ်ကြောင်း” ဖြင့် ဘရိုင်ဒန်စတိန်း မှပြောကြားခဲ့သည်။ 

မျက်နှာပြင်အကျယ်အဝန်း ၂၀၀၀ ကီလိုမီတာ(သို့မဟုတ်)ထို့ထက်နည်းသည့် ကမ္ဘာပတ်လမ်းအနိမ့်ပိုင်း တွင်တည်ရှိနိုင်မည့်ဂြိုဟ်တုကိုစီးပွားရေးအရအသုံးပြုနိုင်ရေးဆောင်ရွက်နိုင်ရန် ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက်အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထုတ်ပေးရန်နာဆာမှတောင်းခံခဲ့သည်။ 

အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ စီးပွားရေးအရအသုံးပြုနိုင်သည့်အာကာသစခန်းတည်ထောင်ရန်နာဆာမှ စီစဉ်ပေးနိုင်သောကြောင့် လူလိုက်ပါနိုင်သည့်ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းတွင်တည်ရှိနိုင်မည့်ဂြိုဟ်တုကို လွှတ်တင်နိုင်မည်ဖြစ်ကြောင်း၊ နောက်ထပ်နိုင်ငံတကာအာကာသစခန်းတည်ဆောက်ရန်နှင့်စီးပွားရေး ကဏ္ဍကိုထောက်ပံ့ရန်စိတ်ဝင်စားကြမည်မထင်ကြောင်းဖြင့် ဘရိုင်ဒန်စတိန်း  မှပြောကြားခဲ့သည်။  

တရုတ်အစိုးရမှ ၂၀၂၂ ခုနှစ်တွင်လွှတ်တင်ရန်မျှော်လင့်ထားသည့် တရုတ် အာကာသစခန်းထက်သာ အောင် အမေရိကန်တို့၏အာကာသစခန်းကိုလွှတ်တင်ရန်မှာအလွန်အရေးကြီးသည်ဟု ဘရိုင်ဒန်စတိန်း မှကွန်ဂရက်အမတ်များကိုသတိပေးပြောကြားခဲ့သည်။ 

တရုတ်အာကာသစခန်းအမည်မှာ ထျန်းဂွန် ဖြစ်ပြီးအဓိပ္ပာယ်မှာကောင်းကင်ဘုံနန်းတော်ဖြစ်သည်။ အဆိုပါအာကာသစခန်းတွင်နိုင်ငံ ၁၇ နိုင်ငံတို့နှင့်ပူးပေါင်း၍ သိပ္ပံနည်းကျစမ်းသပ်မှုများကိုပြုလုပ် သွားမည်ဟုတရုတ်နိုင်ငံပိုင်မီဒီယာမှဇွန်လကကြေညာခဲ့သည်။ 

ပူးပေါင်းပါဝင်မည့်နိုင်ငံများတွင်ပြင်သစ်၊ဂျာမနီနှင့်ဂျပန်နိုင်ငံတို့ကဲ့သို့သောဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ကင်ညာ၊ပီရူးတို့ကဲ့သို့သောနိုင်ငံများလည်းပါဝင်သည်ဟု ဆင်ဟွာသတင်းဌာနမှပြောကြားခဲ့သည်။ 

တရုတ်သည်”တရုတ်နိုင်ငံတကာအာကာသစခန်း”ဟုခေါ်သည့်စခန်းကို အလျင်အမြန်တည်ဆောက် လျက်ရှိကြောင်း၊တရုတ်တို့သတ်မှတ်ထားသည့်အချိန်ကိုကျော်လွန်သွားပါကမိမိတို့ကြိုးပမ်းလုပ်ဆောင်ထားသမျှအားလုံးကိုစွန့်လွှတ်ရနိုင်ပြီးအာကာသလွှမ်းမိုးမှုကိုတရုတ်တို့ထံပေးအပ်လိုက်ရလျှင်ဝမ်းနည်း ဖွယ်ဖြစ်ရလိမ့်မည်ဟု ဘရိုင်ဒန်စတိန်း ကပြောကြားခဲ့သည်။ 

ISS တွင်  ကြွက်သားများယိုယွင်းလာသူများအတွက် မျက်ကြည်လွှာအတုရရှိရန်သုံးဖက်မြင်စနစ်ဖြင့် လူသားအင်္ဂါပုံစံများထုတ်နိုင်သည့်ဆေးဝါးတီထွင်မှုအပါအဝင်အဆင့်မြင့်သိပ္ပံနည်းစနစ်အများအပြားကိုစမ်းသပ်နိုင်ကြောင်း၎င်းကရှင်း ပြခဲ့သည်။ 

ကုမ္ပဏီများအတွက်အာကာသစခန်းတည်ထောင်နိုင်ရန် နာဆာ သည်ရံပုံငွေလိုအပ်နေကြောင်း၊ နောက်ဆုံးအနေဖြင့်အာကာသနယ်မြေကိုအခြားနိုင်ငံထံမပေးအပ်ရရေးမှာအလွန်အရေးကြီးကြောင်းဖြင့် ဘရိုင်ဒန်စတိန်း ကပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly