လူ ၄၁ ဦးသေဆုံးခဲ့သော လက်ဘနွန်ဗုံးခွဲမှုနှစ်ခုမှာ ၄င်းတို့လက်ချက်ဟု အိုင်အက်စ်ပြော

လူ ၄၁ ဦးသေဆုံးခဲ့သော လက်ဘနွန်ဗုံးခွဲမှုနှစ်ခုမှာ ၄င်းတို့လက်ချက်ဟု အိုင်အက်စ်ပြော

ဘေရွတ်၊ နိုဝင်ဘာ ၁၃ ။               ။ ရှီယိုက်လှုပ်ရှားမှု ဟစ်ဇ်ဘိုလာ၏ ဘေရွတ်အမာခံနယ်မြေတစ်ခုရှိ စည်ကားသောဈေးလမ်းတစ်ခုပေါ်တွင် နိုဝင်ဘာ၁၂က ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၄၁ဦးသေဆုံးခဲ့ရာ ဗုံးဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အုပ်စုက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်သည်။

သေဆုံးသူများအပြင် ဒဏ်ရာရသူ ၂၀၀ကျော်ရှိပြီး အများအပြားမှာ စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီး ဝဲလ်အဘူဖာအာဝါးက အခင်းဖြစ်ပွားရာနေရာမှ ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုမှာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို စစ်ရေးထောက်ခံမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်။

လမ်းဈေးတစ်ခုလည်းရှိသော ဘာ့ဂျ်အယ်လ်ဘာရတ်နေ ရပ်ကွက်ရှိ ကျဉ်းမြောင်းသောဈေးလမ်းတစ်ခုတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်တို့က အွန်လိုင်းမှ ကြေညာခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများကို ဆိုင်ကယ်တစ်ခုတွင် ထောင်ထားခဲ့ခြင်းဖြစ်သည်ဆိုသည်။ ထို့နောက် အသေခံဗုံးခွဲသမားက ၎င်း၏ခါးပတ်ဗုံးကို ဖောက်ခွဲလိုက်သည်ဟု ကြေညာခဲ့သည်။

တိုက်ခိုက်မှုများကို အသေခံဗုံးခွဲသမားနှစ်ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲမှုမပြုလုပ်နိုင်ခဲ့သော တတိယမြောက်လူ၏ အလောင်းကို ဒုတိယပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့ကြောင်း စစ်တပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly