အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကာဗာနီကို မျက်စိကျနေတဲ့ ရီးယဲလ်မက်ဒရစ်

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကာဗာနီကို မျက်စိကျနေတဲ့ ရီးယဲလ်မက်ဒရစ်
Photos: EPA

 အီဒင်ဆန် ကာဗာနီကို လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်က ခေါ်ယူနိုင်ခွင့်အခြေအနေရှိတာကြောင့် တိုက်စစ်ကစားသမားကို မျက်စိကျနေတယ်လို့ သိရပါတယ်။ 

ချန်ပီယံလိဂ်ဒုတိယရေရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းမှာ  ဥရုဂွေးတိုက်စစ်မှူးရဲ့ စာချုပ်ဟာ နွေရာသီမှာ ကုန်ဆုံးသွားလို့ လက်ရှိမှာ အလွတ်ခေါ်ယူနိုင်မယ့်ကစားသမားဖြစ် ရှိနေတာပါ။ 

သူ့ရဲ့ လုပ်ခလစာဟာ မြင့်မားပြီး တစ်နှစ်ပေါင် ၆.၄ သန်းဝန်းကျင်လောက် ပေးချေနိုင်ရပေမယ့် ဒီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ် ခေါ်ယူထားခြင်းမရှိသေးတဲ့ နည်းပြ ဇီဒန်းဟာ အသက် ၃၃ နှစ်ကစားသမားကို ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ စပိန်နေ့စဉ်သတင်းစာ MARCA အရ သိရပါတယ်။ 

သတင်းတွေမှာ အသေးစိတ်ဖော်ပြချက်အရ တနင်္ဂနွေနေ့က ဆိုစီဒက်ကို ရီးယဲလ်အသင်းက ဂိုးမရှိသရေကျခဲ့ပြီးနောက် ကာဗာနီဟာ စပိန်ကလပ်အသင်းကြီးကို ကိုယ်တိုင် ကမ်းလှမ်းခဲ့ပြီး အသင်းကလည်း ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

မက်ဒရစ်ဟာ ပြောင်းရွှေ့ကြေး ပါဝင်မှာ မဟုတ်တဲ့ ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ 

နွေရာသီက ပီအက်စ်ဂျီနဲ့ လမ်းခွဲကတည်းက ကာဗာနီရဲ့ ကိုယ်စားလှယ်တွေဟာ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ရိုးမား၊ ဘင်ဖီကာနဲ့ ဘရာဇီးလ်ကလပ် ဂရမ်မီယိုအသင်းတွေအပါအဝင် ကလပ်အသင်းတော်တော်များနဲ့ စကားပြောဆိုခဲ့ပါတယ်။ 

ကာဗာနီဟာ ပြင်သစ်မြို့တော်မှာ ၇ နှစ်ကြာ နေထိုင်မှုအဆုံးသတ်ပြီးတဲ့နောက်မှာ လက်ရှိမှာ ဥရုဂွေးရှိ နေအိမ်မှာ တစ်ဦးတည်း လေ့ကျင့်ခန်းပြုလုပ်နေပါတယ်။

ပဲရစ်မှာ ရှိစဉ်အတွင်း ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်  ဥရောပရဲ့ အမြင့်ဆုံးဖလား မဆွတ်ခူးနိုင်ခဲ့ပေမယ့် လီဂူ-၁ ချန်ပီယံ ၆ ကြိမ်၊ ပြင်သစ်ဖလား ၄ ကြိမ်နဲ့ ပြင်သစ်လိဂ်ဖလား ၅ ကြိမ် ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ဥရုဂွေးကစားသမားဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၀၁ ပွဲကစားခဲ့ပြီး စုစုပေါင်းဂိုး ၂၀၀ သွင်းယူခဲ့ပါတယ်။ 

ဒါကပဲ အသင်းဖော်ဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ထက် ၄၄ ဂိုးအသာနဲ့ သူ့ကို ပီအက်စ်ဂျီရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်စေခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly