ကမ္ဘာလုံးဆိုင်ရာသားကြောဖြတ်နေ့ အမျိုးသားထောင်ပေါင်းများစွာ သားကြောဖြတ်ကြမည်

ကမ္ဘာလုံးဆိုင်ရာသားကြောဖြတ်နေ့ အမျိုးသားထောင်ပေါင်းများစွာ သားကြောဖြတ်ကြမည်

ဂီယန်ယာ၊ နိုဝင်ဘာ ၁၃ ။                ။ ကမ္ဘာတစ်ဝန်းမှ အမျိုးသားထောင်ပေါင်းများစွာသည် နိုဝင်ဘာ ၁၃တွင် သားကြောဖြတ်ခံကြမည်ဖြစ်ပြီး မိသားစုစီမံကိန်းတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရေး အမျိုးသားများကို အားပေးရန် စီစဉ်သူများက ထိုနေ့ကို ကမ္ဘာလုံးဆိုင်ရာအမျိုးသားသားကြောဖြတ်နေ့ဟု အမည်ပေးသည်။

ကမ္ဘာလုံးဆိုင်ရာအမျိုးသားသားကြောဖြတ်နေ့အထိမ်းအမှတ်အဖြစ် မိမိဆန္ဒအလျောက်ပြုလုပ်လိုသူ အမျိုးသား ၃,၀၀၀ကျော်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ဆရာဝန် ၇၅၀ က သားကြောဖြတ်ပေးမည်ဖြစ်ပြီး ခွဲစိတ်မှုများစွာကို အခမဲ့သို့မဟုတ် ဈေးလျှော့၍ပြုလုပ်ပေးမည်ဖြစ်သည်။

"မိသားစုစီမံကိန်းအတွက် တာဝန်ယူကူညီတဲ့အတွက် အမျိုးသားတွေဟာ သူတို့ရဲ့ဇနီးမယားတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ ကျွန်တော်တို့ရဲ့ အနာဂါတ်အတွက် သူရဲကောင်းတွေ ဖြစ်လာပါတယ်"ဟု ကမ္ဘာ့သားကြောဖြတ်နေ့ကို ပူးတွဲတည်ထောင်သူ ဂျိုနသန်စတက်က ပြောသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအချို့တွင် အမျိုးသမီးများအတွက် ခေတ်မီပဋိသန္ဓေတားဆေးရနိုင်ဖွယ်မရှိကြောင်း စည်းရုံးလှုံ့ဆော်သူများနှင့် လှူဒါန်းသူများထံမှ သတင်းတစ်ခုထွက်ပေါ်စဉ် ယင်းကဲ့သို့ သားကြောဖြတ်မည့်ပွဲကို ကျင်းပမည်ဖြစ်သည်။

ယခုနှစ်တွင် ကမ္ဘာ့အမျိုးသားသားကြောဖြတ်နေ့အတွက် ရုံးချုပ်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်ရှိ ဘုရားကျောင်းတစ်ခုတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပထမဆုံးပြုလုပ်မည့် အမျိုးသားခြောက်ဦးကို ပရိတ်သတ်သို့ တင်ပြပြောဆိုစေခဲ့သည်။ ထို့နောက် ရွေ့လျားဆေးခန်းသို့ ခေါ်ဆောင်ပြုလုပ်သည်။

ကမ္ဘာတစ်ဝန်း ကိုယ်ဝန် ဆယ်ခုလျင် လေးခုမှာ အစီအစဉ်မရှိဘဲရလာဖြစ်ပြီး မိသားစုစီမံကိန်းသည် အမျိုးသမီးများအပေါ် များပြားလွန်းနေကာ မရည်ရွယ်သော နောက်ဆက်တွဲကိစ္စများကို    ဖြေရှင်းနေရသည်ဟု စီစဉ်သူများက ပြောသည်။

ခွဲစိပ်မှုလုပ်ငန်းစဉ်မှာ အန္တရာယ်ကင်း၍ အများစုမှာ လိင်မှုဘဝအပေါ်ထိခိုက်မှုမရှိသော်လည်း နိုင်ငံအများအပြားတွင် သားကြောဖြတ်သည့် အမျိုးသားအရေအတွက်မှာ တစ်ရာခိုင်နှုန်းအောက်သာ ရှိသည်ဟု စီစဉ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly