ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို အငှားနဲ့ ပြန်ခေါ်တဲ့ တော့တင်ဟမ်

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို အငှားနဲ့ ပြန်ခေါ်တဲ့ တော့တင်ဟမ်
Photos: Tottenham Hotspur/Twitter

တော့တင်ဟမ်အသင်းဟာ စပိန်ချန်ပီယံ ရီးယဲလမက်ဒရစ်မှ ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ 

အသက် ၃၁ နှစ်ရှိ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ စပါးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဂိုး ၁၀၀ ကျော်သွင်းယူခဲ့ပြီး ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ 

"ပြန်လည်ရောက်ရှိလာရလို့ ဝမ်းသာပါတယ်။ ဒါက ကျနော့်အတွက် အထူးသီးသန့်ကလပ်အသင်းပါ။ ဒီအသင်းမှာ ကျနော်နာမည်ကို ရေးထိုးခဲ့ပါတယ်။"လို့ ဘေးလ်က ပြောပါတယ်။ 

"အခုချိန်မှာ ကျနော် ပွဲစဉ်အချို့ကို ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ပြီး အသင်းကို တကယ် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆုဖလားတွေ ဆွတ်ခူးမယ်လို့လည်း မျှော်လင့်ပါတယ်။"

စပါးအသင်းက ယခုလအစောပိုင်းက ဝေးလ်အသင်းအတွက် ကစားပေးရာမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဘေးလ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး "အောက်တိုဘာလရဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူဟာ ပြိုင်ပွဲအတွက် ကြံ့ခိုင်မှုရှိလိမ့်မယ်"လို့ သူတို့က မျှော်လင့်နေတာပါ။ 

ဒါကြောင့် အဆိုပါတိုက်စစ်မှူးဟာ လာမယ့် ပွဲစဉ် ၅ ပွဲကို လွဲချော်မှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီး အောက်တိုဘာ ၁၇ ရက်မှာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ ပထမဆုံးပွဲထွက်ကစားနိုင်မှာဖြစ်ပါတယ်။ 

ဘေးလ်ဟာ ရီးယဲလ်မှာ လာလီဂါဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ ကြိမ်၊ စူပါဖလား ၃ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်လည်းရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly