ဒီပေး၏အကျင်္ ီရောင်းအားမှာ မက်ဆီနှင့် စီရော်နယ်ဒိုပြီးနောက် တတိယလိုက်

ဒီပေး၏အကျင်္ ီရောင်းအားမှာ မက်ဆီနှင့် စီရော်နယ်ဒိုပြီးနောက် တတိယလိုက်

နိုဝင်ဘာ ၁၃၊ မန်ချက်စတာ ။           ။ မန်ယူတောင်ပံကစားသမား ဒီပေး၏ အင်္ကျ ီရောင်းအားမှာ မက်ဆီနှင့် စီရော်နယ်ဒိုပြီးနောက် တတိယနေရာတွင်ရပ်တည်နေသည်။ လက်လီဖြန့်ချိသူ ကစ်ဘတ် မှပေးပို့လာသည့် အံ့အားသင့်ဖွယ်အချက်အလက်ကို မန်ယူအမှုဒုဥက္ကဋ္ဌ ဝုဒ်ဝက်က ကြာသပတေးနေ့တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကွင်းလယ်ကစားသမားရှဝိန်းစတိုင်ဂါသည်လည်း မန်ယူအသင်းသို့ပြောင်းရွှေ့လာပြီးနောက် ပရိသတ်များအမှာယူဆုံး နံပါတ် ၃၁ မှ နံပါတ် ၄ နေရာသို့ရောက်လာသည်ဟု ကစ်ဘတ်ကဆိုကြောင်းလည်း ဝုဒ်ဝက်ကဖြည့်စွက်ပြောသည်။

"ဇူလိုင်ကနေ စက်တင်ဘာအတွင်း ရောင်းအားအကောင်းဆုံး ကစားသမားအင်္ကျ ီစာရင်းကို ကစ်ဘတ်ကထုတ်ပြန်ခဲ့တာကို ကျွန်တော်ပြန် ပြောပြသင့်တယ်ထင်ပါတယ်။ ဒီပေးဟာ မျက်နှာသစ် ကစားသမားအဖြစ်ပါဝင်လာပြီး ကမ္ဘာပေါ်မှာ မက်ဆီနဲ့ စီရော်နယ်ဒိုအင်္ကျ ီပြီးနောက် တတိယအရောင်းရဆုံးပါ။ အရောင်းရဆုံး ၁၀ စာရင်းမှာလည်း မန်ယူကစားသမားတွေဖြစ်တဲ့ ရှိဝိန်းစတိုင်ဂါနဲ့ ရွန်နီအင်္ကျ ီတွေ ပါဝင်ပါတယ်။

မနှစ်တုန်းက ဘိုင်ယန်မြူးနစ်ကစားသမား ရှဝိန်းစတိုင်ဂါရဲ့ အင်္ကျ ီက နံပါတ် ၃၁ သာချိတ်ပေမယ့် ဒီနှစ်မှာတော့ နံပါတ် ၄ နေရာကိုရောက် လာပါတယ်"ဟု ဝုဒ်ဝက်ကပြောသည်။
ယင်းအချက်အလက်မှာ အိုးထရက်ဖို့ဒ်သို့နာမည်ကြီးကစားသမားများလာရောက်အောင်စွဲဆောင်ရန် ကောင်းမွန်သည့်အချက်ဖြစ်လာမည်ဟု လည်း ဝုဒ်ဝက်ကပြောသည်။

နွေရာသီတွင် ပီအက်စ်ဗွီအသင်းမှ ပေါင် ၂၅ သန်းဖြင့်ပြောင်းလာသည့် အသက် ၂၁ နှစ်အရွယ် ဒီပေးသည် ရာသီအစပိုင်းတွင် ခြေစွမ်းပြနိုင်ခဲ့ သော်လည်း အောက်တိုဘာလအတွင်း အာဆင်နယ်ကို ၃-၀ ဖြင့်ရှုံးသည့်နောက်ပိုင်းကတည်းက ပွဲထွက်ခွင့်ပျောက်နေပြီး နယ်သာလန် လက်ရွေးစင်အသင်းမှလည်း ချန်လှပ်ခံထားရသည်။

အင်္ကျ ီရောင်းအားအကောင်းဆုံး ကစားသမား ၁၀ ဦးမှာ မက်ဆီ၊ စီရော်နယ်ဒို၊ ဒီပေး၊ ရှိဝိန်းစတိုင်ဂါ၊ ဟာဇက်၊ ရွန်နီ၊ နေမာ၊ အဂူရို၊ ဆန်းချက်ဇ်နှင့် ကော်တင်ဟိုတို့ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly