အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

စက်တင်ဘာ ၁၉

အလည်အပတ်ရောက်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူနှင့် ညစာစားပွဲတွင် ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်က အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမည်ဟု ကတိပြုပြောဆိုသည်။

ယင်းနေ့တစ်နေ့တည်းမှာပင် အဆိုပါ ခရီးစဉ်အား အမျက်ထွက်ကြောင်း ဖော်ပြခြင်းအဖြစ် တရုတ်က တိုက်လေယာဉ် ၁၈ စင်း စေလွှတ်ကာ ထိုင်ဝမ်ကျွန်းကို အနှောင့်အယှက်ပေးခဲ့သည်။

တရုတ်နိုင်ငံက တိုက်ပွဲဝင်ပုံစံ စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့အစောပိုင်းက ကြေညာပြီး ၎င်း ပိုင်ဆိုင်သည်ဟု ဆိုထားသော ထိုင်ဝမ်ကျွန်းနှင့် အမေရိကန်ကြားက လျှို့ဝှက်ကြံစည်မှုကို ရှုတ်ချခဲ့သည်။ တရုတ်၏ တိုက် လေယာဉ်များကို တုံ့ပြန်ပြီး ထိုင်ဝမ်ကလည်း ၎င်း၏ လေတပ်ကို ချက်ချင်းစေလွှတ်ခဲ့သည်။

အမေရိကန် စီးပွားရေးရာအတွင်းဝန် ကိရှ်ကရေ့သည် တိုင်ပေသို့ သုံးရက်တာခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် ရောက်ရှိခြင်းဖြစ်ရာ နှစ်လေးဆယ်အတွင်း ထိုင်ဝမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး လာရောက်ခြင်းပဲ ဖြစ်သည်။

ကရေ့နှင့် အဖွဲ့အား ညစာတည်ခင်းဧည့်ခံရာ၌ သမ္မတ ထိုက်အန်ဝန်က ထိုင်ဝမ်၏ ဒီမိုကရေဖခင်ကြီး ကွယ်လွန်သူ သမ္မတ လီထျန်ဟွေ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ ယခုကဲ့သို့ လာရောက်တက်ရောက်ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟု သမ္မတရုံးက သောကြာနေ့နှောင်းပိုင်းတွင် ထုတ်ပြန်သည်။

“ကျွန်မအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ချမ်းသာကြွယ်ဝရေးနဲ့ ဖွံ့ဖြိုးရေးတို့အတွက် ထိုင်ဝမ်နဲ့ အမေရိကန်ကြားမှာ အတူတကွ ဆက်လက်အားပေးဖော်ဆောင်သွားဖို့ မျှော်လင့်ပါတယ်။”ဟု ထိုက်အန်ဝန်က ပြောကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးသည် နီးကပ်သော အပြန်အလှန်အကျိုးပြုများ တိုးမြှင့်ခြင်းနှင့်အတူ မကြာသေးသော နှစ်များအတွင်း ခိုင်ခိုင်မာမာ တိုးတက်လာခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အမေရိကန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားရန် ထိုင်ဝမ်က ကတိထားရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly