ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တရုတ်က နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ တိုးမြှင့်စမ်းသပ်မည် 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တရုတ်က နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ တိုးမြှင့်စမ်းသပ်မည် 

စက်တင်ဘာ ၁၈

နောက်ဆုံးစမ်းသပ်အဆင့် ရောက်နေသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တရုတ်နိုင်ငံက ယခုနှစ်မကုန်မီ နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ စမ်းသပ်ရန် ရှိနေသည်။ 

ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ရုန်းကန်နေရသည့် ထွန်းသစ်စနိုင်ငံများတွင် ကာကွယ်ဆေး သံခန်းတမန်ခင်းအဖြစ် မြှင့်တင်ရန် တရုတ်နိုင်ငံက လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ 

နိုင်ငံတွင်း၌ ကူးစက်မှုအသစ် နှုန်းထား ကျဆင်းခြင်းနှင့်အတူ တရုတ်ဆေးဝါး ထုတ်လုပ်သည့်ကုမ္ပဏီများက အဆင့် ၃ ကာကွယ်ဆေးကို စမ်းသပ်ရန် ပြည်ပနိုင်ငံများအား ရှေရှုလာလျက် ရှိသည်။ ကာကွယ်ဆေးကို အဆင့် ၃ စမ်းသပ်မှုမှာ ဆေးဝါး၏ ထိရောက်မှုနှင့် ဘေးကင်းမှုတို့ကို အကြီးစား စမ်းသပ်ခြင်းလည်းဖြစ်သည်။ 

ထိုစမ်းသပ်မှုများတွင် တရုတ်၏ ရပ်ဝန်းနှင့် လမ်းပိုင်းစီမံကိန်း၌ ရှိနေသော နိုင်ငံအများစုဖြစ်သည့် နိုင်ငံကိုးနိုင်ငံက လက်ရှိတွင် ပါဝင်နေပြီး နှစ်မကုန်မီ ပါဝင်သည့်နိုင်ငံ နှစ်ဆတိုးလာမည် မျှော်လင့်ထးသည်။ 

တရုတ်၏ ပြည်ပ၌ ကာကွယ်ဆေးအား အသည်းအသန် စမ်းသပ်မှုသည် ထွန်းသစ်နိုင်ငံများ စိတ်ကြိုက်ဖြစ်ရန်နှင့် ၎င်း၏ ဩဇာအာဏာစက်ကို ချဲ့ထွင်ရန်ဟု အများအပြားက ရှုမြင်ထားသည်။ သို့သော် တရုတ် ကာကွယ်ဆေး ထုတ်လုပ်မှုက တစ်ဟုန်ထိုး ရှေ့တိုးခြေလှမ်းများ ရောက်ရှိနေခြင်းအပေါ် ပညာရှင်များကြား ဘေးကင်းလုံခြုံမှုပိုင်း၌ စိုးရိမ်မှုများ မြင့်တက်စေသည်။ 

နိုင်ငံပိုင် China National Pharmaceutical Group က လက်ရှိတွင် ယူအေအီး၊ ဘာရိန်းနှင့် ပီရူးအပါအဝင် နိုင်ငံခြောက်နိုင်ငံ၌ ၎င်း၏ ကာကွယ်ဆေးကို အဆင့် ၃ စမ်းသပ်မှု ပြုလုပ်လျက်ရှိသည်။ 

Sinopharm ဟု သိထားသည့် ယင်း ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်နှင့် စမ်းသပ်မှုလုပ်ဆောင်ရေးအတွက် သဘောတူညီချက်များ လက်မှတ်ထိုးထားပြီဟု ဆိုသည်။ Sinopharm ၏ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် ယူအေအီးနိုင်ငံက တနင်္လာနေ့၌ ခွင့်ပြုချက် ပေးထားပြီလည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly