ထိုင်ဝမ်သမ္မတဟောင်း အောက်မေ့ဖွယ်အခမ်းအနားသို့ အမေရိကန်က စီးပွားရေးထိပ်တန်းအကြီးအကဲကို စေလွှတ်

ထိုင်ဝမ်သမ္မတဟောင်း အောက်မေ့ဖွယ်အခမ်းအနားသို့ အမေရိကန်က စီးပွားရေးထိပ်တန်းအကြီးအကဲကို စေလွှတ်

စက်တင်ဘာ ၁၈

စနေနေ့တွင် ကျရောက်သော ထိုင်ဝမ်သမ္မတဟောင်း လီထျန်ဟွေ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ အမေရိကန် စီးပွားရေးရာ အတွင်းဝန် ကိရှ်ကရေ့က သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

ထို လုပ်ဆောင်ချက်သည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေး အဆုတ်ယုတ်ဆုံး ဖြစ်နေချိန်၌ တရုတ်အတက် အမျက်ထွက်စရာ လုပ်ရပ် ဖြစ်နိုင်သည်။ 

အပြန်အလှန် စီးပွားရေးဆွေးနွေးပွဲတစ်ရပ်ကို ထူထောင်ခြင်းဖြင့် ထိုင်ဝမ်နှင့် ဆက်ဆံရေးကို အမေရိကန်က မြှင့်တင်သွားမည်ဟု ပြီးခဲ့သည့်လအတွင်းက အရှေ့အာရှရေးရာ အမေရိကန်အကြီးတန်းသံတမန် ဒေးဗစ်စတေး ဝဲလ်က ပြောလိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့က ကြေညာလာသည့် ယခု ကိရှ်ကရေ့၏ ခရီးစဉ်ကို တော်တော်များများက မျှော်လင့်ထားကြခြင်း ဖြစ်သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနက စီးပွားရေးဆွေးနွေးပွဲအကြောင်းကိုမူ မဖော်ပြသော်လည်း ထိုင်ဝမ်နှင့် စီးပွားရေးဆက်ဆံမှု မည်သို့ ဆောင်ရွက်မည်နှင့် တရုတ်အပေါ် သတိထားသွားရမည်ဆိုခြင်းနှင့် ပတ်သက်ကာ အမေရိကန် အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲနေပုံ ရှိသည်ဟု အကဲဖြတ်များက ဆိုသည်။ 

ကရေ့၏ တိုင်ပေခရီးစဉ် ဖြစ်လာနိုင်ခြင်းနှင့် ပတ်သက်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝန်ဝင်ပင်းအား မေးမြန်းရာ၌ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ထိုင်ဝမ်ကြား တာဝန်ရှိသူများ အပြန်အလှန် ဆက်ဆံမှု ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ဆိုးဝါးစွာ ပျက်စီးလိမ့်မည်ဟု သတိပေးသည်။ 

ထိုင်ဝမ်အစိုးရက ကရေ့၏ ခရီးစဉ်သည် ကြာသပတေးနေ့တွင် စတင်မည်ဟု ပြောသော်လည်း စီးပွားရေးဆွေးနွေးပွဲများအကြောင်း တိုက်ရိုက်ထုတ်ပြန်ခြင်း မရှိပေ။ ကရေ့စ်သည် ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်နှင့် သောကြာနေ့ ညနေပိုင်း၌ တွေ့ဆုံရန်ရှိသည်ဟု သမ္မတရုံးက ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly