တရုတ်ကြွေးမြီထောင်ချောက်က မော်လဒိုက်အစိုးရကို ခြောက်လှန့်နေ

တရုတ်ကြွေးမြီထောင်ချောက်က မော်လဒိုက်အစိုးရကို ခြောက်လှန့်နေ

စက်တင်ဘာ ၁၇

မော်လဒိုက် စီးပွားရေးလုပ်ငန်းရှင်ကြီး အာမက် ဆီယမ်က တရုတ်နိုင်ငံပိုင်  ပို့ကုန်-သွင်းကုန်ဘဏ်မှ ချေးယူထားသော ဒေါ်လာ ၁၂၇.၅ သန်းကို  အပြေးအလွှားပြန်ဆပ်လိုက်နိုင်ချိန်တွင် အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံလေး ဖြစ်သော မောလဒိုက်အနေဖြင့် တရုတ်ကြွေးမြီထောင်ချောက်ထဲသို့ ကျရောက်တော့မည့် စိုးရိမ်စိတ်များ သက်သာရာရသွားတော့သည်။ သို့သော်ငြားလည်း ဩဂုတ်လ အကြွေးပြန်ဆပ်မှုက လျို့ဝှက်မှုတွေပြည့်နှက်နေသည့်  တရုတ်၏ အကြွေးစနစ်တွင် ဒေါ်လာဘီလီယံပေါင်းများစွာ ချေးယူခြင်းသည် အန္တရာယ်များစွာကြုံရနိုင်ကြောင်း သတိပေးနေခဲ့သည်။

တရုတ်၏ Exim Bank က မော်လဒိုက်အစိုးရကို ဂျူလိုင်လဆန်းက   ဆန်း ဆီယမ် Sun Siyam (လုပ်ငန်းရှင်ကြီးအများသိကြသော နာမည်) သို့ သတိပေးစာတစ်စောင်ပေးပို့ရာတွင် သြဂုတ်လ အစောဆုံးထားပြီး ဒေါ်လာ ၁၀ သန်းကို ပြန်ပေးရန် ပါရှိသည်။ ဆီယမ်၏ ကုမ္ပဏီဖြစ်သော Ahmed Siyam Holdings (ASH) သည် ထိုစဉ်အချိန်က အကြွေးပြန်မဆပ်နိုင်သော အခြေအနေဖြစ်နေခဲ့သည်။

အကယ်၍ ဆီယမ်အနေဖြင့် အကြွေးပြန်မဆပ်နိုင်ပါကာ အကြွေးကို နိုင်ငံတော်မှပြန်ဆပ်ပေးရန် တောင်းဆိုနိုင်ခြင်းကို တရုတ်ဘဏ်အနေဖြင့် မော်လဒိုက်သမ္မတ အီဘရာဟင် မိုဟာမက် ဆိုလစ်အထိ သက်သေရှိနေသည်။

 EXIM ဘဏ်သည် ထိုကဲ့သို့သော တောင်းဆိုမှုများ လုပ်နိုင်ခြင်းမှာ ပုဂ္ဂလိက မော်လဒိုက် ကုမ္ပဏီသို့ ချေးငွေပေးခြင်းကို  အချုပ်အခြာ အာဏာပိုင်အာမခံမှုဖြင့် ကျောထောက်နောက်ခံပြုထားသောကြောင့် ဖြစ်သည်။
 
" ASH ဟာ အတိုးပေးရဖို့ရှိနေခဲ့တယ်၊ ငွေပြန်ဆပ်ဖို့နဲ့ ဇူလိုင်လမှာ အာမခံကတိကဝတ်ကြေးပေးချိန်ရောက်နေခဲ့တယ်" ဟု သမ္မ ဆိုလစ်၏ရုံး အကြီးတန်းအရာရှိတစ်ဦးက နစ်ကိုင်းအေရှားရီဗျူးသို့ ပြောသည်။ " ASH အနေနဲ့ ပေးရမယ့်အချိန်မှာ အကြွေးမဆပ်နိုင်ဘူးဆိုတော့ အစိုးရက အာမခံသူအနေနဲ့ ဆပ်ပေးဖို့ တောင်းခံလာတယ်" အကယ်၍ ASHမဆပ်နိုင်ပါကာ သဘောတူညီချက်အရ အစိုးရကပေးရန် အတင်းဖိအားပေးခံရလိမ့်မှာ ဖြစ် ကြောင်း အဆိုပါအရာရှိကပြောသည်။
 
 စီးပွားရေးလုပ်ငန်းရှင်နှင့် အစိုးရအပေါ် တရုတ်၏ ဖိအားပေးမှုသည် တောင်အာရှနိုင်ငံများရှိ မဟာဗျူဟာအရ မကြုံစဖူး ဖြစ်ခဲ့ပြီး တောင်အာရှရှိ အတွေ့အကြုံရှိ လေ့လာသူများက ၎င်းကိုဒေသတွင်းရှိ အခြားနိုင်ငံများသို့ သတိပြုစရာတစ်ခုအဖြစ် အလျင်အမြန် အလံထောင်ပြလိုက်သည်။
 
EXIM ဘဏ်၏ ASH ချေးငွေကို ကိုင်တွယ်ဖြေရှင်းခြင်းသည် သမ္မတ အဗ္ဗဒူလာ ရမ်မင်း အုပ်ချုပ်စဉ်က အမှောင်ခြမ်းဘက်ဖြစ်သည့် တရုတ်နိုင်ငံသည် မော်လ်ဒိုက်များသို့ ချေးငွေများ ထုတ်ချေးခြင်းကို အမှတ်ရစေသည်။  သူ၏အာဏာရှင်သက်တမ်းငါးနှစ်သည် ၂၀၁၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီး တရုတ်နှင့် ပရောပရီလုပ်ခဲ့ခြင်းက ထင်ရှားခဲ့သည်။ ယမ်မင်းသည် ငွေကြေးခဝါချမှုဖြင့် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ထောင်ချခံခဲ့ရပြီး  နိုင်ငံ၏ အမြတ်အစွန်းများသော ခရီးသွားလုပ်ငန်းနှင့်လည်း ဆက်စပ်လှုတ်ရှားမှုများရှိနေခဲ့သည်။

Exim Bank သည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် နိုင်ငံအတွင်း အကြီးဆုံးအပန်းဖြေစခန်း တည်ဆောက်ရန် ဆီယမ်း Siyam နှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံ၏ မော်လ်ဒိုက်နိုင်ငံ သံအမတ် ဝမ်ဖူကန်ကိုယ်တိုင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။  သို့သော်မြို့တော် မာလီရှိ တရုတ်သံရုံးက ဤစီမံကိန်း၏  အချက်အလက်များကို ၎င်း၏ ဝက်ဘ်ဆိုက်တွင်သာ သာမန်ကာလျှံကာသာ တင်ခဲ့သည်။

ဆီယမ်ကို ချေးငွေတိုးချေးချိန်တွင် သူသည် ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သမ္မတ အဗ္ဗဒူလာ ရမ်မင်း ၏ အာဏာရညွန့်ပေါင်းအဖွဲ့ကို ကျောထောက်နောက်ခံပေးနေသူဖြစ်သည်။ ထိုငွေမှာ မော်လဒိုက်အနေဖြင့် တရုတ်ကိုပေး ဆပ်ရန်ရှိသည့်အကြွေး ဒေါ်လာ ၁.၄ ဘီလီယံ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောတတ်သော ဆိုလစ်၏ နိုင်ငံရေးမဟာမိတ်များကတော့ ဒေါ်လာ ငါးဘီလီယံသာရှိသော မော်လဒိုက်၏ စီးပွားရေးတွင် တရုတ်ကိုပေးဆပ်ရမည့်အကြွေးမှာ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကပ်နေပြီဟုဆိုသည်။ သို့သော် ထိုအချက်ကို တရုတ်က ငြင်းဆိုထားသည်။

Transparency International ၏ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ တိုင်းပြည်ဌာနခွဲဖြစ်သည့် Transparency Maldives က ချေးငွေသည် အဗ္ဗဒူလာ ရမ်မင်း နှင့် ဆီယမ် အကြားရှိ နိုင်ငံရေး နှောင်ကြိုးနှင့် ဆက်စပ်နေသည်ဟု မှတ်ယူသည်။  

“ ဆီယမ်ကိုပေးတဲ့ ချေးငွေနဲ့ အချုပ်အခြာအာဏာ အာမခံချက်ကို အောက်ပါအချက်တွေနဲ့ ထည့်သွင်းစဉ်းစားရမယ်။ ဆီယမ် ရဲ့ပါတီဟာ အဗ္ဗဒူလာ ရမ်မင်း ပါတီနဲ့ ညွန့်ပေါင်းဖြစ်နေပြီး  ရမ်မင်း ရဲ့မူဝါဒတွေကို အားကောင်း ကောင်းနဲ့ ထောက်ခံအားပေးသူဖြစ်တယ်” ဟု Transparency Maldives ၏ အမှုဆောင်ဒါရိုက်တာ Asiath Rilweena မှ Nikkei သို့ပြောကြားခဲ့သည်။  သူမက စာချုပ်အား ပုဂ္ဂလိကပိုင် အဖွဲ့အစည်းတစ်ခုသို့ ချေးငွေ အတွက် အာမခံထားသော အချုပ်အခြာအာဏာအာမခံချက်၏ တစ်ခုတည်းသော ဥပမာ တစ်ခုဖြစ်သောကြောင့် ၎င်းသည်သဘောတူညီမှုကို“ ပုံမှန်မဟုတ်သော” အဖြစ်ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲအပြီး မကြာမီတွင် ဆိုလစ်သည် အဗ္ဗဒူလာ ရမ်မင်း အုပ်ချုပ်ခဲ့သော နှစ်အတွင်း တရုတ်နိုင်ငံမှ ချေးငွေများ အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်များကို ပြန်လည်စုံစမ်းစစ်ဆေးရန် အမိန့် ပေးခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် အကျင့်ပျက်ခြစားမှုနှင့် ပိုင်ဆိုင်မှုများ ပြန်လည်ရယူရေးအပေါ် သမ္မတကော်မရှင်အဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ရခြင်းသည် အမှုကိစ္စရှုပ်ထွေးမှုကြောင့် စာရွက်စာတမ်းများကို စစ်ဆေးနေရ ဆဲ ဖြစ်သည်ဟု အစိုးရဌာနက Nikkei သို့ပြောကြားခဲ့သည်။   

ယခုနှစ်အတွင်း ထွက်ပေါ်လာသော သတင်းအချက်အလက်များသည် လိမ်ညာဖုံးကွယ်ထားများရှိနိုင်သည်ကို အရိပ်အမြွက်ပြနေသည်။  ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ တင်ပြသော မီဒီယာ သတင်းများအရ အချုပ်အခြာအာဏာ အာမခံချက်များဖြင့် ကျောထောက်နောက်ခံပေးထားသော Maldivian နိုင်ငံပိုင်ကုမ္ပဏီများအား တရုတ်ချေးငွေ ဒေါ်လာ ၉၃၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

 အကျိုးအမြတ်ရသူများထဲတွင် အစိုးရပါဝင်ပတ်သက်သော အထပ်မြင့်အိမ်ရာစီမံကိန်းတစ်ခုလုပ်ဆောင်သော အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီ Housing Development Company ပါဝင်သည်။ ပေကျင်းအနေဖြင့် မော်လဒိုက် အစိုးရအား နောက်ထပ် ဒေါ်လာသန်း ၆၀၀ ချေးခဲ့ကြောင်းလည်း သတင်းထွက်သည်။

ပေကျင်း၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း (BRI) မှရန်ပုံငွေများကို မြို့တော် မာလီ ကို အခြားကျွန်းတစ်ခုပေါ်တွင် တည်ရှိသည့်    အဓိကလေဆိပ်နှင့် ဆက်သွယ်ထားသော တံတားတစ်ခု တည်ဆောက်ရန်အတွက် ငွေပေးခြင်းလည်းပါဝင်သည်။ BRI အောက်က အခြားအခြေခံအဆောက်အအုံစီမံကိန်းများအနက် လေဆိပ်တိုးချဲ့ခြင်းနှင့် လျှပ်စစ်ဓာတ်အားကွန်ယက်အဆင့်မြှင့်ခြင်းတို့ကိုလည်း ငွေပေးတာလည်းပါသည်။

မော်လ်ဒိုက်သို့ ပထမဆုံးအကြိမ် တရုတ်ခေါင်းဆောင်တစ်ဦး ရောက်ရှိလာသော ၂၀၁၄ ခုနှစ် သမ္မတရှီကျင့်ဖျင် လည်ပတ်ပြီးနောက်တွင် ဆောက်လုပ်ရေး အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

မော်လ်ဒိုက်ရှိ အတွေ့အကြုံရှိ ဘဏ္ဍာရေးလေ့လာသုံးသပ်သူများက တရုတ်နိုင်ငံ၏ ကြွေးမြီအစုစုနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်ဖွယ်ရာ အကြောင်းမရှိဟု Nikkei သို့ပြောကြားခဲ့သည်။  ဗဟိုဘဏ်ဖြစ်သော Maldives ငွေကြေးရန်ပုံငွေအဖွဲ့ (MMA) ၏ အုပ်ချုပ်ရေးမှူးဟောင်း Fazeel Najeeb က“ ရင်းနှီးဖော်ရွေသော ရင်းမြစ်များမှ ထောက်ပံ့ငွေများနှင့် အခွင့်အလမ်းများစွာ ရှိသော ဘဏ္ဍာရေးအထောက်အပံ့များသည် လိုအပ်သော အလေ့ အကျင့်တစ်ခုဖြစ်သည်။”ဟု ပြောကြားခဲ့သည်။ “ဒီအစီအစဉ်တွေဟာ တရားဝင်ဖြစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်သူအားလုံးက သူတို့ တ်မှတ်ထားတဲ့အချိန်မှာ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့လိုအပ်တယ်။ “ဟုလည်း ပြောခဲ့သည်။

COVID-19 ကြောင့် ၎င်း၏ ကျွန်းပေါင်း ၁၁၉၀ အနက် ၁၉၈ ခုတွင် နေထိုင်ကြသော နိုင်ငံ၏ လူဦးရေ ၄၀၀,၀၀၀ မှ အဓိက ဝင်ငွေရသော နိုင်ငံခြား ခရီးသွားလုပ်ငန်းကို ရပ်တန့်သွားစေသောကြောင့် စီးပွားရေးကျဆင်းဆုတ် ယုတ်မှုက အပြည်ပြည်ဆိုင်ရာ ကြွေးမြီတာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည့်ဝန်ထုပ်ကို ဖြစ်ပေါ်လာစေခဲ့သည်။

၂၀၁၉ ခုနှစ်တွင်  မော်လဒိုက်သည် လူ ၁.၉ သန်း အများဆုံး လာရောက် အပန်းဖြေသော အားလပ်ရက်အပန်းဖြေနေရာ တစ်ခုအဖြစ် စံချိန်တင် ဆွဲဆောင်ခဲ့သည်။  ယခုနှစ် ဇူလိုင်လအထိ ကမ္ဘာလှည့်ခရီးသည် ၃၈၄,၅၄၈ ယောက်ကိုသာ ဆွဲဆောင်နိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၆၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။  မတ်လလယ်မှ ဇူလိုင်လလယ်အထိ ကူးစက်ရောဂါ ပျံ့နှံ့နေသောကြောင့် မော်လဒိုက်လေဆိပ်ကို ပိတ်လိုက်ပြီးနောက် ဒုတိယ သုံးလပတ်တွင် အခြေအနေ ယိုယွင်းပျက်စီးလာခဲ့သည်။

ယခုနှစ်မတ်လတွင် ငွေကြေးအဆင့်သတ်မှတ်ချက်က Maldivesကို B + မှ Bအဆင့်သို့ လျှော့ချပြီး “ တည်ငြိမ်နေခြင်း” မှ“ အပျက်သဘော” အလားအလာကိုပြောင်းလဲခဲ့သည်။  ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက် အေဂျင်စီက ပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် စုစုပေါင်း  ပြည်တွင်းထုတ်ကုန်၏ ၂၅% ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူနေသောကြောင့် စီးပွားရေး နက်ရှိုင်းစွာ ကျဆင်းမှုကို ရှောင်လွှဲ၍ မရနိုင်ဟု ပြော ကြားခဲ့သည်။ Moody၏ အခြားကမ္ဘာ့အဆင့်သတ်မှတ်ချက် အေဂျင်စီတစ်ခုကလည်း မေလတွင် Maldives ကို B2 မှ B3 သို့ မကောင်းသော အလားအလာများ ကျဆင်းစေခြင်းကြောင့် ထိတ်လန့်စရာကောင်းနေသည်။

ယခုနှစ်အကုန်တွင် မော်လဒိုက်သည်  ပြင်ပကြွေးမြီများနှင့် အတိုးများကို ဒေါ်လာ ၁၁၇ သန်းပေးချေရမည်ဖြစ်သည်။  MMA မှထုတ်ပြန်သော အချက်အလက်များအရ ဇူလိုင်လတွင် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၆၄၉ သန်းရှိ ခဲ့သည်။  သို့သော် ငွေကြေးအဆင့်သတ်မှတ်ချက်မှ အချုပ်အခြာအာဏာဆိုင်ရာ အဆင့်သတ်မှတ်ချက် ဒါရိုက်တာ Thomas Rookmaaker က ချေးငွေများကို ပြန်လည်ပေးဆပ်ရန်အတွက် အသုံးချနိုင်သော ကာလတို တာ ဝန်ယူမှုများကို အသားတင်ထားခြင်းက ဇူလိုင်လတွင်ဒေါ်လာ ၁၅၆ သန်းသာရှိပြီး ဇန်နဝါရီလတွင် ဒေါ်လာ ၃၁၁ သန်းထက် ကျခဲ့ကြောင်း Nikkei သို့ပြောကြားခဲ့သည်။

Rookmaaker မှပြောကြားရာတွင် “အပြင်ဘက်ကြားခံအကန့်အသတ်တွေကြောင့် အန္တရာယ်တွေက အကျဘက်ကို ဦး တည်နေတယ်” ဟုပြောကြားခဲ့သည်။

သို့သော် အဆင့်သတ်မှတ်ချက် အေဂျင်စီအပြောအရ မော်လဒိုက်သည် ၎င်း၏ ဘက်စုံနှင့် နှစ်နိုင်ငံ အကျိုးတူမိတ်ဖက်များထံမှ ဘဏ္ဍာရေးအထောက်အပံ့မှ ဆက်လက်၍ အကျိုးခံစားရလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြော ကြားထားသည်။

အိန္ဒိယသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံငယ်များ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို လျှော့ချကူညီပေးရန် ခြေလှမ်း လှမ်းပြီး ဖြစ်သည်။ ယန်မင်း အုပ်ချုပ်သော ခုနှစ်များအတွင်း တရုတ်နိုင်ငံ တိမ်းစောင်းပြီး နောက်ပိုင်းတွင် နယူးဒေလီ အစိုးရ၏ နိုင်ငံတွင်း သြဇာလွှမ်းမိုးမှု ပြန်လည်ရရှိစေရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ ဘဏ္ဍာရေးအကူအညီအစီအစဉ်ကို ထောက်ပံ့ပေးခဲ့သည်။

အစိုးရသည် ၎င်း၏ ကြွေးမြီဝန်ဆောင်မှုပေးသည့် တာဝန်ဝတ္တရားများကို ဦးစားပေး ဆောင်ရွက်ခဲ့သည်ဟု သမ္မတရုံးမှ အကြီးတန်းအရာရှိက Nikkei သို့ပြောကြားခဲ့သည်။  ၎င်းတွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ရရှိသော ရန်ပုံငွေများ အသုံးပြုခြင်း၊ သက်သာခွင့် နှုန်းထားများအတွက် နောက်ထပ်ငွေကြေးထောက်ပံ့ခြင်း၊ ကျွန်ုပ်တို့၏ အသုံးစရိတ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ကျွန်ုပ်တို့၏ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လုပ် ကိုင်ခြင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly