ထိုင်း မိုးလေဝသ သတိပေးကြေညာချက်

ထိုင်း မိုးလေဝသ သတိပေးကြေညာချက်

စက်တင်ဘာ ၁၇ ရက်

စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီတွင် အဆင့် ၃ အပူပိုင်းမုန်တိုင်း NOUL သည် ဗီယက်နမ်နိုင်ငံ Da Nang မြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၆၀၀ သို့မဟုတ် မြောက်လတ္တီတွဒ် ၁၄ ဒသမ ၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၁၃ ဒသမ ၈ ဒီဂရီတွင် ရောက်ရှိမည်ဟု မျှော်လင့်ရသည်။

လေတိုက်နှုန်းသည် တစ်နာရီ ၈၀ ကီလိုမီတာ ရှိမည်ဖြစ်သည်။ မုန်တိုင်းသည် တစ်နာရီ ၂၀ ကီလိုမီတာ မြန်နှုန်းဖြင့် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနေသည်။

ယင်းနောက် မုန်တိုင်းသည် ပိုမိုအရှိန်အားကောင်းလာမည်ဟု မျှော်လင့်ရပြီး ဗီယက်နမ်အလယ်ပိုင်း Da Nang မြို့နှင့် Hue မြို့အကြား ဝင်ရောက်ဖွယ် ရှိသည်။ ယင်းနောက် မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နှင့် ၂၀ ရက်အကြား ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ ရွေ့လျားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကပ္ပလီပင်လယ်၊ ထိုင်းနှင့် ပင်လယ်ကွေ့တစ်လျှောက် အနောက်တောင်မုတ်သုံလေသည် မိုးနှင့်အတူ ပိုမို အားကောင်းလာမည်ဖြစ်သည်။ မိုးသည်းကြီးမည်းကြီး ရွာသွန်းမှုများ ဖြစ်လာဖွယ်ရှိပြီး လေပြင်း များသည် အရှေ့မြောက်ပိုင်းတွင် အရင် ကျရောက်ပြီး ယင်းနောက် မြောက်၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ကျရောက်မည်ဖြစ်သည်။ မုန်တိုင်းအန္တရာယ်ရှိ ဧရိယာတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိုးကြီးမှုကြောင့် ဖြစ်လာနိုင်သည့် ရေကြီးရေလျှံမှုများကို အထူးသတိပြုနေထိုင်သင့်သည်။ လေပြင်းတိုက်ခတ်မှုများကိုလည်း သတိပြုသင့်ပြီး ပြင်ပနေရာများ၊ သစ်ပင်ကြီးများနှင့် စိတ်မချရသည့် အဆောက်အဦးများကို ရှောင်ကြဉ်သင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly