ဥရောပ၏ စိတ်ကြိုက်တွေ့ရေး၌ အရေးနိမ့်နေသည့် တရုတ် 

ဥရောပ၏ စိတ်ကြိုက်တွေ့ရေး၌ အရေးနိမ့်နေသည့် တရုတ် 

စက်တင်ဘာ ၁၇

ယခင် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံဟောင်းများမှနေ၍ ဆိုဗီယက်အုပ်စုသည် အမေရိကန်နှင့် ထိပ်တိုက်ဆိုင်သည့်အချိန်၌ ဥရောပသည် အမေရိကန်နှင့် တရုတ်ကြားက စစ်အေးသစ်၌ ပထဝီနိုင်ငံရေး အကျပ်အတည်းတွင် အဓိက ဇာတ်ခုံ ဖြစ်လာပေမည်။ 

အမေရိကန်နှင့် တရုတ်ကြားက နိုင်ငံရေးပဋိပက္ခမှ ပထဝီအခြေအနေသည် အရှေ့နှင့် အရှေ့တောင်အာရှတွင် ဖြစ်တည်နေဆဲ ဖြစ်လိမ့်ဖြစ်သော်လည်း ဥရောပကမူ စီးပွားရေး၊ နည်းပညာနှင့် သံတမန်ရေးအသာစီးယူမှုတို့အတွက် စစ်တလင်း ဖြစ်လာမည်။ 

အမေရိကန်-တရုတ် စီးပွားရေးသည် အကွဲအပြဲ ကြီးမားနေခြင်းနှင့်အတူ ဥရောပသည် တိုးတက်သော ဓနရှင်စီးပွားရေးသို့ တရုတ်၏ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ အလွဲအပြောင်းများအတွက် ပင်မစီးဆင်းရာ ဖြစ်လာနိုင်သည်။ 

အာဆီယံပြီးလျှင် တရုတ်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အီးယူသည်၂၀၁၉ ၌ ကုန်စည်အပြန်အလှန် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆၀၀ ကျော်ဖြင့် အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ခဲ့သည်။ တရုတ်နည်းပညာများအပေါ် အမေရိကန်၏ ကန့်သတ်ပိတ်ဆို့မှုများ အပြည့်အဝ သက်ရောက်သည့်လာမည့် ဆယ်စုနှစ်များတွင် တရုတ်၏ နည်းပညာအလွှဲအပြောင်း အရေးကြီးဆုံးသော ရင်းမြစ်မှာ အီးယူဖြစ်လာမည် ဖြစ်သည်။ 

သံခင်းတမန်ခင်းပိုင်းတွင်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ထိုင်ဝမ်၏ အနာဂတ်အရေးတို့ကဲ့သို့ အရေးကြီးသော ကိစ္စရပ်များတွင် အီးယူက ဆုံးဖြတ်နိုင်သော ဩဇာရှိလာမည် ဖြစ်သည်။ ယင်းမှာ မကြာသေးခင်က တရုတ်သည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ဝန်ယီအား အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပြင်သစ်နှင့် ဂျာမနီစသော ဥရောပငါးနိုင်ငံသို့ ရှစ်ရက်တာ ခရီးစေလွှတ်ခဲ့ခြင်း ဖြစ်သည်။ 

ထို ခရီးစဉ်၏ ရည်ရွယ်ချက်သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအား လက်ဦးတုံ့ပြန်မှု၌ ညံ့ဖျင်းသည်ဟု ကျယ်ကျယ်ပြန့်ပြန့် တရုတ်နိုင်ငံ အပြစ်ဆိုခံရသည့် ကပ်ဘေးအတွင်း တရုတ်နှင့် ထိုနိုင်ငံများ ဆက်ဆံရေးကို မှတ်ကျောက်တင်ရန် ဖြစ်သကဲ့သို့ ဟောင်ကောင်တွင် ပြင်းထန်သော လုံခြုံရေးဥပဒေအား တရုတ်နိုင်ငံက ပြဋ္ဌာန်းခြင်းနှင့် အမေရိကန်နှင့် ဆက်ဆံရေးတင်းမာမှု ဒီရေမြင့်တက်နေသည့် ကြားတွင် ဖြစ်သည်။ 

သတင်းများအရ ဝန်၏ ခရီးစဉ်သည် အရေးနိမ့်ခဲ့သည်။ ရှီကျင့်ဖျင်၏ သံတမန် ဝန်အနေဖြင့် ယဉ်ကျေးစွာ ကြိုဆိုခံရသော်လည်း လှိုက်လှဲပျူငှာမှုတော့ မရရှိခဲ့ပေ။ ပေကျင်းသတိပေးချက်ကို အာခံပြီး ထိုင်ဝမ်သို့ ချက်ဆီးနိတ်ဥက္ကဌဖြစ်သူ သွားရောက်ခဲ့ခြင်းကို ခြိမ်းခြောက်ခဲ့မှုအတွက် ဂျာမနီခရီးစဉ်တွင် ဝန်အား ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိန်းကိုမတ်က အပြစ်ဆိုခဲ့သည်။ ပို၍ ဆိုးသည်မှာ ဘာလင်မှ ဝန် ထွက်ခွာပြီး နောက်ရက်မှာပင် ဂျာမနီက အင်ဒို-ပစိဖိတ်မဟာဗျူဟာသစ်ကို ထုတ်ပြန်ခဲ့သည်။ ဥပဒေစိုးမိုးရေးနှင့် ဈေးကွက်များ ဖွင့်လှစ်ရေးကို မြှင့်တင်မှုပေါ် ဗဟိုပြုသည့် ယင်း မဟာဗျူဟာသစ်သည် တရုတ် ဦးစားပေးဆက်ဆံရေး ယခင် မဟာဗျူဟာမှ ဖယ်ခွာသည့် ကြီးမားသော အရွေ့ကို မူဝါဒ အချက်ပြလိုက်မှုလည်း ဖြစ်သည်။ 

ပေကျင်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝန်အနေဖြင့် ၎င်း၏ နိုင်ငံရေးအကြီးအကဲများအား ဘာပြောဆိုသည်ဆိုသည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် မင်းမူနိုင်ရေးအတွက် အမေရိကန်နှင့် ယှဉ်ပြိုင်နေရာ အီးယူ၏ အား ရရှိအောင် တရုတ်အနေဖြင့် ရေရှည်မဟာဗျူဟာတစ်ရပ်ကို စဉ်းစားထားခြင်းကြောင့် အီးယူကို အလွယ်တကူ သူ့ဖက်ပါအောင် ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ဟု ၎င်းတို့ကိုယ်တိုင်း သိမြင်နားလည်ကောင်း နားလည်နေပါမည်။ 

အီးယူ၏ အမေရိကန်နှင့်အတူ ရေရှည်ရပ်တည်လာသော လုံခြုံရေး၊ စီးပွားရေးဆက်ဆံမှုနှင့် အယူအဆရေးရာ နှီးနှောမှုများကို အကဲဖြတ်ခြင်းအရ စစ်အေးသစ်၌ ဘေးပန်းတွင် ရပ်တည်သည်ထက် အမေရိကန်ဖက်တွင် ပို၍ ရှိနေလိမ့်ဖွယ် ရှိသည်။ ထိုအတွက် တရုတ်အနေဖြင့် အီးယူက ကြားနေရေးကိုသာ ရရှိအောင် ကြိုးစားဖြစ်လိမ့်မည် ဖြစ်သည်။ 

တရုတ်တွင် အီးယူ၏ အမြောက်အမြားသော စီးပွားရေးအကျိုးအမြတ်များက ကြားနေရေးကို ကျိန်းသေစေရန်လုံလောက်စွာ ရှိနေလိမ့်မည်ဟု တရုတ်ခေါင်းဆောင်များက ယူဆနေဖွယ်ရှိသည်။ သို့သော် ၎င်းတို့အနေဖြင့် နှစ်ကြိမ်ပြန်စဉ်းစားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်-တရုတ် ယှဉ်ပြိုင်မှုတွင် အရေးကြီးသည့် သင်ခန်းစာတစ်ရပ် ရှိထားသည်။ ရွေးချယ်ဖို့ရန် ရှိလာသည့်အခါ ဓနရှင်ဒီမိုကရေစီနိုင်ငံများက အကျိုးအမြတ်ထက် လုံခြုံရေးနှင့် အယူဝါဒတန်ဖိုးတို့ကို ဇောင်းပေးမည်သာ ဖြစ်သည်။ ယင်းက အီးယူဒီမိုကရေစီများအတွက် ကြားနေဖို့ တရုတ်၏ ကြီးမားသော ဈေးကွက် ဆွဲဆောင်မှုထက် ပို၍ အရေးပါနေသည်။ 

နက်ရှိုင်းသော စီးပွားရေးဆက်ဆံမှုသည် တရုတ်၏ ဦးစားပေးတွင် အလုပ်ဖြစ်နိုင်သော်လည်း အမေရိကန်ကဲ့သို့ပင် အီးယူသည်လည်း တရုတ်၏ စီးပွားရေးပေါ်လစီများနှင့် အမူအကျင့်များအပေါ် အလွန်စိုးရိမ်ပူပန်မှု ရှိနေသည်။ လိုက်လျောမှုပေးခြင်းနှင့် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများဖြင့် တုံ့ပြန်ရန် တရုတ်ဖက်က ပျက်ကွက်ခဲ့ပါက အီးယူ-တရုတ် ဆက်ဆံရေးတွင် အခြေပြုထားသော စီးပွားရေးအုတ်မြစ်သည် ပေကျင်းနှင့် ဝါရှင်တန်ကြားက ဆက်ဆံရေးအတိုင်းပင် အလျင်အမြန် တစစယုတ်လျော့သွားမည် ဖြစ်သည်။ ထိုအတွက် တရုတ်အနေဖြင့် အီးယူနှင့် အပြန်အလှန်ရင်းနှီးမြုပ်နှံမှုများကို မြန်မြန်ဆန်ဆန် ဖော်ဆောင်ပြီး ဥရောပကုမ္ပဏီများကို ပြည်တွင်း၌ ပိုမိုဖွင့်လှစ်ပေးကာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား အမတော်ကြေးထေက်ပံနေခြင်းများကိုလည်း လျှော့ချပစ်သင့်သည်။ 

စီးပွားရေးလိုက်လျောမှုပေးခြင်းအပြင် တရုတ်အနေဖြင့် ရာသီဥတုပြောင်းလဲမှု၌ အီးယူနှင့် ပိုမိုတက်ကြွစွာ ပူးပေါင်းလုပ်ကိုင်သင့်သည်။ ပါရီရာသီဥတုသဘောတူညီမှုမှ ထရမ့်အစိုးရ နုတ်ထွက်ခဲ့ရာ အီယူသည် ကာဗွန်လျှော့ချရေး၌ ကမ္ဘာ့ဦးဆောင်ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံက ကာဗွန်လျှော့ချရေး ရည်မှန်းမှတ်များကို ပို၍ အာမခံနိုင်ပြီး ပါရီသဘောတူညီချက်ပါ ပန်းတိုင်များသို့ ရောက်ရှိရေးတွင် ကူညီပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ထို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တစ်ခုကသာ အီးယူနိုင်ငံများအနေဖြင့် အစဉ်အလာမဟာမိတ်ဖြစ်သော အမေရိကန်ဖက် ရပ်တည်ရာ၌ တုံ့ဆိုင်းမှုဖြစ်စေသည်။ ရာသီဥတုပြောင်းလဲမှုတွင် တရုတ်ထက် အမေရိကန်က များစွာ ခြိမ်းခြောက်မှု ရှိနေသည်ဟု ရှုမြင်ထားခြင်းလည်း ဖြစ်သည်။ 

ဥရောပက ကြားနေရေး ကျိန်းသေမှု ရှိစေရန်တွင် တရုတ်အတွက် ပို၍ စိန်ခေါ်မှုမှာ လူ့အခွင့်အရေးကိစ္စရပ်ပင် ဖြစ်သည်။ ကြီးထွားလာသော တရုတ်၏ စစ်အင်အား ခြိမ်းခြောက်မှုကို အမေရိကန်ကဲ့သို့ အီးယူက တခုတ်တရ မရှိသော်လည်း ရှင်ကျန်းဒေသက မွတ်စလင်များစွာကို ထိန်းသိမ်းခထားခြင်း၊ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းနှင့် နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုများ အရှိန်မြှင့်ဆောင်ရွက်ခြင်းတို့က အီးယူအတွက် ပို၍ အလေးအနက်ထားနေခြင်း ဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် ၎င်း၏ နိုင်ငံတကာကတိကဝတ်များကို ချိုးဖောက်ပြီး ကိုယ့်နိုင်ငံသားများကို သံလက်သီးမိုး အုပ်ချုပ်နေမည်ဆိုလျှင် မဟာဗျူဟာကြားနေရေးက အီးယူနိုင်ငံများအတွက် နိုင်ငံရေးအရ ဖြစ်တန်လာစရာ ရှိမည်မဟုတ်ပေ။  

တရုတ်အတွက် ရွေးချယ်စရာက လမ်းကြောင်းများစွာ မရှိလှပေ။ အမေရိကန်ဆီ ဥရောပကို လက်လွှတ်ရန် ပြင်ဆင်ထားခြင်း မရှိခဲ့လျှင် လိုအပ်သည့် လိုက်လျောချက်များ ဖော်ဆောင်ပေးရမည်က သမ္မတ ရှီကျင့်ဖျင်၏ ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းစဉ်များနှင့် ပွတ်သပ်မှုများ ဖြစ်လာနိုင်ခြေလည်း ရှိနေတော့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly