တရုတ်ထိပ်တန်းသံတမန် အလည်အပတ်လာရောက်စဉ် မွန်ဂိုလီးယားတို့က ဆန့်ကျင်ဆန္ဒပြ

By Intellinews
17 September 2020
တရုတ်ထိပ်တန်းသံတမန် အလည်အပတ်လာရောက်စဉ် မွန်ဂိုလီးယားတို့က ဆန့်ကျင်ဆန္ဒပြ

စက်တင်ဘာ ၁၇

တရုတ်၏ မွန်ဂိုလီးယားဒေသများတွင် မွန်ဂိုလီးယားမိခင်ဘာစကားနှင့် ယဉ်ကျေးမှုကို နှိပ်ကွပ်သည်ဆိုသော စွပ်စွဲမှုများဖြစ်နေခိုက် တရုတ်အစိုးရ၏ ထိပ်တန်းသံတမန် ဝမ်ယီက မွန်ဂိုလီးယားမြို့တော် အူလန်ဘတ္တားကို အလည်အပတ်သွားရောက်သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဆန္ဒပြမှုနှင့် ကြုံလိုက်ရသည်။

တရုတ်၏အတွင်းပိုင်း မွန်ဂိုးလီးယားဒေသရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများအတွက် တရုတ်ဘာသာစကား၊ နိုင်ငံရေးနှင့် သမိုင်းတို့ကို အမျိုးသား သင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီရေးဆိုသော  မကြာသေးခင်က မိတ်ဆက်ပေးလိုက်သည့် မူဝါဒကို ဆန္ဒပြသူများက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

တရုတ်ကတော့ ဤမူဝါဒသည် အမျိုးသားစည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန် ဒီဇိုင်းရေးဆွဲထားပြီး  မွန်ဂိုလီးယားဘာသာစကားဖြင့် သင်ကြားနိုင်သော ဘာသာရပ်များနှင့် အတန်းများရှိနေသေးကြောင်း အခိုင်အမာပြော လိုက်သည်။

ဤမူဝါဒက ကျောင်းသပိတ်များပေါ်ပေါက်လာခဲ့ပြီး ပေကျင်းက မွန်ဂိုလီးယား ယဉ်ကျေးမှုကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်ဟု ပြောကြသည်။ မွန်ဂိုလီးယား လူမျိုး ၄၀၀၀ မှ ၅၀၀၀ အထိ ထိန်းသိမ်းခံထားရကြောင်း သတင်းများပေါ်ထွက်လာပြီး အနည်းဆုံးလူ ကိုးဦး အသက်ဆုံးရှုံးခဲ့ရသည့် သတင်းများ ပျံ့နှံ့သွားပြီး အမေရိကန် အခြေစိုက် တောင်ပိုင်း မွန်ဂို လူ့အခွင့်အရေး တင်းအချက်အလက်စင်တာက တရုတ်အာဏာပိုင်များသည် ဒေသအား police-state (တိုင်းသူပြည်သားများ၏ နေလိုင်လုပ်ကိုင်ပုံကို နိုင်ငံရေးရဲတပ်ဖွဲ့က လျို့ဝှက်စောင့်ကြည့်ကြီးကြပ်နေသည့် အာဏာရှင်စနစ်) အဖြစ်ပြောင်းလဲလိုက်သည်ဟု စွပ်စွဲလိုက်သည်။

ဆန္ဒပြသူ အတော်များများက လက်ရှိ အစိုးရဌာနနှင့် State Great Khural မှ မည်သူတစ်ဦးတစ်ယောက်မှ Wang၏ခရီးစဉ်အတွင်း ထိုပြသနာနှင့် ပတ်သက်၍ မပြောဆိုကြသောကြောင့် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုအပေါ် ကတိသစ္စာပြုခြင်း

 အစိုးရနန်းတော် အပြင်ဘက်တွင် ဆန္ဒပြသူများ စုရုံးစဉ် မစ္စတာဝမ်သည် မွန်ဂိုလီးယားနိုင်ငံခြားရေး ဝန်ကြီး Nyamtseren Enkhtaivan နှင့်တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုခဲ့သည်။

နှစ်ဖက်စလုံးက ၎င်းတို့သည် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်းနှင့် မွန်ဂိုလီးယား၏ ပရိုင်ရီးလမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း များ၏ ပူးတွဲတည်ဆောက်မှုကို အရှိန်မြှင့်တင်ရန်နှင့် အညစ်အကြေးသန့်စင်စက်ရုံများ၊ ရေအားလျှပ်စစ်စက်ရုံများ၊  မြို့စွန်များကို ပြောင်းလဲခြင်းနှင့် အခြားအဓိကစီမံကိန်းများကို အဆင့်မြှင့်တင်ရန် သဘောတူပြီး ညှိနှိုင်း မှုအောက်တွင်ရှိကြောင်း ပြောကြားခဲ့သည်။

မွန်ဂိုလီးယားမှ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူရေး ထုတ်ကုန်များနှင့် ကျောက်မီးသွေး တင်သွင်းမှုကို တိုးချဲ့ရန်နှင့် ဆိပ်ကမ်းများနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့် ရန်လည်း ကတိပြုခဲ့သည်။

ဝမ်၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ပေကျင်းသည် မွန်ဂိုလီးယားကို ယွမ်ငွေ ၇၀၀ (ဒေါ်လာ ၁၀၃.၁၅ သန်း) ထောက်ပံ့မည်ဟု မျှော်လင့်ရသည်။

မွန်ဂိုလီးယားအများစုက ပေကျင်းသည် မွန်ဂိုလီးယားကို လက်အောက်သို့ ပို့ဆောင်နေခြင်းအပေါ် နာကြည်းကြောင်း ပြောဆိုခဲ့သည်။  မွန်ဂိုလီးယား၏ နိုင်ငံခြားကုန်သွယ်မှု၏ ထက်ဝက်ကျော်သည် အင်အားကြီး အိမ်နီးချင်း နှင့်အတူ ဖြစ်သောကြောင့် မွန်ဂိုလီးယားရဲ့စီးပွားရေးကို တရုတ်အပေါ် အကြီးအကျယ်မှီခိုနေရသည်။  Eagle.mn မှ လေ့လာသုံးသပ်သူများက Wang၏ မွန်ဂိုလီးယားသို့ အလည်အပတ်ခရီးသည် တိုက်ဆိုင်မှုမဟုတ်ကြောင်း နှင့် မွန်ဂိုလီးယားနိုင်ငံ၏ ရပ်တည်နေရသော နေရာကို သတိပေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

ကူးစက်ရောဂါ ဖြစ်ပွားပြီးကတည်းက မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ကျဆင်းလာသည်ကို တွေ့ရသည်။  

ယခုအာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ၂၀၂၀ တွင် မွန်ဂိုလီးယား၏ စီးပွားရေးရလာဒ် ၂.၆% ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားသည်။  ၎င်းသည် Aprilလတွင် ခန့်မှန်းခဲ့သော ၂.၁% ကျဆင်းမှုနှင့် နှိုင်းယှဉ်ပါက ဇွန်လတွင် ၁.၉% ကျဆင်းမည်ဟု ခန့်မှန်းထားသည်။  ၂၀၂၁ တွင် ၅.၁% သို့ ပြန်ခုန်တက်လာမည်ဟု ADB ကမျှော်လင့်သည်။  မွန်ဂိုလီးယားနိုင်ငံသည် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်သော်လည်း စီးပွားရေးကုန်ကျစရိတ်များကို မရှောင်ရှားနိုင်ခဲ့ပါဟု မွန်ဂိုလီးယားနိုင်ငံ ADB ၏ညွှန်ကြားရေးမှူး ပဗစ် ရာမချန်ဒရန်က ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly