ကုလအထွေထွေညီလာခံ အွန်လိုင်းပုံစံနဲ့ စတင် 

17 September 2020
ကုလအထွေထွေညီလာခံ အွန်လိုင်းပုံစံနဲ့ စတင် 

ကိုဗစ်ရောဂါကပ်ဘေးကြောင့် နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံကို  ဒီနှစ်တော့ ပုံစံပြောင်းကျင်းပရပါတယ်။ ဒီညီလာခံကြီးက နိုင်ငံပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အကြီးဆုံးအစည်းအဝေးဖြစ်ပြီး သာမန်အချိန်တွေဆို လုံခြုံရေးလည်း တင်းတင်း ကြပ်ကြပ်ချထားဖို့ လိုအပ်တာပါ။ ဒီနှစ်တော့ ကမ္ဘာ့ခေါင်းဆောင် တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူကိုယ်တိုင်အစည်းဝေး တက်ကြတာမဟုတ်ပဲ အွန်လိုင်းကနေသာဆွေးနွေးတင်ပြကြမှာဖြစ်လို့ အစည်းအဝေးရဲ့ စိန်ခေါ်ချက်တွေ ခါတိုင်းနဲ့မတူ တမူထူးနေမှာ ဖြစ်ပါတယ်။  VOA သတင်းထောက် Aaron Fedor က နယူးယောက်မြို့ကနေ သတင်းပေးပို့ထားတာကို မခွာညို တင်ပြထားပါတယ်။    
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly