အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းကို ဟာရီကိန်း ဆာလီ ဝင်ရောက်တိုက်ခတ်

By AFP
17 September 2020
အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းကို ဟာရီကိန်း ဆာလီ ဝင်ရောက်တိုက်ခတ်

စက်တင်ဘာ ၁၇

ဟာရီကိန်းမုန်တိုင်းအဆင့် နှစ် ရှိတဲ့ အပူပိုင်းမုန်တိုင်း ဆာလီဟာ စက်တင်ဘာ ၁၆ ရက်က အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါနဲ့ အလာဘားမားပြည်နယ်တွေကို ဝင်ရောက်တိုက်ခတ်ခဲ့ပါ တယ်။  

မုန်တိုင်းကြောင့် သစ်ပင်တွေလဲကာ လမ်းမတွေနဲ့အိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး လူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။  

 အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြေညင်းစွာရွေ့လျားလာတဲ့ မုန်တိုင်း ဆာလီဟာ တောင်ပိုင်းက အလာဘားမားနဲ့ဖလော်ရီဒါပြည်နယ်တွေကို ဦးတည်တိုက်ခတ်ခဲ့လို့  မိုးသည်းထန်ကာ ရေကြီးမှုတွေဖြစ်ခဲ့ကြောင်း အမျိုးသား ဟာရီကိန်းစင်တာ (NHC) က ပြောပါတယ်။  

လူဦးရေ ၅၂ ၀၀၀ ဝန်းကျင်ရှိတဲ့ ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာမြို့အရှေ့ဘက် မိုင် ၃၀ အကွာက နေရာမှာတော့ ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ကြုံနေရပါတယ်။

အပူပိုင်းမုန်တိုင်းဆာလီဟာ ပန်ဆာကိုလာ ဒေသစံတော်ချိန် ည ၈ နာရီလောက်မှာ တစ်နာရီကို လေတိုက်နှုန်း ၇၅ ကီလိုမီတာ (၄၅ မိုင်နှုန်း) နဲ့ တိုက်ခတ်ခဲ့ပြီး ဖလော်ရီဒါမြောက်ပိုင်းနဲ့ ဂျော်ဂျီယာတောင်ပိုင်း အချို့နေရာတွေ မှာ လေဆင်နှာမောင်းတွေ ဖြစ်နိုင်တယ်လို့ NHC က သတိပေးထားပါတယ်။  

မုန်တိုင်းဟာ ကုန်းတွင်းပိုင်းရောက်တဲ့အခါ အားပျော့သွားမယ်လို့မျှော်လင့်ရပြီး ဗုဒ္ဓဟူးနေ့ကနေ ကြာသပတေးနေ့အထိ လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိနေနိုင်ပါတယ်။

မုန်တိုင်းကြောင့် အလာဘားမားနဲ့ဖလော်ရီဒါပြည်နယ်မှာ အိမ်ခြေနဲ့စီးပွားရေးလုပ်ငန်းပေါင်း ၅၁၅ ၀၀၀ ထက်မနည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly