သုတေသန နောက်ဆုံးအဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုး သင့်ရုံသာ ရှိ

သုတေသန နောက်ဆုံးအဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုး သင့်ရုံသာ ရှိ

စက်တင်ဘာ ၁၆

Pfizer ဆေးကုမ္ပဏီက ၎င်းတို့၏ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်‌ဆေးနှင့် သုတေသနနောက်ဆုံးတွင် ပါဝင်သူများ၌ ဘေးထွက်ဆိုးကျိုးသည် အနည်းငယ်မှ သင့်ရုံသာ ရှိသည်ဟု အင်္ဂါနေ့က ပြောသည်။

သုတေသနတွင် ပါဝင်သူပေါင်း ၁၂၀၀၀ ကျော်ကို ကာကွယ်ဆေး၏ ဒုတိယမြောက် ဆေးတိုက်ကျွေးခဲ့ခြင်း ဖြစ်သည်ဟု ရင်းနှီးမြုပ်နှံသူများနှင့် အွန်လိုင်းတွေ့ဆုံမှုတွင် Pfizer အမှုဆောင်အရာရှိများက ပြောသည်။

ဂျာမနီက မိတ်ဖက် BioNTech ကုမ္ပဏီနှင့် ပူးတွဲထုတ်လုပ်သော စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးကို စမ်းသပ်ရာ၌ စေတနာ့ဝန် ၄၄၀၀၀ တွင် ကုမ္ပဏီက ၂၉၀၀၀ ကျော်အား စာရင်းသွင်းထားခြင်း ဖြစ်သည်။

ယင်း ဆေးအား သုတေသနပြုရာတွင် ဘေးကင်းရေးကို စေ့စေ့စပ်စပ် ဆက်လက်လုပ်ဆောင်နေကြောင်း Pfizer ကုမ္ပဏီက ပြောသည်။

လွတ်လပ်သော အချက်အလက်စောင့်ကြည့်ရေးကော်မတီတစ်ရပ်က သုတေသနကို ထင်မြင်ချက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောသော်လည်း နေ့ရက်အချိန်ကိုတော့ မသတ်မှတ်ရသေးကြောင်း ကုမ္ပဏီက ဆိုသည်။

ပြိုင်ဖက် AstraZeneca ၏ COVID-19 ကာကွယ်ဆေးကို ဗြိတိန်တွင် စမ်းသပ်ရာ၌ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိပြီးနောက် စမ်းသပ်မှုကို ရပ်နားထားချိန် ယခု Pfizer ၏ ကာကွယ်ဆေးသတင်း ထွက်ပေါ်လာ ခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly