ရဲအုပ်တစ်ဦးက NLD အတွက်မဲဆွယ်တဲ့စာသားနဲ့ ဖြန့်ဝေနေတဲ့ သတင်းအမှား

ရဲအုပ်တစ်ဦးက NLD အတွက်မဲဆွယ်တဲ့စာသားနဲ့ ဖြန့်ဝေနေတဲ့ သတင်းအမှား

Misinformation Busters Episode ( 20 ) Segment - 4

စက်တင်ဘာ ၁၆

NLDထက်ကောင်းတဲ့ အစိုးရမရှိဘူး။ စဉ်းစားမနေနဲ့ ဆိုတဲ့စာသားနဲ့ ရဲအုပ်တစ်ဦးရဲ့ပုံကိုယူသုံးကာ အင်တာနက် လူမှုကွန်ယက်မှာ ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်။

ဒီသတင်းအမှားကို ကိုမင်း၊ ကိုဇော်နိုင်၊ မောင်ငယ်၊ အရှင်ပညိဿရ၊ စိတ်ကြွငပြား စိတ်ကျငထွား နဲ့ နှောင်းနှောင်းဆိုတဲ့ အကောင့်ပိုင်ရှင်တို့ အပြင် အခြားအကောင့်တွေကတစ်ဆင့်လည်း ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ဖြန့်ဝေတဲ့နေရာတိုင်းမှာ ဒီသတင်းဟာ Like and share လုပ်သူ အနည်းဆုံး ထောင်နဲ့ချီရှိခဲ့ပါတယ်။

ဒီသတင်းအမှားမှာ ပါဝင်တဲ့ပုံဟာ မြင်းခြံခရိုင်က ရဲအုပ် ဦးအောင်ကျော်ဦးရဲ့ပုံကိုယူသုံးထားတာပါ။

အထက်ပါစာသားနဲ့ တင်ခဲ့တဲ့ ပိုစ့်မှာ မူရင်းပုံကို ပြန်လည်ပြုပြင်ထားတာ ဖြစ်ပြီး မူရင်းပုံနဲ့ ပြန်လည်ပြုပြင်ထားတဲ့ပုံကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဆုမြတ်မေဇော်ကဆက်လက်တင်ဆက်ပေးမှာပါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly