တရုတ်ရှိ အပင်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောတိုက်ခန်းအိမ်ရာ

By AFP
16 September 2020
တရုတ်ရှိ အပင်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောတိုက်ခန်းအိမ်ရာ
Photo - AFP

စက်တင်ဘာ ၁၆

တရုတ်နိုင်ငံ ချန်ဒူးမြို့က စမ်းသပ် အစိမ်းရောင်အိမ်ယာပရောဂျက်တစ်ခုကတော့ တိုက်ခန်းဝယ်ယူမယ့် သူတွေကို ဒေါင်လိုက်သစ်တောတစ်ခုအဖြစ် ကမ်းလှမ်းပေးမယ်လို့ ကတိပြုထားခဲ့ပါတယ်။

လသာဆောင်တိုင်းမှာ အစိမ်းရောင်ပန်းဥယျာဉ်တွေ ရှိနေတဲ့ ဒီ အိမ်ရာက တိုက်ခန်း ၈၂၆ ခန်းစလုံးကို ယခုနှစ် ဧပြီလမှာ ရောင်းထွက်သွားခဲ့ပြီလို့ ပရောဂျက်ရဲ့ အိမ်ခြံမြေအေးဂျင့်က ပြောပါတယ်။

ဒါပေမယ့်လည်း ခေတ်မီ ဂေဟ သုခဘုံတစ်ခု ဖြစ်ရမယ့်အစား အဲဒီ တိုက်ခန်းတာဝါတွေဟာ လူသူကင်းမဲ့ပြီး ကမ္ဘာပျက်ကိန်းအလွန် ဇာတ်ကားတစ်ခုရဲ့ မြင်ကွင်းလိုလို ပုံစံနဲ့တောင် တူနေပါတယ်။

အဓိက ပြဿနာတစ်ခုလည်း ရှိနေပါတယ်။ ဒါကတော့ အပင်တွေကြောင့် ခြင်တွေ ပေါများနေတာပဲဖြစ်ပါတယ်။

ခြင်တွေ ဖိစီးသောင်းကျန်းတာကြောင့် လက်ရှိအချိန်မှာ ချန်ဒူမြို့ရဲ့ Qiyi သစ်တောဥယျာဉ်ကို ပြောင်းရွှေ့နေထိုင်သူ မိသားစုအနည်းငယ်သာ ရှိနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

နိုင်ငံအနောက်တောင်ပိုင်းမြို့မှာ ၂၀၁၈ ခုနှစ်က တည်ဆောက်ဖော်ဆောင်ခဲ့တဲ့ ဒီပရောဂျက်မှာတော့ သီးသန့် လသာဆောင်တိုင်းမှာ သစ်ပင်တွေ ကြီးထွားဖို့ နေရာတစ်ခု ဖန်တီးပေးထားတာဖြစ်ပါတယ်။

ဒီအပင်တွေကို ထိန်းသိမ်းစောင့်ရှောက်မယ့်သူ မရှိခဲ့တာကြောင့် တာဝါရှစ်ခုစလုံးဟာ ယင်းတို့ရဲ့ ကိုယ်ပိုင်အပင်တွေရဲ့ ဖုံးလွှမ်းဖိစီးမှုကို ခံခဲ့ရတာဖြစ်ပြီး ခြင်တွေရဲ့ ကျူးကျော်မှုကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။

အပင်တွေဟာ လျစ်လျူရှုခံထားရတဲ့ လသာဆောင်အချို့ကို လုံးလုံးလျားလျား နီးပါး ဝါးမြိုထားပြီး အကိုင်းအခတ်တွေဆိုရင်လည်း လက်ရန်းတွေပေါ်က တွဲကျနေသလို ပြတင်းပေါက်တွေမှာ သစ်ပင်တွေ တွယ်ကပ်ပေါက်နေတာကို ယခုလထဲ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုအရ တွေ့မြင်ရပါတယ်။

အဆိုပါ အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ လက်ရှိအချိန်မှာတော့ ဒီတိုက်ခန်းအိမ်ရာမှာ ပြောင်းရွှေ့နေထိုင်သူ မိသားစု ၁၀ စုသာ ရှိနေတယ်လို့ နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly