အသက် ၁၈ နှစ်နှင့် အထက် စင်ကာပူနိုင်ငံသားများ စင်ကာပူဒေါ်လာ ၁၀၀ တန် ပြည်တွင်း ခရီးသွားလက်မှတ်များ ရရှိမည်

By CNA
16 September 2020
အသက် ၁၈ နှစ်နှင့် အထက် စင်ကာပူနိုင်ငံသားများ စင်ကာပူဒေါ်လာ ၁၀၀ တန် ပြည်တွင်း ခရီးသွားလက်မှတ်များ ရရှိမည်

စက်တင်ဘာ ၁၆

ယခုနှစ် ၂၀၂၀ တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိ စင်ကာပူနိုင်ငံသားတိုင်းသည် စင်ကာပူဒေါ်လာ ၁၀၀ တန်ကြေးရှိ SingapoRedicovers ပြည်တွင်းခရီးသွား လက်မှတ်ဘောက်ချာများ လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ကူပွန်များကို staycation နီးနီးနားနား နေရာများတွင် အပန်းဖြေအနားယူခြင်း၊ attraction လက်မှတ်များနှင့် tour အလည်ခရီးများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် ယင်းခရီးသွားလက်မှတ်ကူပွန်များကို ယခုနှစ် ဒီဇင်ဘာလ နှင့် လာမည့်နှစ် ဇွန်လအကြား အသုံးပြုနိုင်မည်ဖြစ်သည်။

Attraction နှင့် tour များအတွက် ကလေးများနှင့် လူငယ်လက်မှတ်များအတွက် စင်ကာပူဒေါ်လာ ၁၀ ထောက်ပံ့ကြေးတစ်ရပ်လည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် အရွယ်ရောက်ပြီးလူကြီးတိုင်းအနေဖြင့် အစီအစဉ် သက်တမ်းကာလအတွင်း အစိုးရထောက်ပံ့ကြေးပေးထားသည့် နှုန်းထားများဖြင့် ကလေး သို့မဟုတ် လူငယ် လက်မှတ် ခြောက်စောင်အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Chan Chun Sing က စက်တင်ဘာ ၁၆ ရက်တွင် ယင်းနှင့်ပတ်သက်၍ အသေးစိတ်ကြေညာသွားရင်း ယခု လုပ်ဆောင်မှုသည်  ကိုဗစ်-၁၉ ကြောင့် ထိခိုက်ထားခဲ့သော ပြည်တွင်းခရီးသွားလုပ်ငန်းကို ကူညီပံ့ပိုးနိုင်ရန်ဖြစ်သည်ဟု ပြောသွားခဲ့သည်။

“ဒါက လူမှု အကူအညီ အစီအစဉ်တစ်ခု မဟုတ်ပါဘူး၊ ဒါက နှစ်များစွာကြာ တည်ဆောက်ထားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ခရီးသွား ဆွဲဆောင်ရာနေရာတွေကို ယင်းတို့ရဲ့ လုပ်နိုင်စွမ်း ထိန်းသိမ်းရာမှာ ကူညီပေးနိုင်မယ့် စီးပွားရေး အစီအစဉ်တစ်ခု ဖြစ်ပါတယ်၊ တချိန်တည်းမှာလည်းပဲ ကြားကာလမှာ သူတို့အနေနဲ့ လုပ်နိုင်စွမ်းကို စုစည်းနိုင်မှာပေါ့” ဟု Mr Chan က သတင်းထောက်များကို ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly