ပဋိပက္ခဖြစ်ပွားသည့်နေရာရှိ တပ်ဖွဲ့ဝင်များထံ အိန္ဒိယတပ်မတော်မှ ထောက်ပံ့ ရေးပစ္စည်းများပို့ဆောင်

ပဋိပက္ခဖြစ်ပွားသည့်နေရာရှိ တပ်ဖွဲ့ဝင်များထံ အိန္ဒိယတပ်မတော်မှ ထောက်ပံ့ ရေးပစ္စည်းများပို့ဆောင်

စက်တင်ဘာ ၁၆ 

အိန္ဒိယတပ်မတော်သည် တရုတ်နှင့်ပဋိပက္ခဖြစ်ပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသရှိ မိမိတပ်ဖွဲ့ဝင် များထံသို့ထောက်ပံ့ရေးပစ္စည်းအများအပြားကို ပို့ဆောင်ပေးခဲ့သည်။ အဆိုပါဒေသတစ်လျှောက်တွင် ဆောင်းရာသီမှာပြင်းထန်ကြမ်းတမ်းလှသည်။ 

“လွန်ခဲ့သည့်လများကတည်းကတိဘက်နယ်စပ်အနီးရှိအိန္ဒိယပိုင်နက် လာဒတ်ခ် မြို့ သို့ခဲယမ်း မီးကျောက်များ၊ စစ်ဝတ်တန်ဆာများ၊ လောင်စာဆီများ၊ ဆောင်းရာသီသုံးထောက်ပံ့ရေးပစ္စည်းများ နှင့်အစားအသောက်ပမာဏအများအပြားကိုပို့ဆောင်လျက်ရှိသည်”ဟုတာဝန်ရှိသူများကပြောကြား ခဲ့သည်။ 

“လာဒတ်ခ် အရှေ့ပိုင်းဒေသတွင်တပ်ဖွဲ့ဝင် ၂၀ ၀၀၀ မှ ၃၀ ၀၀၀ အထိရှိနေကြောင်း၊ သို့သော်အဆိုပါ တပ်ဖွဲ့ဝင်ဦးရေသည်တင်းမာမှုဖြစ်ပွားစဉ်ကရှိနေခဲ့သောတပ်ဖွဲ့ဝင်ပမာဏထက်နှစ်ဆကျော်မျှ ပိုမို သည်”ဟုတပ်မတော်အရာရှိတစ်ဦးမှပြောကြားခဲ့သည်။ 

နှစ်စဉ်ဆောင်းရာသီကာလသည်အနည်းဆုံးလေးလမျှကြာမြင့်ပြီးတောင်များကိုဖြတ်သန်းတိုက်ခတ် လာသောနှင်းခဲများသည် လာဒတ်ခ်  သို့ရောက်ရှိလာလေ့ရှိသည်။ အိန္ဒိယတပ်မတော်မှထောက်ပံ့ရေး တာဝန်ရှိသူများသည်အဆိုပါဒေသသို့ကုန်ပစ္စည်းတန်ချိန် ၁၅၀ ၀၀၀ ကျော်ခန့်ပို့ဆောင်ထားပြီး ဖြစ်သည်။ 

“တပ်ဖွဲ့ဝင်များလိုအပ်မည့်ပစ္စည်းအားလုံးကိုပို့ဆောင်ထားပြီးဖြစ်သည်”ဟု အိန္ဒိယတပ်မတော် မှ ဗိုလ်ချုပ် အာဗင်းကပူး မှပြောကြားခဲ့သည်။ 

အင်္ဂါနေ့နံနက်ပိုင်းတွင် လူနှင့်ပစ္စည်းများတင်ဆောင်လာသည့်ပို့ဆောင်ရေးလေယာဉ်ကြီးများသည် လာဒတ်ခ် သို့ဆိုက်ရောက်လာခဲ့သည်။ကုန်ပစ္စည်းများကိုထောက်ပံ့ရေးဌာနများတွင်သိုလှောင် ထားပြီးဖြစ်သည်။ လာဒတ်ခ် အနီး လက်ရှ် မြို့ရှိကုန်လှောင်ရုံများတွင်လောင်စာဆီများ၊စားသုံးဆီများ နှင့် ချောဆီများကိုထားရှိသည်။ 

ထောက်ပံ့ရေးသိုလှောင်ရုံအနီးရှိကုန်ရုံများတွင် အစိမ်းရောင်ခွံမာသီးများ၊ အသင့်စားခေါက်ဆွဲများ နှင့်အိန္ဒိယဟင်းများအပါအဝင်ရိက္ခာများကိုသိုလှောင်ထားသည်။ လက်ရှ် မြို့အနီးရှိနောက်ထပ် အခြေစိုက်စခန်းတွင် ရွက်ဖျင်တဲများ ၊အပူပေးစက်များ၊ဆောင်းတွင်းဝတ်အထည်များနှင့်တောင်ပေါ်သုံး ပစ္စည်းကိရိယာအများအပြားကိုထားရှိသည်။ 

“အဆိုပါကုန်ပစ္စည်းများကို ကုန်တင်ကားများ၊ရဟတ်ယာဉ်များနှင့် သွားလာရခက်ခဲသောနေရာ များတွင် လားများဖြင့်သယ်ယူခဲ့ရသည်”ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly