မြိတ်တွင် ကိုဗစ်ပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုး လမ်း ၂ လမ်းအား Lockdown

မြိတ်တွင် ကိုဗစ်ပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုး လမ်း ၂ လမ်းအား Lockdown
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ စက်တင်ဘာ (၁၆)

မြိတ်မြို့မှာ ကိုဗစ်ပိုး တွေ့ရှိသူ သုံး ဦး ထပ်တိုးလာကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ နံက်ပိုင်းက ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ မွန်ပြည်နယ် ဓာတ်ခွဲနမူနာက ထုတ်ပြန်ချက် တွင် ဖော်ပြထား ပါတယ်။

အဆိုပါ ကိုဗစ်ပိုး ကူးစက်ခံရသူ သုံးဦးမှာ မြိတ်မြို့တွင် ပထမဆုံး အတည်ပြု လူနာ နှစ် ဦးထံမှ ကူးစက်ခဲ့ခြင်း ဖြစ်တယ်လို့ မြိတ်ခရိုင် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

လက်ရှိမှာ မြိတ်မြို့တွင် ကိုဗစ်ပိုး တွေ့ရှိသူ ငါး ဦး အထိ ရှိလာပြီး နောက် ၎င်းတို့ နေထိုင်တဲ့ လမ်း နှစ်လမ်းကို စက်တင်ဘာလ ၁၆ ရက်နေ့က ယာယီ အသွား အလာ ကန့်သတ်လိုက် ပါတယ်။

ကိုဗစ်ပိုး ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး၊ တနင်္သာရီတိုင်းတွင် ပိုးတွေ့လူနာ ထားဝယ်မှာ တစ် ဦး၊ လောင်းလုံးတွင် တစ်ဦး၊ မြိတ်မှာ ငါးဦးနဲ့ ကော့သောင်းတွင် လေး ဦး စုစုပေါင်း ၁၁ ဦး အထိ တွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာ ရေးဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly