ခရီးသည်တင်ယာဉ်များတွင် နိုင်ငံရေးပါတီအမှတ်တံဆိပ်နှင့်စတေကာကပ်ခြင်းများ မပြုလုပ်ရန် YRTA ညွှန်ကြားထား

ခရီးသည်တင်ယာဉ်များတွင် နိုင်ငံရေးပါတီအမှတ်တံဆိပ်နှင့်စတေကာကပ်ခြင်းများ မပြုလုပ်ရန် YRTA ညွှန်ကြားထား
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေမှာ နိုင်ငံရေးပါတီတွေရဲ့ အမှတ်တံဆိပ် တွေ၊ အလံတွေနဲ့စတေကာကပ်တာတွေ မပြုလုပ်ကြဖို့ အသိပေးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်သူ ပို့ဆောင်ရေးနဲ့ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါ တယ်။

“ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့အတွက် ယာဉ်တွေမှာဘယ်ပါတီ အလံ၊စတေကာကပ် ခြင်းမျိုးတွေမလုပ်ဖို့ ယာဉ်လိုင်းတွေအားလုံးကို အသိပေးထားပါတယ်။ယာဉ်လိုင်းတိုင်း၊ယာဉ်လိုင်းတိုင်းမှာ ကြေငြာပဲကပ်ကပ်၊သူစည်းမျဉ်း၊စည်းကမ်းတွေ ရှိပါတယ်” လို့ ဦးလှအောင်က ပြောပါတယ်။  

 ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၈ ရက်နေ့က ခွင့်ပြုခဲ့တာနဲ့အညီ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာ ၈ရက်နဲ့ ၉ရက်နေ့တွေမှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။

“ဒါကြောင့်မို့ အများပြည်သူယာဉ်လိုင်းတွေမှာ ပါတီအလံတွေကိုစတေကာကပ်ပြီး လုပ်မဲ့ကိစ္စက YRTA အနေနဲ့က မဆောင်ရွက်ဖို့ယာဉ်လိုင်းတွေကို အသိပေးထားပါတယ် “ လို့ ဦးလှအောင်က ဆက်လက်ပြောကြားပါတယ်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မူလက ခရီးသည်တင်မော်တော်ယာဉ် လေးထောင်ကျော်နဲ့ ပုံမှန်ပြေးဆွဲနေခဲ့တာပါ။

လက်ရှိ COVID-19 ကပ်ရောဂါတစ်ကြော့ပြန် ပြန်လည်ဖြစ်ပွားလာချိန်မှာတော့ ယာဉ်အစီးရေ သုံးထောင်ဝန်း ကျင်ခန့်သာ ပြေးဆွဲနေကြောင်း သိရပါတယ်။

ရန်ကုန်မြို့အတွင်းရှိ မြို့နယ် ၂၉ မြို့နယ်ဟာ Stay at Home (နေအိမ်တွင်နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်တာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ အခက်ခဲတွေဖြစ်ပေါ်နေပေါ်နေတယ်လို့ နိုင်ငံရေးပါတီ ထံက သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly