တရုတ်တွင် ပြီးပြည့်စုံအောင် မစမ်းသပ်ရသေးသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူထောင်ပေါင်းများစွာတွင် ထိုးပေး

တရုတ်တွင် ပြီးပြည့်စုံအောင် မစမ်းသပ်ရသေးသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူထောင်ပေါင်းများစွာတွင် ထိုးပေး

စက်တင်ဘာ ၁၆

တရုတ်နိုင်ငံတွင် စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူထောင်ပေါင်းများစွာတွင် ထိုးနှံပေးလျက် ရှိရာ ယင်း ဆေးအပေါ် နိုင်ငံတကာက စိတ်ဝင်စားလျက် ရှိနေသည်။

သို့သော် ထို ဆေးက ပြီးပြည့်စုံအောင် စမ်းသပ်မှု လုပ်ဆောင်ပြီးခြင်း မရှိ၍ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး ပညာရှင်များက စိုးရိမ်ပူပန်လျက် ရှိသည်။

တရုတ်နိုင်ငံသည် ဇူလိုင်လအတွင်းက ကာကွယ်ဆေးအရေးပေါ်အသုံးပြုမှု စီမံကိန်းကို ချမှတ်ခဲ့ည်။ နိုင်ငံပိုင် ဆေးဝါးကုမ္ပဏီကြီး China National Pharmaceutical Group (Sinopharm) မှ ယူနစ်တစ်ရပ်နှင့် အမေရိကန်မှတ်ပုံတင် Sinovac Biotech တို့မှ စမ်းသပ်ဆဲ ဆေးဝါသုံးမျိုးကို ထုတ်လုပ်ခဲ့သည်။

စတုတ္ထမြောက်ဆေးမှာ ဇွန်လအတွင်း တရုတ်စစ်တပ်တွင် သုံးစွဲရန် အတည်ပြုခဲ့သည့် CanSin Biologics ကုမ္ပဏီက ထုတ်လုပ်သော ဆေးဖြစ်သည်။

အရေးပါသော အမှုထမ်းများကို ကာကွယ်ပေးရန်နှင့် ဗိုင်းရပ်စ်တစ်ကျော့ပြန်ဖြစ်ပွားမှုကို လျှော့ချနိုင်ရန် ရည်ရွယ်သော ယင်း ကာကွယ်ဆေးများသည် ဆေးထုတ်လုပ်နိုင်ရေး အသည်းအသန် ရုန်းကန်နေကြသော ကမ္ဘာ့အစိုးရများ၏ စိတ်ဝင်စားမှုကို ရရှိကာ ကပ်ဘေး၌ တရုတ်၏ အခန်းကဏ္ဍကို ပို၍ အရေးပါစေဖွယ် ရှိနေသည်။

ဆေးကျန်းမာရေး အမှုထမ်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် အစားအစာဈေးကွက် အမှုထမ်းများအပါအဝင်ဖြစ်သော ပြည်တွင်းက ရည်ရွယ်အုပ်စုများတွင် ထိုးနှံပေးသော ကာကွယ်ဆေးနှင့် ပတ်သက်ကာ တရုတ်က တရားဝင် အချက်အလက် ထုတ်ပြန်ထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly