အမေရိကန်သံရုံးက UECကိုလှူဒါန်းတဲ့ ဒေါ်လာ ၄၆သန်း အာဏာရပါတီထုတ်သွားတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်သံရုံးက UECကိုလှူဒါန်းတဲ့ ဒေါ်လာ ၄၆သန်း အာဏာရပါတီထုတ်သွားတယ်ဆိုတဲ့ သတင်းအမှား

Misinformation Busters Episode ( 20 ) Segment - 2

အမေရိကန်သံရုံးက လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လှူဒါန်းခဲ့တဲ့ ဒေါ်လာ၄၆သန်းကို လက်ရှိအာဏာရပါတီက ထုတ်သွားတယ်ဆိုတဲ့ သတင်းအမှားကိုပြောပြပေးချင်ပါတယ်။

ဒီသတင်းကို‌တော့တိုင်းကျော်ဆိုတဲ့ သတင်းမီဒီယာပုံစံ ဖေ့စ်ဘုတ်ပေ့ချ်က စတင်ဖြန့်ဝေခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ပြီးနောက် အခုလိုသတင်းအမှားထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးမြင့်နိုင်က ဒေါ်လာ၄၆သန်းမှာ တစ်ဒေါ်လာတောင်မရရှိခဲ့ပါဘူးလို့ သတင်းထောက်တစ်ယောက်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီဖြေကြားချက်အပေါ်မူတည်ပြီး သတင်းအမှားပုံစံ ဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။

ဆုမြတ်မေဇော်ကဆက်လက်တင်ဆက်ပေးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly