တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့ကို ဝင်ထွက်သွားလာခွင့်ကန့်သတ်

တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့ကို ဝင်ထွက်သွားလာခွင့်ကန့်သတ်
Photo - AFP

စက်တင်ဘာ ၁၅

တရုတ်-မြန်မာနယ်စပ်ရှိမြို့တစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအနည်းငယ်တွေ့ရှိခဲ့ပြီးနောက် အဆိုပါမြို့ကိုဝင်ထွက်သွားလာမှု ပိတ်ပင်လိုက်ပြီးဗိုင်းရပ်စ်ကူးစက်မှုရှိ မရှိကိုစတင်စစ်ဆေးသွားမည်ဟု တာဝန်ရှိသူများက စက်တင်ဘာလ ၁၅ ရက်(အင်္ဂါနေ့)တွင်ပြောကြားခဲ့သည်။

အိမ်နီးချင်းမြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် ယူနန်ပြည်နယ်အနောက်ပိုင်းရှိ ရွှေလီမြို့တွင်     ဗိုင်းရပ်စ်ကူးစက်သူသုံးဦးတွေ့ရှိ ခဲ့ရသည်။

ရွှေလီမြို့တာဝန်ရှိသူတို့ကအင်္ဂါနေ့တွင်ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင် တနင်္လာနေ့ညနေပိုင်းမှစ၍မြို့ဝင်ထွက်ခွင့်ကိုပိတ်ထားခဲ့ပြီးဒေသခံများကိုလည်းအိမ်ထဲမှမထွက်ရန် တားမြစ်ထားကြောင်း၊ ရွှေလီမြို့တွင်နေထိုင်သူဦးရေ ၂၁၀ ၀၀၀ ကျော်တို့သည်လူတိုင်းဗိုင်းရပ်စ်ကူးစက် မှုရှိ  မရှိစစ်ဆေးခြင်းခံရမည်ဟုဖော်ပြထားသည်။

ကုန်တိုက်များ၊ ဆေးဆိုင်များနှင့်အစားအသောက်အရောင်းဆိုင်များမှအပ ကျန်လုပ်ငန်းအားလုံးကို ပိတ်ထားလျက်ရှိသည်။

ဗိုင်းရပ်စ်ပိုးသည်မြန်မာဘက်မှကူးစက်လာခြင်းဖြစ်ပြီး တရုတ်အာဏာပိုင်များအနေဖြင့်တရားမဝင် ဝင်ရောက်လာသူများကိုထိထိရောက်ရောက်နှိမ်နင်းသင့်သည်ဟု တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။

ရွှေလီသည်မြန်မာနယ်စပ်မြို့ဖြစ်သည့်မူဆယ်နှင့်မြစ်တစ်စင်းသာခြားပြီး မူဆယ်သည်ညစ်ပတ်သော လမ်းများ၊ လက်နက်ရောင်းဝယ်မှုများ၊ လောင်းကစားရုံများနှင့်မူးယစ်ဆေးဝါးတို့ဖြင့်လူသိများသော မြို့ဖြစ်သည်။

ရွှေလီဒုတိယမြို့တော်ဝန် ယန်ပန်းချင်း က တနင်္လာနေ့တွင်သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး    ” ရွှေလီမှတစ်ဆင့်တရုတ်နိုင်ငံအတွင်းသို့ မည်သူ့ ကိုမျှ ဝင်ခွင့်မပြု၊ နေထိုင်ခွင့်လည်းမပြု၊အလုပ်လုပ်ခွင့် လည်းပြုမည် မဟုတ်” ဟုပြောကြားခဲ့သည်။

တရုတ်အစိုးရသည်ယခင်နှစ်ကကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိသည့်အလယ်ပိုင်းရှိ ဝူဟန် မြို့မှစ၍နိုင်ငံ တစ်ဝန်းလုံးသို့ဗိုင်းရပ်စ်မပျံ့ပွားစေရန်ခရီးသွားလာမှုကန့်သတ်ခြင်း၊ ဝင်ထွက်သွားလာမှုကန့်သတ်ခြင်း တို့ကိုတင်း  ကျပ်စွာပြုလုပ်ခဲ့သည်။

သို့ရာတွင်လွန်ခဲ့သည့်လများကမြို့တော်ဘေဂျင်းအပါအဝင်မြို့များ၌ပြည်တွင်းကူးစက်မှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

တရုတ်နယ်စပ်ဒေသများတွင်နိုင်ငံခြားသားများဝင်ရောက်ခြင်းမပြုရန်ပိတ်ပင် ထားဆဲဖြစ်သော်လည်း ပြည်ပမှပြန်လာသော တရုတ်နိုင်ငံသားများထံမှကူးစက်မှုအများဆုံးဖြစ်ပေါ်ခဲ့သည်။

အင်္ဂါနေ့ကတရုတ်နိုင်ငံတွင်ဗိုင်းရပ်စ်ကူးစက်သူခုနှစ်ဦးတွေ့ရှိခဲ့ပြီးအားလုံးမှာပြည်ပမှပြန်လာသူ များဖြစ်သည်ဟုတရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly