၂၀၂၀ အတွင်း Forbes ရဲ့ ဝင်ငွေအများဆုံးဘောလုံးသမားများစာရင်းမှာ မက်ဆီ ထိပ်ဆုံးက ရပ်တည် 

၂၀၂၀ အတွင်း Forbes ရဲ့ ဝင်ငွေအများဆုံးဘောလုံးသမားများစာရင်းမှာ မက်ဆီ ထိပ်ဆုံးက ရပ်တည် 
Photos: EPA

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဝင်ငွေအများဆုံးဘောလုံးကစားသမားများအတွက် Forbes က ထုတ်ပြန်တဲ့ စာရင်းမှာ ထိပ်ဆုံး ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ 

မက်ဆီရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ ၁၂၆ သန်း (ပေါင် ၉၇.၂ သန်း)ဖြစ်ပြီး ဂျူဗင်တပ်စ်ရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒေါ်လာ ၁၁၇ သန်း (ပေါင် ၉၀.၃ သန်း)နဲ့ ဒုတိယနေရာမှာ ရှိတယ်လို့ Forbes ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ 

နေမာက တတိယနေရာမှာ ရပ်တည်ပြီး ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေက စတုတ္ထနေရာမှာ ရှိပါတယ်။ 

ထိပ်ဆုံး (၁၀)ဦးစာရင်ထဲမှာတော့ ပရီမီးယားလိဂ်က ကစားသမား ၃ ဦးဖြစ်တဲ့ ဆာလာ၊ ပေါ့ဂ်ဘာနဲ့ ဒီဂီယာတို့ပါဝင်သလို ရီးယဲလ်မက်ဒရစ်နဲ့ ဝေလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်လည်း ပါဝင်ခဲ့ပါတယ်။ 

ဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းက အဆင့် ၇၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးက အဆင့် ၉ နေရာတို့မှာ အသီးသီးရှိပါတယ်။ 

အမ်ဘာပေဟာ အဆင့် ၇ နေရာကနေ ၄ နေရာအထိ အဆင့် ၃ ဆင့်မြင့်တက်ခဲ့ပေမယ့်လည်း ထိပ်ဆုံး (၃)နေရာကတော့ ၂၀၁၉ ခုနှစ်ကအတိုင်း အစဉ်အလိုက်ရှိနေတာပါ။

အသက် ၃၃ နှစ်ရှိ အာဂျင်တိုင်းသား မက်ဆီဟာ ယခုနွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ စီစဉ်ခဲ့ပြီး သြဂုတ်လအတွင်းက အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ ဘယ်အသင်းကိုမှ မတတ်နိုင်ခဲ့တာကြောင့် အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝင်ငွေအများဆုံးဘောလုံးကစားသမား (၁၀)ဦးစာရင်း 

  1. လီယွန်နယ် မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား) ဒေါ်လာ ၁၂၆ သန်း (ပေါင် ၉၇.၂ သန်း) 
  2. ခရစ္စတီယာနို ရော်နယ်လ်ဒို (ဂျူဗင်တပ်စ်/ပေါ်တူဂီ) ဒေါ်လာ ၁၁၇ သန်း (ပေါင် ၉၀.၃ သန်း) 
  3. နေမာ (ပီအက်စ်ဂျီ/ဘရာဇီးလ်) ဒေါ်လာ ၉၆ သန်း (ပေါင် ၇၄.၁ သန်း) 
  4. ကိုင်လီယန် အမ်ဘာပေ (ပီအက်စ်ဂျီ/ပြင်သစ်) ဒေါ်လာ ၄၂ သန်း (ပေါင် ၃၂.၄ သန်း) 
  5. မိုဟာမက် ဆာာ (လီဗာပူးလ်/အီဂျစ်) ဒေါ်လာ ၃၇ သန်း (ပေါင် ၂၈.၅ သန်း) 
  6. ပေါလ် ပေါ့ဂ်ဘာ (မန်ယူ/ပြင်သစ်) ဒေါ်လာ ၃၄ သန်း (ပေါင် ၂၆.၂ သန်း) 
  7. အန်တိုနီယို ဂရစ်ဇ်မန်း (ဘာစီလိုနာ/ပြင်သစ်) ဒေါ်လာ ၃၃ သန်း (ပေါင် ၂၅.၅ သန်း) 
  8. ဂါရတ် ဘေးလ် (ရီးယဲလ်/ဝေလ်) ဒေါ်လာ ၂၉ သန်း (ပေါင် ၂၂.၄ သန်း) 
  9. ရော်ဘတ် လီဝန်ဒေါ့စကီး (ဘိုင်ယန်မြူးနစ်/ပိုလန်) ဒေါ်လာ ၂၈ သန်း (ပေါင် ၂၁.၆ သန်း) 
  10. ဒေးဗစ် ဒီဂီယာ (မန်ယူ/စပိန်) ဒေါ်လာ ၂၇ သန်း (ပေါင် ၂၀.၈ သန်း) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly