ဝန်ကြီးချုပ်အာဘေးရဲ့မူဝါဒများကို ဆက်လက်ဖော်ဆောင်မည်ဟု ရွေးချယ်ခံ LDP ပါတီခေါင်းဆောင် ဆူဂါ ကတိပြု

By AFP
15 September 2020
ဝန်ကြီးချုပ်အာဘေးရဲ့မူဝါဒများကို ဆက်လက်ဖော်ဆောင်မည်ဟု ရွေးချယ်ခံ LDP ပါတီခေါင်းဆောင် ဆူဂါ ကတိပြု
Photo - AFP

စက်တင်ဘာ ၁၅ 

ဂျပန်ရဲ့ အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒဲဆူဂါကို ပါတီခေါင်းဆောင်အဖြစ် တနင်္လာနေ့က မဲပေးရွေးချယ်လိုက်တာကြောင့် ဆူဂါဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနေရာကိုဆက်ခံမယ့်သူဖြစ်ဖို့ သေချာသလောက်ရှိနေပါပြီ။ 

 လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥပဒေပြုအမတ်တွေနဲ့ ဒေသဆိုင်ရာကိုယ်စားလှယ်တွေပေးတဲ့ ခိုင်လုံမဲ ၅၃၄ မဲအနက် ၃၇၇ မဲရရှိတာကြောင့် ဆူဂါဟာ အာဏာရပါတီခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၆ ) မှာတော့ ပါလီမန်မှာ ဝန်ကြီးချုပ်သစ်အတွက် မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ်တွေကြီးစိုးတဲ့ပါလီမန်မှာလည်း ဆူဂါဟာ အနိုင်ရဖို့မျှော်လင့်ရပြီး ကျန်းမာရေးကြောင့် အနားယူမယ့် ရှင်ဇိုအာဘေးနေရာကိုဆက်ခံမယ့် ဝန်ကြီးချုပ်သစ်ဖြစ်ဖို့ သေချာနေပါတယ်။  

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဆူဂါက အာဘေးရဲ့မူဝါဒတွေကို ဆက်လက်လက်လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။ 

ဆူဂါက “နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ နိုင်ငံရေးဆိုင်ရာ လစ်ဟာမှုတွေ ထား,ထားလို့မရပါဘူး။ ကပ်ရောဂါကို ကျော်လွှားဖို့နဲ့ ပြည်သူတွေ စိတ်သက်သက်သာသာနဲ့ တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ ဝန်ကြီးချုပ်အာဘေးအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အရာတွေကို အောင်မြင်အောင်လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ ကျွန်တော်ရဲ့တာဝန်ပါ” လို့ပြောခဲ့ပါတယ်။  

ဆူဂါဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရုအီရှီဘာနဲ့ LDP ပါတီမူဝါဒအကြီးအကဲ ဖူမီအိုကီရှီဒါတို့နဲ့ ပါတီခေါင်းဆောင်ရွေးပွဲယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly