တရုတ်နိုင်ငံသို့သွားရောက်ခြင်းမပြုရန်သတိပေးထားမှုအားအမေရိကန်မှဖြေ လျော့ပေး

တရုတ်နိုင်ငံသို့သွားရောက်ခြင်းမပြုရန်သတိပေးထားမှုအားအမေရိကန်မှဖြေ လျော့ပေး

စက်တင်ဘာ ၁၅

အမေရိကန်ပြည်ထောင်စုသည်တရုတ်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ် COVID-19  ရောဂါကူးစက်မှုလျော့ကျ သွားသည်ကိုအသိအမှတ်ပြုသည့်အနေဖြင့်တရုတ်နိုင်ငံသို့သွားရောက်ခြင်းမပြုရန်သတိပေးထားချက်ကို စက်တင်ဘာလ ၁၄ ရက်(တနင်္လာနေ့) ကဖြေလျော့ပေးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ နိုင်ငံသားများအား တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ရန်ပြန်လည် စဉ်းစားသင့်သည်ဟုတိုက်တွန်းထားဆဲဖြစ်သည်။ သို့သော်တရုတ်နိုင်ငံသို့သွားရောက်ခြင်းမပြုရန်သတိ ပေးချက်ကို  မူဖြေလျော့ပေးခဲ့သည်။

“တရုတ်နိုင်ငံတွင်မူကြိုများနှင့်ကျောင်းများအပါအဝင်စီးပွားရေးလုပ်ငန်းအများအပြားကိုပြန်လည် စတင်နေပြီဖြစ်ကြောင်းနှင့်အခြားသောတိုးတက်လာသည့်အခြေအနေများဖြစ်ပေါ်နေပြီကိုသိရှိနေရ ကြောင်း”ဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောကြားခဲ့သည်။

တရုတ်အစိုးရမှဟောင်ကောင်တွင်တင်းကျပ်သည့်လုံခြုံရေးဥပဒေပြဌာန်းခဲ့မှုအပါအဝင်ဖမ်းဆီး ထိန်းသိမ်းမှုများပြုလုပ်နေသောကြောင့်နိုင်ငံသားများအနေဖြင့်သတိထားကြရန်အမေရိကန်နိုင်ငံခြား ရေးဌာနမှသတိပေးခဲ့ သည်။  

တရုတ်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိတော့သည့်အထိမ်းအမှတ်အောင်ပွဲခံသည့်အခမ်းအနား တွင် သမ္မတရှီကျင့်ပင်ကကျန်းမာရေးဝန်ထမ်း များကိုဘွဲ့တံဆိပ်များချီးမြှင့်ပြီးကိုရိုနာဗိုင်းရပ်စ်ကိုအနိုင် ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ရက်သတ္တပတ်တစ်ပတ်အကြာတွင်အမေရိကန်နိုင်ငံမှ ခရီး သွားလာမှုသတိပေးချက်ကိုဖြေလျော့ပေးကြောင်းကြေညာလိုက်ခြင်းဖြစ်သည်။

သမ္မတဒေါ်နယ်ထရန့် အစိုးရသည် ဝူဟန်မြို့တွင်ပထမဆုံးအကြိမ် COVID-19   ရောဂါပိုးတွေ့ရှိမှုသတင်း ကို တရုတ်အစိုးရကဖုံးကွယ်ထားမှုနှင့်ပတ်သက်၍တရုတ်နိုင်ငံအပေါ်အကြိမ်ကြိမ်ဒေါသတကြီးပြစ်တင် ပြောဆိုခဲ့  သည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအများဆုံးနိုင်ငံဖြစ်နေ ပြီးထရန့်သည်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကိုကိုင်တွယ်ဖြေရှင်းသည့်ကိစ္စနှင့်ပတ်သက်၍အပြင်း အထန်ဝေဖန်ခံ နေရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly