ဒေသခံများကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ထားသောကြောင့် SNLD အနေဖြင့် မဲဆွယ် စည်းရုံးရေး အခက်အခဲ နည်းပါးဟုဆို

ဒေသခံများကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ထားသောကြောင့် SNLD အနေဖြင့် မဲဆွယ် စည်းရုံးရေး အခက်အခဲ နည်းပါးဟုဆို

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)  ၏ ကိုယ်စားပြုပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအဖြစ် သက်ဆိုင်ရာ ဒေသခံများကိုသာ ရွေးချယ်ထား သောကြောင့် မဲဆွယ်စည်းရုံးရေးအတွက် အခက်ခဲအနည်းငယ်သာရှိကြောင်း SNLD ပါတီ ၏ ဒုတိယဥက္ကဋ္ဌ(၁)  ဖြစ်သူ စိုင်းညွှန့်လွင် က မဇ္စျိမသတင်းဌာနကို ပြောသည်။  

 

“အဓိက များသောအားဖြင့် ဒေသခံတွေကို ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးထားတာဖြစ်ပါတယ်။ နဂိုထဲကအဒေသမှာနေပြီးသား ရှိပြီးသား ဆိုတော့ သူအတွက်က အကူးအပြောင်းသိပ်မရှိပါဘူး။ အဆင်ပြေပါတယ်။ သိပ်အရမ်းကြီးအခက်ခဲမရှိပါဘူး “ ဟု စိုင်းညွှန့်လွင်က ပြောသည်။

တည်းဖြတ် / တင်ဆက် - ထွန်းထွန်းဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly