တရုတ်ဟာ လာအိုကို အကြွေးနွံထဲမှာ နှစ်မြုပ်ကာ ပင်မလျှပ်စစ်ဓာတ်အားလိုင်းကြီးကို ထိန်းချုပ်လိုက်ခြင်း

တရုတ်ဟာ လာအိုကို အကြွေးနွံထဲမှာ နှစ်မြုပ်ကာ ပင်မလျှပ်စစ်ဓာတ်အားလိုင်းကြီးကို ထိန်းချုပ်လိုက်ခြင်း

စက်တင်ဘာ ၁၄

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တရုတ်ရဲ့ ကြွေးမြီထောင်ချောက် သံတမာန်ရေးဆိုတာက သေစေလောက်တဲ့ ရစ်ပတ်ယှက်နွယ်မှုကို မြန်မြန်လုပ်ပြီး နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်နိုင်အောင် ရန်လိုတဲ့ နယ်မြေချဲ့ထွင်ရေး ပေါ်လစီပဲ ဖြစ်ပါတယ်။

လာအိုဟာ ရေရှည်တောင့်မခံနိုင်တဲ့ တရုတ်ရဲ့ ချေးငွေတွေအောက် နစ်မြုပ်သွားခဲ့ပြီး မဟာဗျူဟာမြောက် နိုင်ငံရဲ့   ရေဓာတ်ခမ်းခြောက်လာခဲ့တဲ့နောက်ပိုင်း တရုတ်ကြွေးမြှီထောင်ချောက်ရဲ့  နောက်ဆုံးသားကောင်ဖြစ်လာခဲ့ ပါတယ်။

စိတ်ပူဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုကတော့ တရုတ်ကုမ္ပဏီတစ်ခုရဲ့ အကြွေးပြန်ဆပ်ဖို့ ရုန်းကန်နေရတဲ့ လာအိုဟာ သူ့ရဲ့ နိုင်ငံပိုင် ပင်မလျှပ်စစ်ဓာတ်အားပေးလိုင်းကြီးတစ်ခုလုံးကို အဓိက ထိန်းချုပ်ဖို့ကို ထိုးအပ်လိုက်ရတော့မှာ  ဖြစ်ပါ တယ်။

မင်္ဂလာမရှိတဲ့ လုပ်နည်းကိုင်နည်းကတော့ တရုတ်ဟာ နိုင်ငံသေးတွေ၊ သဘာဝသံယံဇာတအရင်းအမြစ်သိပ်မများတဲ့ နိုင်ငံတွေ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းအောက်မှာ ငွေတွေပုံအောပေးပြီး အကြွေးမဆပ်နိုင်တဲ့ နိုင်ငံကတော့ ပြစ်ဒဏ်ချအကြွေးဆပ်တာအနေနဲ့ သူရဲ့ မဟာဗျူဟာမြောက် နယ်မြေတွေကို တရုတ်လက်ထဲထိုးအပ်ရေးပါပဲ။

တရုတ်နိုင်ငံဟာ လာအိုရဲ့ အကြီးဆုံးကြွေးရှင်ဖြစ်လာပြီးတဲ့နောက် လာအိုရဲ့ မဟာဓာတ်အားလိုင်းမှာ ရှယ်ယာခွဲပေးဖို့ နိုင်ငံပိုင် Electricite du Laos (EDL) နဲ့ China Southern Power Grid Co. တို့ကြားမှာ သဘောတူညီ  ချက်ရလာခဲ့တာ အံသြစရာတော့မဟုတ်ပါဘူး။

China Southern Power Grid ကုမ္ပဏီဟာ အခုဆိုရင် Electricite du Laos Transmission ကုမ္ပဏီသစ်ရဲ့ ထိန်းချုပ်မှုအများစုကို လုပ်လာနိုင်လိမ့်မယ်လို့  ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားပါတယ်။

အကြွေးနွံရဲ့ အလည်ဗဟိုက စီမံကိန်းတွေနဲ့အတူ တရုတ်ပိုက်ဆံပိုက်ပြီး လာအိုဟာ တရုတ် အမြန်ရထားလမ်းတစ်ခုနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ပိုက်ဆံကို အားရပါးရသုံးပစ်ခဲ့ပါတယ်။

 ကမ္ဘာ့နိုင်ငံတွေရဲ့ အဆင့်သတ်မှတ်ချက်လုပ်တဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ Moody ရဲ့ အဆိုအရ လာအိုရဲ့ ဒီနှစ်မှာ လာအိုရဲ့ ကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံလောက်ရှိပြီး ဇွန်လက  နိုင်ငံခြားအရံငွေဒေါ်လာ ၈၆၄ သန်းအထိ ကျဆင်းသွားတယ်လို့ ခန့်မှန်းထားပါတယ်။

လာအိုအစိုးရရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုနဲ့ပတ်သက်ပြီး အကြံပေးနေတဲ့ ဂျပန်ပါမောက္ခ Toshiro Nishizawa က " လာအိုဟာ စီးပွားရေးအရ တရုတ်အပေါ် မှီခိုတာ ပိုလာမှာဖြစ်ပြီး အဲဒါဟာ မလွှဲရှောင်သာဘူး" လို့ ဆိုပါတယ်။

ရှီရဲ့ နိုင်ငံရေးသတင်းစကား ' ဘုံကံကြမ္မာ အဝန်းအဝိုင်းတည်ဆောက်ခြင်း' ဆိုတာကို ပထမဆုံး ထောက်ခံခဲ့တာမို့ လာအိုဟာ ရှီကျင်းပင်ရဲ့ ရာသီစုံ မဟာမိတ်ရယ်လို့ ပေါ်ထွက်လာခဲ့ပေမယ့်လည်းတရုတ်ဟာ လာအိုကို ရေဓာတ်ခမ်းခြောက်အောင် လုပ်နေသလိုပါပဲ။

လာအိုနိုင်ငံသည် လူဦး လာအိုဟာ လူဦးရေ ၇ သန်းရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး ရေငတ်ပြေဖို့အတွက် မဲခေါင်မြစ်ကို အင်မတန်မှ မှီခိုနေရတာဖြစ်ပါတယ်။ လာအိုနဲ့အတူ  ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းမှာရှိပြီး မကြာသေးခင်က ဆိုးဆိုးရွားရွား မိုးခေါင်ရေရှားမှုဒဏ်ကိုခံရတာမှာ နှစ် ၅၀ အတွင်းမှာ ရေအမြင့် အနိမ့်ဆုံးဖြစ်လာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် သုတေသနကုမ္ပဏီတစ်ခုရဲ အဆိုအရ မိုးခေါင်ရေရှားမှုဟာ အဓိကအားဖြင့် ရေတွေကိုထိန်းချုပ်ထားတဲ့ တရုတ်ဆည်တွေကြောင့်လို့ ဆိုပါတယ်။  အဓိကအားဖြင့် ရေတံခွန်များကို ထိန်းချုပ်ထားသော တရုတ်နိုင်ငံ၏ ရေကာတာများကြောင့် ဟုဆိုသည်။
မိုးဇလပညာရှင်နဲ့  Eyes on Earth အဖွဲ့ ဥက္ကဌ Alan Basist က “ တကယ်လို့ တရုတ်တွေက မိုးခေါင်ရေရှားမှုဖြစ်စဉ်ဟာ သူတို့နဲ့ မဆိုင်ဘူးဆိုခဲ့ရင် တကယ်ဖြစ်ပျက်နေတာနဲ့ မကိုက်ညီဘူး ” လို့ ပြောပါတယ်။

Lancang မြစ်ညာပိုင်းလို့ လူသိများကြတဲ့ ကီလိုမီတာ ၄၃၅၀  (မိုင် ၂,၇၀၀) မြစ်ပေါ်မှာ ပြီးခဲ့တဲ့နှစ်က မိုးရေချိန်နည်းပါးခဲ့တာကြောင့်လို့ တရုတ်က ပြောပါတယ်။ ဒါပေမယ့် မြေပြင်စွတ်ဆိုမှု ဂြိုလ်တုတိုင်းတာမှုတွေအရ မြစ်ညာပိုင်းဖြစ်တဲ့ တရုတ်ရဲ့ ယူနန်ခရိုင်ဟာ ပျှမ်းမျှမိုးရေချိန်ထက်ပိုခဲ့ပြီး စွတ်ဆိုရာသီဖြစ်တဲ့ မေကနေ အောက်တိုဘာလအတွင်းမှာ နှင်းပျော်ဆင်းမှုကလည်း ပျှမ်းမျှထက်ပိုခဲံတယ်လို့ ပြနေပါတယ်။

မိုးရေချိန်နည်းပါးခဲ့သည်ဟု တရုတ်ကပြောကြားခဲ့သည်။  ဒါတောင်မှ အရှေ့တောင်အာရှရဲ့ မဲခေါင်မြစ်ဝှမ်းဒေသ (LMB) နိုင်ငံတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ငါးခုအတွင်းမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ကြုံနေရပါတယ်။
မဲခေါင်မြစ်အောက်ပိုင်း ထိုင်း - လာအိုနယ်စပ်တလျှောက် ရေအမြင့်ဟာ ကျဆင်းနေပြီး ပျှမ်းမျှရှိလေ့ရှိတာထက် သုံးမီတာ လျော့နေတာကြောင့် စိုက်ပျိုးရေးအခြေပြုတဲ့ မဲခေါင်မြစ်ဝှမ်းအောက်ဘက်နိုင်ငံတွေကို ပျက်စီး ဆုံးရှုံးမှုတွေဖြစ်စေပါတော့တယ်။

လူတွေအာရုံကျလာတဲ့ တရုတ်က မဲခေါင်မြစ်ပေါ်မှာဆောက်လုပ်ထားတဲ့ ရေကာတာ ၁၁ ခုကို ပေါင်းလိုက်ရင် စုစုပေါင်း ရေထုက ၄၇ ကုဗမီတာထက်ပိုတာတွေ့ရပေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ခိုးကြောင်ခိုးဝှက်လုပ်တဲ့ ထုံးစံအတိုင်း ဆည်တွေဟာ ရေဘယ်လောက်ဖြည့်ထားတယ်ဆိုတာကို ထုတ်ပြန်ခြင်းမရှိပါဘူး။
အဲဒီ စိုက်ပျိုးရေး စီးပွားရေးအခြေခံတဲ့ စီးပွားရေးတွေနဲ့ ၁၂ သန်းသော အိမ်ထောင်စုတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ မဲခေါင်မြစ်ကို တိုက်ရိုက်မှီခိုနေရပါတယ်။ ယူနန်ခရိုင်မှာရှိတဲ့ မဲခေါင်မြစ်ကရေတွေကို တရုတ်ဆည်တွေ ကထိန်းထားလိုက်တဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေးဟာ  အန္တရာယ်များလှပါတယ်။

မဲခေါင်မြစ်အောက်ပိုင်းမှာ ရေခမ်းတာကြောင့် မဲခေါင်အောက်ဘက်လေးနိုင်ငံလုံးဟာ စီးပွားပျက်ကိန်းပါပဲ။ ဒေသရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ရဲ့ သုံးရာခိုင်နှုန်းဖြစ်တဲ့ ရေလုပ်ငန်းဟာ ဆိုးဆိုးရွားရွားကို မွန်းကြပ် နေပါတယ်။ ရေလုပ်ငန်း စီးပွားရေးရဲ့ ၁၈ ရာခိုင်နှုန်းရဲ့ ၁၂.၆ ရာခိုင်နှုန်း အသီးသီးရှိတဲ့  ကမ္ဘောဒီးယားနဲ့ လာအိုတို့ကတော့ အဆိုးဆုံးထိခိုက်မှာဖြစ်ပါတယ်။

အခုဆိုရင် တရုတ်ဟာ လာအိုရဲ့ အသက်သွေးကြောမှာ အရေးပါဆုံးနှစ်ခုဖြစ်တဲ့ ရေနဲ့ လျှပ်စစ်ဓာတ်အားကို ထိန်းချုပ်ထားလိုက်နိုင်ပါပြီ။ မကြာသေးခင်က တရုတ်ရဲ့ ရာဇဝင်ကိုပြန်ကြည့်ရင် တရုတ်ရဲ့ အမျက်ဒေါသကို ဆန့် ကျင်တဲ့ အပြုအမူတစ်ခု ဒါမှမဟုတ် လုပ်ရပ်တစ်ခုကို လာအိုက လုပ်ရင်တော့ဖြင့် ရှီကျင်းပင်းက လျှပ်စစ်ဓာတ်အားနဲ့ ရေပေးဝေမှုကို ဖြတ်တောက်ပစ်လိုက်ပြီး လာအိုကို အပြစ်ပေးပါလိမ့်မယ်။

  လာအိုမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုပေါင်းဟာ ဒေါ်လာ ၁၀ ဘီလီယံထက်ကျော်ရှိပြီး တရုတ်ကိုပေးရမည့်လာအိုရဲ့အကြွေးဟာ ဂျီဒီပီရဲ့ ၄၅ ရာခိုင်နှုန်းကိုရောက်နေပြီလို့ မကြာသေးခင်က လေ့လာမှုတွေအရ သိရတာကြောင့် လာအိုဟာ အခုတော့  တရုတ်နိုင်ငံရဲ့ ခရိုင်တစ်ခုလိုလိုကိုဖြစ်လာနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly