ဂျပန် အာဏာရပါတီခေါင်းဆောင်အဖြစ် ဆူဂါ ရွေးချယ်ခံရရန်သေချာလုနီးပါး ဖြစ်နေ

ဂျပန် အာဏာရပါတီခေါင်းဆောင်အဖြစ် ဆူဂါ ရွေးချယ်ခံရရန်သေချာလုနီးပါး ဖြစ်နေ

စက်တင်ဘာ ၁၄

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ၏လက်ထောက်ဖြစ်သူအစိုးရအဖွဲ့အတွင်းရေးမှုးချုပ် ယိုရှိဟီဒဲ ဆူဂါ သည်တနင်္လာနေ့တွင်ပြုလုပ်မည့် အာဏာရပါတီခေါင်းဆောင်ရွေးကောက်ပွဲတွင်အနိုင်ရရန် သေချာ နေပြီး ယခုရက်သတ္တပတ်အတွင်း ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရမည်မှာ သေချာလောက်ရှိနေပြီဖြစ်သည်။

ဆူဂါ(၇၁ နှစ်) က” မိမိသည် အာဘေး ချမှတ်ခဲ့သောအဓိကကျသည့်စီးပွားရေးနှင့်နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများအတိုင်းဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လွတ်လပ်သောဒီမိုကရက်တစ်ပါတီ(Liberal Democratic Paty-LDP)  မှ ဥပဒေပြုအမတ် တို့၏ မဲအရေအတွက် ၃၉၄ မဲ နှင့် ဒေသဆိုင်ရာပါတီဝင်တို့ ၏ မဲအရေအတွက်  ၁၄၁ မဲတို့အနက်အများစုကိုရရှိနိုင်မည်ဟုမျှော်လင့်ကြောင်း” ဖြင့်ပြောကြားခဲ့သည်။

ဆူဂါ သည်လွှတ်တော်အမတ် ၇၀ % ကျော်၏ထောက်ခံမဲကိုရရှိထားပြီး အဆိုပါပမာဏသည် ပါတီတွင်း ၌ မဲအရေအတွက်အများဆုံးဖြစ်သည်ဟု NHK သတင်းဌာနမှထုတ်ပြန်ခဲ့သည်။

 အောက်လွှတ်တော်တွင် LDP  ပါတီဝင်အများစုလွှမ်းမိုးနေသဖြင့် LDP  ခေါင်းဆောင်ရွေးကောက်ပွဲတွင် အနိုင်ရသူသည်ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်မည့်လွှတ်တော်တွင်းဝန်ကြီးချုပ်ရွေးချယ်ပွဲတွင်အနိုင်ရရန်သေချာ လုနီးပါး  ရှိနေပေသည်။ အနိုင်ရသူသည် အာဘေး ၏ပါတီခေါင်းဆောင်သက်တမ်းကုန်ဆုံးသည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ အထိတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဆူဂါ က “မိမိသည် အာဘေး ချမှတ်ခဲ့သည့် အလွန်လွယ်ကူသည့်ငွေကြေးမူဝါဒ များ၊ Covid-19  ပြဿနာကိုဖြေရှင်းနေစဉ်လုပ်ဆောင်ရမည့်အစိုးရ၏အသုံး စရိတ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ၊ စီးပွားရေးကျ ဆင်းနေမှု၊ နိုင်ငံအတွင်းသက်ကြီးရွယ်အို များပြားလာမှုနှင့်ကလေးမွေးဖွားနှုန်း လျော့ကျနေမှုကဲ့သို့သောကာလရှည်ကြာစွာဖြစ်ပေါ်နေသည့်ကိစ္စရပ်များကိုဆက်လက်ရင်ဆိုင်ဖြေရှင်း သွားမည်” ဟုပြောကြားခဲ့သည်။

ရိုက်တာသတင်းဌာန၏ စစ်တမ်းကောက်ယူမှုအရဂျပန်လုပ်ငန်းများသည် စက်တင်ဘာလအထိ ၁၄ လ ဆက်တိုက်စီးပွားရေးကျဆင်းနေသည်ဟုသိရှိရ ပြီး ၎င်းအချက်သည် နောက်တက်လာမည့်ဝန်ကြီးချုပ် အသစ်ရင် ဆိုင်ဖြေရှင်းရမည့်အကြီးမားဆုံးပြဿနာဖြစ်နေသည်။

ဆူဂါ သည်သံတမန်ရေးရာကိစ္စရပ်များတွင်အတွေ့အကြုံနည်းပါးသူဖြစ်သော်လည်း အမေရိကန်သမ္မတ နှင့်ဆက်ဆံရေးအဆင်ပြေအောင်လုပ်ဆောင်ခြင်း၊  တရုတ်ရေတပ်၏ရန်စမှုကိုနှစ်နိုင်ငံအပြန်အလှန် စီးပွားရေး အမှီပြုမှုဖြင့် ချိန်ညှိဆောင်ရွက်ခြင်း ကဲ့သို့သော ပထဝီနိုင်ငံရေးဆိုင်ရာအရေးများကို ကိုင်တွယ်လျက်ရှိသည်။

ဂျပန်နိုင်ငံမြောက်ပိုင်းဇာတိဖြစ်သည့် ဆူဂါ သည်ဒေသခံလွှတ်တော်အမတ်အဖြစ် ၎င်း၏နိုင်ငံရေးခရီး ကိုစတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အရေးပါသည့် အစိုးရ အဖွဲ့အတွင်းရေးမှုးချုပ်ရာထူးကိုရရှိခဲ့သည်။ ၎င်းသည် အာဘေး  အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီးမူဝါဒဆိုင်ရာနှင့်ဗျူရိုကရေစီစနစ် ကို တည်ငြိမ်အောင်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။

ဆူဂါ သည်ရှေ့မှဦးဆောင်ဦးရွက်ပြုခြင်းထက်နောက်ကွယ်မှစီစဉ်ဆောင်ရွက်သူအဖြစ်သာနေခဲ့သော် လည်း၎င်းအား အာဘေး ၏ဆက်ခံသူအဖြစ်ကြေညာခဲ့ပြီးသည့်နောက်ပိုင်းထောက်ခံသူများ များပြားလာ ခဲ့သည်။ ဆူဂါ သည် LDP  ပါတီဝင်အများစု၏ထောက်ခံမှုကိုရရှိခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ရှိဂဲရု အီရှိဘ နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီအို ကီရှိဒ တို့အပါအဝင်ပြိုင်ဘက်များကိုကျော်တက်သွားနိုင် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly