စပါးကို အနိုင်ရပြီးနောက် ပုံစံသစ် အဲဗာတန်က ကြီး (၆)ကြီးကို လှုပ်ခါနိုင်မယ်လို့ အန်ဆယ်လော့တီ ယုံကြည်

စပါးကို အနိုင်ရပြီးနောက် ပုံစံသစ် အဲဗာတန်က ကြီး (၆)ကြီးကို လှုပ်ခါနိုင်မယ်လို့ အန်ဆယ်လော့တီ ယုံကြည်
Photo: EPA

ကာလိုအန်ဆယ်လော့တီက အဲဗာတန်အသင်းဟာ ဒီရာသီမှာ ပရီမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၆ နေရာအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း စပါးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ပြောပါတယ်။ 

တနင်္ဂနွေနေ့က အဲဗာတန်အသင်းဟာ ကယ်လ်ဗတ်လူဝင်ရဲ့ အကောင်းဆုံးခေါင်းတိုက်ဂိုးနဲ့ တော့တင်ဟမ်ကို ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

အန်ဆယ်လော့တီဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဒူကူဟေနဲ့ အယ်လန်တို့ကို ခေါ်ယူပေးမှုနဲ့ အသင်းဆီက ထောက်ပံ့မှု အပြည့်အဝ ရရှိထားပြီး ပြီးခဲ့တဲ့ရာသီက အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့တဲ့ အဲဗာတန်အသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ 

"ကျနော်တို့ ယှဉ်ပြိုင်နိုင်မယ်ဆိုတာကို ပြသခဲ့တယ်။ ဒါက အရေးကြီးဆုံး မက်ဆေ့ချ်ပါ။ စိတ်ဓာတ်၊ သဘောထားတွေသာ ကောင်းမွန်ကြံ့ခိုင်နေမယ်ဆိုရင် ကျနော်တို့ ယှဉ်ပြိုင်နိုင်ပါတယ်။"လို့ အန်ဆယ်လော့တီက ပြောပါတယ်။ 

"ကျနော်တို့ရဲ့ ရည်မှန်းချက်က ဥရောပဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ပါလို့ ပွဲမတိုင်ခင်က ကျနော် ပြောထားပါတယ်။ ပထမဆုံးပွဲဦးထွက်က ကောင်းမွန်ခဲ့တယ်။ ဒုတိယနဲ့ တတိယပွဲစဉ်တွေကို ကြည့်ရအုံးမယ်။ ဒါ့ကြောင့် ကျနော်တို့ အချိန်အနည်းငယ်လောက် စောင့်ကြည့်ရမှာဖြစ်ပေမယ့် ကျနော်ကတော့ ယုံကြည်မှုအများကြီးရှိပါတယ်။ တော့တင်ဟမ်နဲ့ပွဲမတိုင်ခင် ကျနော် ယုံကြည်မှုရှိခဲ့ပြီး အခုဆိုရင် ပိုပြီး ယုံကြည်မှုရှိလာတယ်။ ဒါပေမယ့် ကျနော်တို့ အာရုံစူးစိုက်ရပါမယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly