Fever Clinic တွေမှာ COVID-19 သံသယလူနာ ဓာတ်ခွဲနမူနာယူနိုင်ဖို့ အကြံပြုမှုများရှိနေ

Fever Clinic တွေမှာ COVID-19 သံသယလူနာ ဓာတ်ခွဲနမူနာယူနိုင်ဖို့ အကြံပြုမှုများရှိနေ

အင်းစိန်က ဖျားနာကုသမှုဆေးခန်း(Fever Clinic) မှာ ဒီအစီအစဉ်ကို စတင် အကောင်အထည်ဖော်နေပြီး အခြား Fever Clinic တွေမှာလည်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူနိုင်ရေး သင်တန်းပို့ချသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

 

 ကိုဗစ် လက္ခဏာ ခံစားရလို့ ရောက်ရှိလာသူတွေထဲက ရောဂါအခံ မရှိသူတွေ၊ ရောဂါ မပြင်းထန်သူတွေကို Fever Clinic တွေမှာပဲ တို့ဖတ်နမူနာတွေယူပြီး သူတို့ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေနဲ့ ခံဝန်ကတိယူကာ အိမ်မှာပဲ သီးသန့်နေစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ခွဲအဖြေမှာ ရောဂါပိုးရှိတယ်လို့ သိရရင် သူ့ကို ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တင်ပြထားတယ်လို့လည်း ပါမောက္ခဒေါက်တာမာမာကြည်က ပြောပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly