စက်တင်ဘာ ၁၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်း ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ဆွေးနွေးတိုင်ပြီး ပြီးနောက် ပထမအဆင် COVID-19 လူနာ အယောက် ၂၀၀ အတွက် ထားရှိနိုင်ဖို့ နှင့် ဒုတိယအဆင့်အနေဖြင့် လူအယောက် ၄၀၀ အထိ တိုးချဲ့ထား နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ
အဆိုပါ ယာယီ Quarantine Center အတွင် ထားရှိမည် လူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ကုသရေးကိစ္စအ၀၀ ကို ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာနာ က ဆောင်ရွက်သွားမှာဖြစ်ပြီး တည်ဆောက်ရေးနှင့် နေ့စဉ်အစားအသောက်ကုန်ကျစရိတ် ကို ဧရာဝတီဖောင်ဒေးရှင်းက ကျခံသွားမည် ဟုသိရသည်။
တာဝန်ယူကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ရန်ကုန်ဘောလုံးအကယ်ဒမီအဆောက်အအုံမှာ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။