တရုတ်နှင့်တင်းမာမှုများမြင့်တက်နေချိန် လေကြောင်းရန်ကာကွယ်ရေးအခြေစိုက်စခန်းသို့ ထိုင်ဝမ် သမ္မတသွားရောက်

တရုတ်နှင့်တင်းမာမှုများမြင့်တက်နေချိန် လေကြောင်းရန်ကာကွယ်ရေးအခြေစိုက်စခန်းသို့ ထိုင်ဝမ် သမ္မတသွားရောက်

စက်တင်ဘာ ၁၂ 

ထိုင်ဝမ်သမ္မတ ထိုင်း ယင်း-ဝမ် သည်လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်အခြေစိုက်စခန်းသို့ စက်တင်ဘာလ ၁၁ ရက်(သောကြာနေ့)တွင် သွားရောက်ခဲ့သည်။ထိုသို့သွားရောက်ရာတွင်သမ္မတမှ တရုတ် နှင့်တင်းမာမှုများဆက်လက်မြင့်တက်နေချိန်တွင်တပ်ဖွဲ့ဝင်များအနေဖြင့်ထိုင်ဝမ်၏အချုပ်အခြာအာဏာနှင့်ဒီမိုကရေစီကိုရဲဝံ့စွာကာကွယ်ကြရန်တိုက်တွန်းပြောကြားခဲ့သည်။ 

တရုတ်ပိုင်နယ်မြေဖြစ်သည်ဟုသတ်မှတ်ထားသော ထိုင်ဝမ်၏အနောက်တောင်ဘက်ရေပိုင်နက်နှင့်လေ ပိုင်နက်တို့တွင်တရုတ်တပ်မတော်သည်နှစ်ရက်ကြာအောင်အင်အားကြီးမားစွာဖြင့်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ထိုသို့ပြုလုပ်ခဲ့မှုမှာရန်စမှုဖြစ်သည်ဟုဆိုကာထိုင်ဝမ်ဘက်မှလူသိရှင်ကြားပြစ်တင်ရှတ်ချခဲ့သည်။ယခုနှစ်အတွင်းတရုတ်သည် ထိုင်ဝမ်နိုင်ငံအနီးတွင်စစ်ရေးလှုပ်ရှားမှုများကိုအရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ခဲ့သည်။ 

ထိုင်း သည်ထိုင်ဝမ်တပ်ဖွဲ့ဝင်တို့၏စစ်ရေးလေ့ကျင့်မှုကိုကြည့်ရှုပြီး ၎င်းတို့၏ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။၎င်းသည် တရုတ်နိုင်ငံကိုရင်ဆိုင်ပေးမည်ဟူသောကတိဖြင့် ဇန်နဝါရီလကပြုလုပ်ခဲ့သောရွေးကောက်ပွဲတွင်မဲအပြတ်အသတ်ဖြင့်အနိုင်ရကာပြန်လည်အရွေးခံခဲ့ရသူ ဖြစ်သည်။ 

လက်ရှိအချိန်တွင်တရုတ်တို့၏လေယာဉ်များသည်ထိုင်ဝမ်ကိုအမြဲနှောင့်ယှက်လျက်ရှိပြီးစစ်ရေးလေ့ကျင့်မှုများကိုလည်းအကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြောင်း၊ လူတိုင်းသည်၎င်းတို့စစ်ရေးလေ့ကျင့်နေသည့်ရည် ရွယ်ချက်ရှင်းလင်းစွာသိထားကြမည်ဟုယုံကြည်ကြောင်း၊ ၎င်းတို့တွင်သာလုံးဝတာဝန်ရှိသည်ကိုသိထား ကြပြီးဖြစ်ကြောင်း၊တပ်ဖွဲ့ဝင်တို့၏ကြိုးပမ်းဆောင်ရွက်မှုကြောင့်ထိုင်ဝမ်၏လေပိုင်နက်နှင့်နိုင်ငံသားတို့ အန္တရာယ်ကင်းနေပြီဖြစ်ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာကိုတစ်လက်မမျှ မစွန့်လွှတ်ကြရန်နှင့် ဒီမိုကရေစီနှင့်လွတ်လပ်မှုကိုခိုင်မာစွာကာကွယ်ကြရန်အားလုံးကိုပြောကြားအားပေးလိုကြောင်း၊ နိုင်ငံ ကိုကာကွယ်ရန်မှာမိမိတို့၏ခိုင်မာသောသံန္နိဋ္ဌာန်ပင်ဖြစ်ကြောင်းဖြင့် သမ္မတမှပြောကြားခဲ့ပါသည်။ 

တရုတ်သည်ထိုင်ဝမ်ပြည်မကြီးနှင့်ပရာတက်ကျွန်းများအကြား တောင်တရုတ်ပင်လယ်ပြင်တွင်စစ်ရေး လေ့ကျင့်မှုများကိုပြုလုပ်ခဲ့ပြီး၎င်းတို့၏စစ်ရေးလေ့ကျင့်မှုအပေါ် ထိုင်ဝမ်၏ကန့်ကွက်မှုနှင့်ပတ်သက်၍ မည်သို့မျှတုန့်ပြန်ခြင်းမရှိပေ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly