နိုဝင်ဘာ ၁၂ရက်၊ နေ့လည် ၁၂နာရီအချိန်ထိ UECထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၂၉၁ဦး အနိုင်ရရှိထားသည်။
အစိုးရဖွဲ့နိုင်ရန် လွှတ်တော် ၂ရပ်ပေါင်း အမတ်လောင်း ၃၂၉ဦး အနိုင်ရရန်လိုအပ်ပြီး လက်ရှိတွင် NLDပါတီက ၂၉၁ဦး အနိုင်ရထားသည့်အတွက် ထပ်မံအနိုင်ရရန် ၃၈ ဦးသာ လိုအပ်တော့သည့် သဘောဖြစ်သည်။
အနိုင်ရအမတ်လောင်းစာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၅ဒဿ မ ၁ရာခိုင်နှုန်း ကြေငြာပြီးဖြစ်သည်ဟု UECအဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၁၊ ညနေ ၄နာရီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။