တရုတ်ပိုင် Tik Tok ပေါ်က အမုန်းစကားများ

တရုတ်ပိုင် Tik Tok ပေါ်က အမုန်းစကားများ
ယခုဓာတ်ပုံသည် Tik Tok ပေါ်တွင် အမုန်းစကား ပါသည့်ဗွီဒီယိုဖိုင်တစ်ခု ဓာတ်ပုံရိုက်ယူထားခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၁

မြန်မာနိုင်ငံမှာ လူမှုကွန်ယက်သုံးစွဲမှုမှတ်တမ်းအရ Facebook ပြီးရင် Tik Tok ဆိုတဲ့ တရုတ်ပိုင် လူမှုကွန်ယက်က ဒုတိယနေရာမှာ ရှိနေပါတယ်။ Tik Tok ယဉ်ကျေးမှုဟာမြန်မာနိုင်ငံကို 2019ခုနှစ်လောက်ကနေစတင်ဝင်ရောက်လာတာဟာ အခုဆိုရင်တော့ Tik Tok ဟာ မြန်မာပြည်ရဲ့လူမှုကွန်ယက်သုံးဆွဲမှုမှာအတော်လေးနေရာယူထားခဲ့ပြီဖြစ်ပါတယ်။

Facebook နဲ့နှိုင်းယှဉ်ရမယ်ဆိုရင် Facebook ကိုလူတွေလက်ခံအသုံးပြုလာမှုထက် Tik Tok ကိုလက်ခံသုံးစွဲလာမှုက အချိန်တိုအတွင်း ပိုမိုမြန်ဆန်နေပါတယ်။ လက်ရှိ Tik Tok မှာတော့ လူမျိုးရေး အမုန်းစကားတွေ ပါတီနိုင်‌ငံရေးအမုန်းစကားတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမုန်းစကားတွေဟာ နေ့စဉ်မြင့်တက်နေတာကို တွေ့မြင်နေရပါတယ်။

"Tik Tok ကို နယ်က လူမှုကွန်ယက်အကြောင်းကောင်းကောင်းမသိတဲ့သူတွေက သုံးတာများတယ် အဲ့ဒါကိုအမုန်းစကားဝါဒဖြန့်တဲ့သူတွေက Tik Tok ကို Platform တစ်ခုအနေနဲ့သုံးလာကြတယ်။ Tik Tok က တကယ်တော့ entertain ဖြစ်တယ် အခုလိုအမုန်းစကားတွေဝါဒဖြန့်နေတာကို Tik Tok အနေနဲ့ sensor လုပ်သင့်တယ် အဲ့လိုအမုန်းစကားတွေကိုမပယ်ဖျက်ဘူးဆိုရင် တစ်ချိန်က Facebook လူမှုကွန်ယက်ပေါ်မှာ အမုန်းစကားတွေရေးသားမှုကြောင့် ပြသနာတွေဖြစ်သလိုဖြစ်လာမှာကိုတော့စိုးရိမ်ရတယ်" လို့ Tik Tokker တစ်ဦးဖြစ်တဲ့ ကိုသူရမောင်ကပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပါတ်သက်ပြီး လူမျိုးစုနှစ်ခုခြားအမုန်းစကားတွေနဲ့ အပြန်အလှန်ဆဲဆိုခွင့်ကိုလဲ Tik Tokက ခွင့်ပြုထားပါတယ်။ ရခိုင်ဗိုလ်ချူပ်ကို ဗမာတွေကဆဲဆိုပုံ ရခိုင်လူမျိုးတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်းဆန်းကိုဆဲဆိုပုံ တွေနဲ့ tik tok မှာ အပြန် အမုန်းစကားတွေပြောဆိုနေကြတာပါ။

ယခုဓာတ်ပုံသည် Tik Tok ပေါ်တွင် အမုန်းစကား ပါသည့်ဗွီဒီယိုဖိုင်တစ်ခု ဓာတ်ပုံရိုက်ယူထားခြင်း ဖြစ်သည်။

ဒါ့အပြင် ရွေးကောက်ပွဲအတွက် NLD နဲ့ USDP ရဲ့ အားပေးထောက်ခံသူတွေကြားအပြန်အလှန်ဆဲဆိုကြတွေလဲရှိနေပါတယ်။ Tik Tok ကအဲ့ဒီအမုန်းစကားတွေကိုမပယ်ဖျက်ပါဘူး။

 Tik Tokမှာ မြန်မာဘာသာစကားအပါဝင်နိုင်ငံပေါင်း၇၅နိုင်ငံရဲ့ ဘာသာစကားတွေကိုပါအသုံးပြုနိုင်တဲ့လူမှုကွန်ယက်တစ်ခုပါ။မြန်မာပြည်က Tik Tok သုံးစွဲသူအများစုဟာ အခြေခံလူတန်းစားတွေဖြစ်ပြီး တပ်မတော်သားတွေ ရဲဝန်ထမ်းတွေ သံဃာတော်တွေ ပါTik Tok ကိုသုံးစွဲနေကြတာကိုတွေ့မြင်ရပါတယ်။ အဲ့ဒီလိုအမုန်းစကားတွေကို တရုတ်ပိုင် Tik Tok က ခွင့်ပြုထားတာနဲ့ပါတ်သက်ပြီး အသံအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ ကဗျာဆရာမောင်ဆောင်းခက အခုလိုပြောပါတယ်။

"Social Media Platform တစ်ခုက လူတွေကြားထဲမှာ ပျံ့နှံ့တွင်ကျယ်သွားပြီဆိုတာနဲ့ အမုန်းစကားဖြန့်ဝေသူတွေ မျက်စိကျလာတတ်တာ မဆန်းတော့ပါဘူး။ Facebookမှာ အမုန်းစကားတွေဖြန့်ဖို့ နောက်ပိုင်းမှာ နည်းနည်းခက်လာတော့ Tik Tok ပေါ်ကနေ ဖြန့်ဖို့ကြိုးစားလာကြတယ်လို့မြင်ပါတယ်"။

Tik Tok ဟာ ဆိုက်ဘာလုံခြုံရေးအရ လုံခြုံမှုမရှိဘူးဆိုတဲ့ အမြင်တွေလဲရှိကြပါတယ်။

အလွတ်တန်းနိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်တဲ့ Cape Diamond ကတော့ " Tik Tokက entertainment အရတော့ကောင်းပါတယ် လုံခြုံရေးအရမကောင်းတဲ့အတွက် ကျနော်တော့မသုံးဖြစ်ဘူးလို့ဆိုပါတယ်"။

Tik Tokဟာ တရုတ်ပိုင် လူမှုကွန်ယက်တစ်ခုဖြစ်ပေမဲ့ အကောင့်အသစ်ဖွင့်ရာမှာတော့ အမေရိကန်ပိုင် appတွေဖြစ်တဲ့ Twitter , Facebook , Gmail တို့နဲ့ချိတ်ဆက်ပြီးအလွယ်တကူဖွင့်လို့ရနေပါတယ်။

Tik Tok ရဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ပါတ်သက်ပြီး IT နည်းပညာရှင်တစ်ဦးကအခုလိုသုံးသပ်ပြပါတယ်။

"Tik Tok က personalအချက်လက်တွေကို တရုတ်သမ္မတကို ပို့တယ်လို့စွပ်စွဲခံရတာမဆန်းဘူး ပြီးတော့ ပို့လည်းပို့နိုင်တယ် ဘာလို့ဆို huawei 5 G သုံးတဲ့ နိုင်ငံအကုန်လုံး china gov က spy ထားတာ။Us ကတော့ ban လိုက်ပေမဲ့ တကယ်လည်းပို့မှာ ဘာလို့ဆို တရုပ်က spy, copy right  claim နဲ့နာမည်ကြီးတာကိုး Tiktok ကိုမကောင်းဖူးလို့ပြောမရဘူး ဘာလို့ဆို သူက FB လို personal details မတောင်းဘူးလေ ကိုယ်ပြခြင်လို့တင်ထားတဲ့ဟာဘဲသူ့မှာရှိတာ"။

Tik Tok ကို အမေရိကန်နိုင်ငံအပါဝင်နိုင်ငံအတော်များများမှာ လုံခြုံရေးအရ သုံးဆွဲခွင့်ပိတ်ထားပါတယ်။ Tik Tok သုံးစွဲသူအများစုဟာ အသက်16နှစ်ကနေ 24အထိ လူငယ်အရွယ်တွေပဲဖြစ်ပါတယ်။

Tik Tok ကို အဆိုပါအမုန်းစကားဖြန်ဝေမှုတွေနဲ့ပါတ်သက်ပြီး Tik Tok ရဲ့မူဝဒနဲ့ အမုန်းစကားဖြန့်ဝေမှုတွေကိုသိရှိပါသလားလို့ email နဲ့ဆက်သွယ်မေးမြန်းခဲ့ပေးမယ် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

Userနိုင်ငံတွေအနေနဲ့တော့ indiaနိုင်ငံက အများဆုံးအသုံးပြုနေပြီး Chinaက ဒုတိယအများဆုံးနဲ့ USAကတော့တတိယအများဆုံးအသုံးပြုနေပါတယ်။

Android ဖုန်းကနေ Tik Tok appကို downloadဆွဲနှုန်းက 2 billion ရှိပြီး IOSမှာတော့ အခြားapp fbလိုဟာမျိုးတွေထက် ပိုပြီး Tik Tokကိုdownloadဆွဲထားကြပါတယ် 33million လောက်ရှိပါတယ် Tik Tok User တွေဟာ အနည်းဆုံးတစ်နေ့ကို 52မိနစ်လောက်Tik Tokကိုအသုံးပြုနေကြပါတယ်လို့ စစ်တမ်း‌တွေအရသိရပါတယ်။ Tik tok appကို နိုင်ငံပေါင်း155နိုင်ငံမှာသုံးစွဲလို့ရပြီး appကို downloadဆွဲထားသူ 90ရာခိုင်နှုန်းလောက်ကသုံးစွဲကြပါတယ်။ လူဦးရေ 1billionsကျော်လောက်က နေ့စဉ် TikTokရဲ့videoတွေကိုကြည့်ရှုနေကြပါတယ်။  ကမ္ဘာတစ်ဝှမ်းက လူဦးရေ သန်း၈၀၀ လောက်က Tik Tok appကိုသုံးစွဲနေကြတယ်။

မြန်မာပြည်မှာ အမုန်းစကားတွေကို လူမှုကွန်ယက်ကနေ ဖယ်ရှားဖို့ Facebook တစ်ခုထဲနဲ့တင် အဆင်မပြေနိုင်ပါဘူး။ Tik Tok ပေါ်က အမုန်းစကားတွေကိုပါဖယ်ရှားဖို့လိုအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly