ပြည်သူ့ရှေ့ဆောင်ပါတီက Tiktok ပြိုင်ပွဲများပြုလုပ်ပြီး မဲဆွယ်မည်

ပြည်သူ့ရှေ့ဆောင်ပါတီက Tiktok ပြိုင်ပွဲများပြုလုပ်ပြီး မဲဆွယ်မည်
ဓာတ်ပုံ - သက်ကို /မဇ္ဈိမ

စက်တင်ဘာလ ၁၁ရက်

၂၀၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ မဲဆွယ်ကာလ အတွင်းမှာ Tiktok ပြိုင်ပွဲတွေနဲ့ လူငယ်တွေစိတ်ဝင်စားလာအောင် ပြုလုပ်ပြီး မဲဆွဲစည်းရုံးသွားမယ်လို့ ပြည်သူ့ ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်ဇေယျက မဇ္ဈိမသတင်းဌာန ကိုပြောပါတယ်။  

ဓာတ်ပုံ - သက်ကို /မဇ္ဈိမ

“အခုအစီစဉ်တွေဆွဲထားပါတယ်။ အွန်လိုင်းမီဒီယာကပါ။မနေ့ကပဲ Facebook(လူမှုကွန်ရက်စာမျက်နှာ) က Boots လုပ်လို့မရဘူး။ ပိုက်ဆံအကုန်ကျခံပါမယ်ဆိုတာတောင် ဟိုကလက်မခံတော့ဘူး။ အွန်လိုင်းကနေတတ် နိုင်သလောက် ဂိမ်းပြိုင်ပွဲလေးတွေ၊ အခုခေတ်စားနေတဲ့ Tiktok ၊ ပါတီရဲ့မူဝါဒလေးတွေကိုထည့်သွင်းပြီးတော့ ပြိုင်ပွဲလေးတွေပါ။ လူငယ်လေးတွေစိတ်ဝင်စားအောင် ပြိုင်ပွဲဖိတ်ခေါ်ပါမယ်။ PPP ရဲ့မူဝါဒ သူတို့ကိုလည်းထိုက် ထိုက်တန်တန်ဆုလေးတွေပေးပြီးတော့ အွန်လိုင်းမီဒီယာကို အားကိုးပြီးတော့ မဲဆွယ်စည်းရုံးဖို့ပြင်ဆင်နေ ပါတယ် “ လို့ ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇေယျ က ပြောပါတယ်။  

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၇ရက်နေ့က ထုတ်ပြန်ကြေညာချက်မှာတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ Stay at Home (နေအိမ်မှာနေထိုင်ရေး) သတ်မှတ်ထားတဲ့ ပြည်နယ်၊တိုင်းဒေသကြီး ၊ မြို့နယ်နဲ့ကျေးရွာတွေကို မဲဆွယ်စည်းရုံးခြင်း ၊ အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးခြင်းတွေမပြုလုပ်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။  

ဓာတ်ပုံ - သက်ကို /မဇ္ဈိမ

လက်ရှိ COVID-19 ရောဂါတွေ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားတာတွေအပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ နိုင်ငံရေးပါတီငယ်တွေအနေနဲ့ ယှဉ်ပြိုင်စည်းရာရုံးမှာ အခက်အခဲ ဖြစ်နေတယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။

 “အာဏာရလက်ရှိပါတီ ကို အတိုက်ခံပါတီငယ်လေးတွေက ယှဉ်ပြိုင်ဖို့ရာ စည်းရုံးရေးမှာတော်တော်အခက်ခဲဖြစ် သွားပါတယ်။ ဒီ COVID-19 ကာလမှာ အဲလောက်ပဲပြောချင်ပါတယ် “ လို့ ဦးကျော်ဇေယျက ပြောပါတယ်။  

ရန်ကုန်တိုင်းဒေသသကြီးအတွင်းက မြို့နယ် ၄၅ မြို့နယ်အနက် ၂၈ မြို့နယ်ဟာ Stay at Home (နေအိမ်မှာ နေထိုင်ရေး) အစီစဉ်မှာ အကျုံးဝင်ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ဓာတ်ပုံ - သက်ကို /မဇ္ဈိမ

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်အရ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့အတွင်းရှိမြို့နယ် ၂၁ မြို့နယ် ကို Stay at Home (နေအိမ်တွင်နေထိုင်ရေး) အစီစဉ်မှာ အကျုံးဝင်ကြောင်း ကြေညာခဲ့တာကြောင့် မူလက ကြေညာ ထားတဲ့ ခုနှစ်မြို့နယ်အပါအဝင်  Stay at Home အစီစဉ်မှာ ပါဝင်တဲ့ မြို့နယ် ၂၈ မြို့နယ်ရှိပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly