အငြင်းပွားနယ်စပ်ရှိတပ်ဖွဲ့များ အမြန်ဆုံးဆုတ်ခွာရန် တရုတ်နှင့်အိန္ဒိယ သဘောတူ

အငြင်းပွားနယ်စပ်ရှိတပ်ဖွဲ့များ အမြန်ဆုံးဆုတ်ခွာရန် တရုတ်နှင့်အိန္ဒိယ သဘောတူ

စက်တင်ဘာလ ၁၁ 

အငြင်းပွားနယ်စပ်‌ဒေသရှိတရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များအမြန်ဆုံး ဆုတ်ခွာစေရန် နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးများကသဘောတူညီခဲ့ကြောင်းစက်တင်ဘာ ၁၁ ရက်(သောကြာနေ့)တွင်ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင်ဖော်ပြထားသည်။ 

လပေါင်းများစွာကြာအောင်ပဋိပက္ခဖြစ်ပွားနေသည့်နယ်စပ်ပြဿနာကိုအဆုံးသတ်ရန်အတွက်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများဖြစ်သည့် အက်စ်ဂျန်ရှန်ကာ နှင့် ဝမ်ရိ တို့ သည် ကြာသပတေးနေ့က မော်စကို တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

လက်ရှိနယ်စပ်အခြေအနေသည်နှစ်နိုင်ငံလုံးအတွက်အကျိုးမဖြစ်ထွန်း စေသည်ကိုနှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများကသဘောတူခဲ့ ကြောင်း၊ ထို့ကြောင့်နှစ်နိုင်ငံလုံးမှနယ်စပ်တပ်ဖွဲ့ဝင်များသည်ဆွေးနွေးမှုများ ကို ဆက်လက်လုပ်ဆောင်သင့်ပြီး အမြန်ဆုံးဆုတ်ခွာသင့်ကြောင်း၊ သင့်တော်သည့်အကွာအဝေးတွင် နေရာယူပြီးတင်းမာမှုကို လျော့ပါးအောင်ပြုလုပ်သင့်ကြောင်းဖြင့်ကြေညာချက်တွင်ဖော်ပြပါရှိ သည်။ 

သောကြာနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်တွင်ပါရှိသည့်အတိုင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ အတွက်သံတမန်ရေးနှင့်စစ်ရေးကဏ္ဍများတွင်အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်။ 

သေနတ်ပစ်ခတ်ခြင်းကဲ့သို့သောရန်စမှုများကိုချက်ချင်းရပ်တန့်ရန်နှင့် သဘောတူညီချက်များကို ချိုးဖောက်ခြင်းကဲ့သို့သောအန္တရာယ်ရှိသည့်အပြုအမူများကိုမပြုလုပ်ရန်အရေးကြီးသည်ဟု ဝမ် က ဂျန်ရှန်ကာ ကိုပြောကြားခဲ့သည်။ 

နယ်စပ်တင်းမာမှုကိုလျှော့ချနိုင်ရန်အတွက်နှစ်ဘက်လုံးမှအပြစ်ကျူးလွန်သူများကိုအမြန်ဆုံးပြောင်းရွှေ့ပေးရန် ဝမ် မှပြောကြားခဲ့သည်။ 

 ဇွန်လအတွင်းကတရုတ်ပိုင်နက်တိဗက်နှင့်အိန္ဒိယပိုင်နက်လာဒတ်တ် အကြားရှိဂယ်ဝမ် တောင်ကြား တွင်နှစ်ဖက်တပ်သားများပစ်ခတ်မှုကြောင့်အနည်းဆုံးအိန္ဒိယစစ်သား ၂၀ ဦးတို့သေဆုံးခဲ့သည်။ 

ယခုရက်သတ္တပတ်အစောပိုင်းကနယ်စပ်ဒေသတွင်လေထဲသို့သေနတ်ပစ်ဖောက်မှုဖြစ်ပွားခဲ့ရာ တစ်ဖက် ကိုတစ်ဖက်စွပ်စွဲခဲ့ကြသည်။ 

ပဋိပက္ခဖြစ်ပွားနေသောနေရာတွင်ပစ်ခတ်မှုမပြုလုပ်ရန်စည်းကမ်းသတ်မှတ်ထားသော်လည်းမလိုက်နာ ကြသဖြင့်နှစ်ဖက်စလုံးကစောင့်ကြည့်လျက်ရှိသော်လည်းဒဏ်ရာရသေဆုံးမှုများကိုကာကွယ်နိုင်ခြင်းမရှိပေ။ 

တရုတ်တပ်ဖွဲ့ဝင်များသည်အိန္ဒိယတပ်ဖွဲ့ဝင်များရှိရာထိန်းချုပ်စည်း(Line of Actual Control-LAC) (သို့မဟုတ်) လာဒတ်တ်ဒေသအနီးသို့တိုးကပ်လာရန်ကြိုးပမ်းခဲ့ကြောင်း၊ အိန္ဒိယတပ်ဖွဲ့ကတားဆီး ချိန်တွင်တရုတ်တပ်ဖွဲ့ဘက်ကခြိမ်းခြောက်သည့်အနေဖြင့်လေထဲသို့သေနတ်ပစ်ဖောက်ခဲ့ကြောင်း၊ အိန္ဒိယတပ်မတော်အနေဖြင့်သေနတ်ဖြင့်ပစ်ဖောက်ခြင်းအပါအဝင် LAC ကိုဖြတ်သန်းခြင်း (သို့မဟုတ်) ရန်လိုသောမည်သည့်အပြုအမူကို မှပြုလုပ်ခဲ့ခြင်းမရှိကြောင်းဖြင့်အိန္ဒိယတပ်မတော်မှ အင်္ဂါနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

သို့ရာတွင်တရုတ်ဘက်မှမူအိန္ဒိယတို့သည်စည်းကမ်းချက်ကိုချိုးဖောက်ကာ ပန်အွန် တာဆို ရေကန် တောင်ဘက်ခြမ်းမှတစ်ဆင့်နယ်စပ်ကို ဖြတ်ကျော်ရန်ကြိုးပမ်းခဲ့သည်ဟုပြောကြားခဲ့သည်။ 

အိန္ဒိယတပ်ဖွဲ့ဝင်တို့သည်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်လာသည့်တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း၊ တရုတ်တပ်ဖွဲ့ဝင်များမှအခြေအနေကိုတည်ငြိမ်စေရန်ထိန်းသိမ်းသည့် အနေဖြင့်ပြန်လည်ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟု တရုတ်တပ်မတော် အနောက်ပိုင်းစစ်ဒေသမှုး ကျန်းရှုလီ  ကပြောကြားခဲ့သည်။ 

အိန္ဒိယတပ်ဖွဲ့ဝင်များသည်LAC ကိုတရားမဝင်ဖြတ်ကျော်လာပြီးသေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြော ကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly